မသိဘူး ဆော့မယ်

FB_IMG_1527335451652.jpg

တနေ့ တနေ့ ရှင်သန် နေထိုင် ဖြတ်သန်းရင်း အချိန်တွေ ကုန်လွန်ခဲ့၏။ တခါတလေတော့လည်း ပျင်းသားရယ်။ နေ့စဉ် ဒီအတိုင်းကြီးပဲ ဖြတ်သန်း ဖြစ်နေတာကိုး။ ပြောင်းလဲနေတဲ့ အချိန်ကာလ သဘာဝ တရားကြီး အောက်မှာ မပြောင်းမလဲ ဖြတ်သန်း ဖြစ်နေခဲ့မိတာ ကြာလာခဲ့ပြီပဲကိုး။ လူရယ်လို့ ဖြစ်လာပြီးမှတော့ လူ့ သဘော လူ့ သဘာဝ အတိုင်း ပဲပေါ့။ တနေ့ တနေ့ ဘယ်လို ကုန်ဆုံး သွားမှန်းကို မသိပေ။ ဘယ်သိမလဲ အားတိုင်း ဂိမ်းပဲ ဆော့နေတာကိုး။

ဘာရယ် ညာရယ် မဟုတ်ပါဘူး။ စကားကြီး စကားကျယ်တွေ လျှောက်ပြောနေတာ။ နောက်ဆုံးတော့ ဂိမ်းအကြောင်းပဲ ပြောမှာလေ။ ခဏနေ ဂိမ်းအကြောင်း ကြည့်ကြည့်ပဲ ရေးနေတယ်ဟု မပြောအောင် အစပိုင်းလေး အစဖုံးထားလိုက်တာပါ။ ML ကို ဆော့လာခဲ့တာ တလ ကျော်လောက်တောင် ရှိလာခဲ့ပြီ ဖြစ်၏။ ပြန်ပြီး တွေးကြည့်လျှင် အတော်လေးကို ရယ်ရ၏။ အစ ကနဦးက အနှီ ဂိမ်းကို ဆော့မည်ဟု မတွေးထား ခဲ့ပေ။ မတွေးထားခဲ့လို့သာပေါ့။ တွေးများ တွေးထားခဲ့ဖူးလျှင် ဘယ်လောက်ထိတောင် ဆော့ဖြစ်မည် မသိပေ။

ယခုတောင် တော်တော်လေးကို ဆော့ကစား ဖြစ်နေပြီ ဖြစ်၏။ အားလပ်ချိန် တော်တော်များများ ထိုဂိမ်းနှင့်သာ အချိန်ကုန်နေတော့၏။ ညညလည်း (၁) နာရီကျော်၊ (၂) ကျော် သွားသည်အထိပင်။ အမေတောင် ဆူယူ၊ ပြောယူရသည့်အထိပင်။ အမေ ပြောလျှင် ထိုဂိမ်းကို မြန်မြန် ဖြတ်ပြီး အိပ်မှ ရ၏။ ကိုယ်က ရေရှည် ဆော့မှာ မလား။ ပြောစကားကို လုံးဝ မဟုတ်တောင် အထိုက်အလျောက်တော့ နားထောင်ဖို့ လိုသည် မဟုတ်လား။ steemit ပြီးလျှင် ML ကိုလည်း ကျနော် စွဲလမ်း နေပြီ ဖြစ်၏။ နှစ်သက် ခုံမင်စွာနှင့် ဆော့ကစားမိနေတော့၏။

S90807-152944.jpg

ဂိမ်းမဆော့ ဖြစ်သည့် အချိန်များထိတောင် ဂိမ်း အကြောင်းပဲ တွေးနေမိ၏။ မည်သို့ တိုက်မည်၊ မည်သို့ အကွက်ဆင်မည်၊ မည်သို့ ကစားမည်ကိုပေါ့။ ဘယ် hero ကို ကိုင်ပြီး လေ့ကျင့်မည်၊ ဘယ် hero ကို ထပ်ဝယ်မည် စသည်ဖြင့် တွေးတောနေရတာ အမော။ မပျင်းမရိနှင့်ကို တွေးနေမိ၏။ ရပ်လို့ကို မရပေ။ တခါတလေဆို ညအိပ်ခါနီး အိပ်ရာဝင်ချိန်ထိကို ဂိမ်းအကြောင်း တွေးနေမိလေ့ ရှိ၏။ ရေရှည် ဒီအတိုင်းကြီး ဖြစ်နေမယ် ဆိုလျှင်တော့ မကောင်းပေ။

ဟိုး ယခင် တုန်းက ဂိမ်းဆော့ပြီး ဂိမ်းအဆော့လွန် သဖြင့် ဘာဖြစ်သွားတယ်၊ ညာဖြစ်ကုန်တယ် တွေ ဖတ်ရလျှင် အပိုတွေဟု ထင်ခဲ့မိဖူး၏။ ကိုယ်တိုင် ကြုံမှပဲ ဖြစ်နိုင်သည်ဆိုပြီး လက်ခံ မိတော့၏။ ဂိမ်းကြောင့် ပျော်ရွှင်ရသည် ဆိုပေမယ့် မလွန်အောင်တော့ ထိန်းရပေလိမ့်မည်။ တန်ဆေး လွန်ဘေး မဟုတ်လား။ ခုတော့ ဂိမ်းဆက်ဆော့ လိုက်ပါဦးမည်။ hero အသစ်ကိုက မကျွမ်းသေးဘူး မလား။

Don Jaun

MSC 31

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center