ထူးဆန်းသောဆေး

ခြောက်နှစ်သားအရွှယ် အလေးတစ်ယောက် တောထဲသို့ ရောက်နေခဲ့သည် ။ အချိန်မှာ ညအချိန်ဖြစ်ပြီး လရောင် မွဲမွဲတို့၏ အောက်တွင် အရာရာတို့သည် ရှင်းလင်းပြတ်သားမှုမရှိ ။ ထိုသို့ ပြတ်သားမှု မရှိသော်လည်း ဆက်လက်ကာ ရှေ့သို့တိုးလျှက် ဆက်သွားနေသည် ။ ထိုတောထဲသို့ ဆေးရှာရန်အတွက် နေ့လည်ခင်းကမှ သူ၏ အဖိုးဖြစ်သူနှင့် ရောက်ခဲ့လေသည် ။ ယခုအချိန်မှာတော့ သူတစ်ယောက်တည်း ရောက်နေလေသည် ။ သူသည် အဖွားဖြစ်သူ ကျန်းမာရေး အတွက် အစွမ်းထက်သော ဆေးတစ်မျိုးကို ရရှိရမည်ဟု စိတ်က သိနေသည် ။ ထိုသို့ အထင်ရောက်နေလေသည် ။ သူ၏ အဖွားဖြစ်သူမှာ ဆီးချို ရောဂါဖြင့် ဝေသနာတို့ကို အတော်ပင် ခံစားနေရသည် ။ ယခုအချိန်တွင် ထပင် မထနိုင်သော အခြေနေသို့ ရောက်နေလေပြီ ။


forrest.jpg
Image source

အဖွား ဖြစ်သူမှာ ရောဂါဖြစ်နေသော်လည်း အစားအစာ ရှောင်ရှားခြင်း မရှိပေ ။ မစားမသောက် မပျော်မရွှင် ဆယ်ရက်နေရခြင်းထက် ကောင်းကောင်းစားသောက်ပြီး ပျော်ပျော်ရွှင်ရွှင် တစ်ရက်နေရခြင်းက ပိုကောင်းသည် ဟူ၍ တားမရအောင်း စားသည် ။ တည့်သည်မတည့်သည် သေချာမကြည့် ။ ငါမစားဘဲနှင့် သေသွားလျှင် ဘယ်လိုလုပ်မလဲ ဆိုသည်မျိုး ဖြစ်သည် ။ မလုပ်နှင့်ဆိုလျှင်လည်း မလုပ်လိုက်ရဘဲ သေသွားလျှင် ဘယ်လိုလုပ်မလဲ ဟူ၍ ဖြစ်သည် ။ သေရမည်ထက် နေရတုန်းကောင်းကောင်းနေမည် ဟူ၍ဖြစ်သည် ။


health.jpg
Image source

အဖွားထံသို့ အတွေးများ ရောက်သွားပြီး ပုံပြောကောင်းသော အဖွားကို ပုံပြင်တွေလည်း ဆက်ပြီး ပြောပြစေချင်သေးသည် ။ ထို့နောက်သူ အဖွားကို အလွန်ချစ်သည် ။ မခွဲချင်သေးပါ ။ စိတ်ထဲတွင် ခံစားချက်တို့များစွာရှိနေသည် ။ သို့သော် ငယ်စဉ်ကတည်းက သူဝမ်းနည်းလျှင် သိပ်ပေါ်ပေါ်တင်တင် မဟုတ်တတ် ။ ဒီလိုနှင့် ဆက်ပြီး လျှောက်လာရင်း သစ်ပင်များ ချုံနွယ်များ များစွာထူထပ်ရာ သူမရောဖူးသော တော တစ်နေရာသို့ ရောက်လာသည် ။ ထို့ပြင် တောမှာလည်း နက်သည်ထက် နက်လာလေသည် ။ သို့သော် ထို ခြောက်နှစ်အရွှယ် ကလေးမှာ မကြောက်မရွှံ့ ရှေ့ဆက်နေဆဲ ဖြစ်သည် ။

သူ၏ အဖွားမှာ စိတ်သည်လည်း အလွန်ပြင်းသူ ဖြစ်သည် ။ အခြေနေဆိုးချိန်တွင် ခြေထောက်မှာ လမ်းလျှောက်၍ မရ ။ ပေါင်တွင် လက်နှစ်ဆစ် ကျော်ကျော်ခန့် နက်သော အပေါက်နှင့် အဝမှာလည်း အတော်ကြယ်လေသည် ။ သူလမ်းမလျှောက်နိုင်သော်လည်း လက်ဖြင့် ထောက်၍ တရွှတ်တိုက် အိမ်တွင် လိုက်ပတ်သွားနေဆဲ ဖြစ်သည် ။ အိပ်ယာထဲတွင် တစ်ချိန်လုံး မနေလိုသဖြင့် ဖြစ်ပါသည် ။ ထိုသို့သွားရောက်ခြင်းကပင် ပိုဆိုးကာ ပေါင်မှ အနာပျောက်ကာနီးတွင် တင်ပါးတွင် အနာတစ်ခု ဖြစ်လာသည် ။ ထို့နောက်ပို၍ပင် ဆိုးလာလေသည် ။

တစ်ခါတည်းနှင့် အပြီးရေးထားသော်လည်း ခွဲတင်လိုက်ပါတယ် ဆက်ရန်ပေါ့ဗျာ ။ တစ်ပုဒ်တစ်ပုဒ် တင်နိုင်ဖို့ကလည် မလွယ်နေသေးလို့ပါ ။

ဆက်ရန်ပါ ခင်ဗျာ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center