ထူးဆန်းသောဆေး (2)

ထိုကလေးမှာ တောထဲတွင် ဆက်လက်သွားရောက်ရင်း တစ်ဖြည်းဖြည်း ထူးဆန်းသော နေရာသို့ ရောက်လာခဲ့သည် ။ ညအမှောင်တွင် စိမ်းလဲ့လဲ့ အလင်းရောင်နှင့်နွယ်ပင်များ စိမ်းဖန့်ဖန့် မှိုပင်များနှင့် ထိုနေရာထဲတွင် လင်းနေပြီး တစ်မျိုးလေးဖြစ်နေကာ သီးသန့် ကမ္ဘာလေးတစ်ခုသဖွယ် ဖြစ်နေလေသည် ။ ထို့နောက်တွင် သူ့စိတ်ထဲတွင် ရောဂါအစုံအား ပျောက်ကင်းစေနိုင်မည်ဟု အထင်ရောက်သည့် အပင်မှ အကိုင်းတစ်ခုအား ဆွဲချိုးလိုက်ရာတွင် နာကျင်စွာ အော်ဟစ်လိုက်သော လူအော်သံကြီး တစ်ခုကို ကြားလိုက်ရလေသည် ။ ထိုအော်သံကြောင့် သူလန့်သွားပြီး သေချာကြည့်ကြည့်ရာတွင် သူမြင်ရသည်မှာ လူပုံစံ သစ်ပင်များ အများအပြား တွေ့မြင်ရလေသည် ။


magic foresttt.jpg
Image source

ထို့နောက် ထိုလူပုံစံသစ်ပင်များမှာ စကားပါ ပြောတတ်လေသည် ။ ထို အပင်များထဲမှ အသက်ကြီးကြီး ယောက်ျား အပင်တစ်ခုမှ “ ဟေ့ ငါတို့က မင်းလိုချင်တဲ့ ရောဂါ ပျောက်ကင်းစေနိုင်တဲ့ အပင်တွေဘဲ ဟုတ်တယ် ဒါပေမဲ့ ငါတို့လဲ အသက်နဲ့ဘဲကွာ မင်းအကိုင်းကို ချိုးလိုက်ရင် ငါတို့ သေသွားလိမ့်မယ် တို့က သိပ်ခံနိုင်ရည် မရှိကြဘူး ဒီတိုင်း နှစ်ထောင်ချီနေနိုင်ပေမဲ့ တစ်နေရာရာ ပျက်စီးရင် သေသွားတတ်တယ် ပြီးတော့ အဲ့တာတွေကြောင့် တို့နေတဲ့နေရာကိုလည်း တော်ရုံ လူတွေ မရောက်နိုင်ပါဘူး ” “ မင်းကိုတော့ ငါတို့ဘာမှ မလုပ်နိုင်ဘူး ဒါပေမဲ့ မင်းအကိုင်းချိုးယူသွားတဲ့အပင်က သေဆုံးသွားလိမ့်မယ် ” သစ်ပင်ကြီးရဲ့စကားကို နားထောင်ပြီး ထိုကောင်လေးမှာ သူဆေးယူရင် အပင်တွေ သေဆုံးသွားမှာ စိုးရိမ်လို့ အပင်ဆီကနေ ဆေးမယူသွားတော့ပါဘူး ။


magic people forest.jpg
Image source

ဒီလိုနဲ့ ကောင်လေးဟာ အိပ်ယာမှ နိုးလာပါတယ် သူ့ကိုပြောခဲ့တဲ့ သူ့ဖာသူ သေတဲ့ အပင်ရှိရင် အဲ့ဒီ အပင်ကနေ ရတဲ့ဆေးလေးကို ပေးပါမယ်ဆိုပြီး အိပ်မက်ထဲမှာ ပြောခဲ့တဲ့ သစ်ပင်ကြီး စကားကို ပြန်စဉ်းစားနေတယ် ။ ထို့နောက် ကောင်လေးရဲ့ အင်္ကျီအိတ်ထဲတွင် မာတောက်တောက်နဲ့ လက်တစ်ဆစ်ခန့် ရှိသည့် အရာလေးကို တွေ့မိလိုက်သည် ။ ထိုအရာလေးမှာ သက်ရှိလူပုံဆေးပင်တွေထဲက အစွမ်းအထက်ဆုံး အမြစ်ကလေး ဖြစ်ကြောင်းကို သိလိုက်လေသည် ။ ကောင်လေးတစ်အားပျော်သွားကာ သူ့အဖွားအား ပြုတ်တိုက်လိုက်လေသည် ။ သူ့အဖွားမှာ ကျန်းမာရေး ချက်ချင်းနီးပါးကောင်းလာပြီး တစ်ခြား ရောဂါသည်များကိုလည်း ကောင်လေးဟာ အဲ့ဒီ အမြစ်လေး ပြုတ်တိုက်ပြီး အခြားသူများ ရောဂါ ပျောက်သွားတာကို ကြည့်ပြီးပျော်နေပါသတဲ့ ။

ဒါပေမဲ့ ဒါတွေ အကုန်ဟာ အစစ်အမှန်မဟုတ်ခဲ့ပါဘူး ကောင်လေး အိပ်ရာမှ နိုးလာတာဟာ ဒီတစ်ကြိမ်မှ တစ်ကယ်နိုးလာတာပါ ။ နိုးလာတော့ ယောင်ယမ်းပြီး အိတ်ထဲ နှိုက်လိုက်ပါသေးသည် ။ သူ့အိတ်ထဲတွင်လည်း ဘာမှရှိမနေပါ ။ သူ့အဖွားမှာလည်းနေမကောင်းလာပါ ။ တစ်ဖြည်းဖြည်း တင်ပါးမှ အနာမှာ ဆိုးရွှားကာ အတွင်းထိ ပြည်များ လိုက်စားပြီး အူများ နောက် အတွင်ပိုင်းကလီစာများ အထိ စားထားပြီဖြစ်ပြီး သိပ်မကြာခင်မှာဘဲ ကောင်လေးရဲ့အဖွားဟာ အခြားဘဝတစ်ခုသို့ ထွက်ခွာသွားပါတော့တယ် ။

MSC - 9

@domelay (အတွေးမျှင်လေးများ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center