စာရေးခက်ခက် စိတ်မပျက်နဲ့

စာရေးရသည်မှာ တစ်ကယ်တော့ လွယ်ကူသည်ဟူ၍လဲ မဆိုသာပေ ။ သို့သော် steemit တွင် စာရေးရာတွင် ဂျာနယ်များ မဂ္ဂဇင်းများမှ အရွေးခံရလောက်အောင် ရေးနိုင်စရာမလိုသေးပါ ။ မိမိရေးသားလိုက်သည့် ဆိုလိုချင်သည့် အကြောင်းအရာကို ပေါ်လွင်အောင် ရေးသားနိုင်လျှင်ဘဲ အချင်းချင်း နားလည်စွာ vote နိုင်ပါသည် ။ အချို့ intro post ပင် ဖြစ်သလို ရေးပြီးတင်လာကာ နေ့ချင်းညချင်း ရသမြောက်သော စာပေများ သမိုင်းများ သုသေသနလုပ်ကာ ဆေးများအပင်များကိုလည်း ကျွမ်းကျင်စွာ လေ့လာတင်ပြနိုင်ကြသည် ။ ထိုသို့သော လူမျိုးများရှားလိမ့်မည် ထင်သော်လည်း မြန်မာပြည်တွင် ပညာရှိများ ပေါများသဖြင့် နှစ်ရက်ခန့်ဖြင့် စာရေးခြင်းအတတ်ပညာအပြင် အခြား သုသေသနများပါ လုပ်နိုင်ကြသည် ။ လေးစား အားကျဖွယ်ရာ အလွန်ကောင်းပါပေသည် ။

image

ထိုသူများနှင့် ဆန့်ကျင်ဖက် စာရေးရခက်နေသော အသစ်များလဲ ရှိကြပါလိမ့်မည် ။ အားမငယ်ပါနဲ့ လို့ပြောချင်ပါသည် ။ ဥာဏ် အလွန်မကောင်းလှကာ စာပေများနှင့် ဝေးနေသော ကျွှန်တော်စာရေးစက ဘယ်လိုများ ရေးခဲ့သလဲ နောက်ကြောင်းပြန်လှန်ကြည့်သူများအဖို့ ရယ်ဖွယ်ရာ post များကို တွေ့မြင်ရပေလိမ့်မည် ။ ယခုအချိန်နှင့် ယှဉ်ကြည့်ပါက အလွန်ကွာခြားသည်ပင် ထင်ရပါသည် ။ ယခုရေးသောစာများမှာ အဆင့်မီမီ ကောင်းနေသည်တော့ မဟုတ်ပါ ။ သို့သော် ယခင်ကလို စာတစ်ကြောင်းရဖို့ ကင်းမီးကောက်ထောင်တာတောင် အကြံတွေ ခေါင်းထဲမရောက်တဲ့ အဖြစ်ဆိုးမျိုးတော့ မဟုတ်တော့ပါ ။ ဒါကြောင့် စာမရေးနိုင်လို့ လက်ပမ်းကျပြီး အားမလျှော့သွားကြပါနဲ့ ။ ကိုယ်တိုင်မလုပ်နိုင်လို့လဲ သူများဆီက မခိုးကြပါနဲ့ ။ သူများကိုလိမ်လည်ပြီးလဲ မရေးခိုင်းကြပါနဲ့ဗျာ ။

image

အလွယ် လမ်းကို ကြိုက်လွန်းကြလျှင် အခက်အခဲတွေရှိလာရင် ဘယ်ကျော်ရဲတော့မလဲနော် ။ game ဆော့လျှင်ဘဲ ကြည့်ပါ လွယ်တာကြိုက်ရင် level အနိမ့်လေးမှာဘဲ အဆင်ပြေပါလိမ့်မယ် ။ အလုပ်နဲ့တိုင်းတာလျှင် အောက်ခြေနားမှာ ဖြစ်လိမ့်မည်ထင် ။ လူ့ဝန်းကျင်မှာ အဆင့်ခွဲမည်ဆိုလျှင် ထိုသူဟာ အမြင့်မှာ မရှိနိုင်ပေ ။ နဂိုကမှ လွယ်ကူပါသည်ဆိုသည်အရာကို အလွယ်လမ်းပြန်လိုက်ချင်ကြသေးသည် ။ အလွယ်လမ်းလိုက်လျှက် ရသလောက်ယူမည်ဆိုသူများ အများအပြား ရှိနေသည်မှာလဲ အံ့သြစရာပင် ။ ထိုသူများ အရများနေလို့ စလုပ်မည့်သူများ အားကျ မနေပါနှင့်လို့ ပြောပါရစေ ကျွှန်တော်တို့ steemit နှင့်တွေ့စကလည်း ထိုသို့သောသူများရှိခဲ့ဖူးသည် ။ အားကျမိခဲ့သည်မှန်သည် ။ ကျွှန်တော့်မှာ ခရုလေးပမာ နှေးကွေးစွာ ခရီးဆက်ခဲ့ပါသည် ။ကျွှန်တော်တို့ စခဲ့စဉ် အရများသူများမှာ ယခု အချိန် steemit တွင် မရှိကြတော့ပါ ။

အစပိုင်းတွင် စာမရေးတတ်သေးလျှင် တစ်ပတ်တန်သည် နှစ်ပတ်တန်သည် သူများ post များကြည့်ရင်း အစမ်းရေးကြည့်ရင်း ရေးကြပါ ။အခြား steemit နှင့် ပတ်သက်သည့် အရာများကိုလည်း လေ့လာရင်းပေါ့ ။သူများရေးသးထားသည်များကို ဖတ်ရင်းနဲ့ ဖတ်သည့်အပေါ်မှာမှီပြီး မိမိစိတ်တွင်းရှိသော အတွေ့အကြုံများကိုလည်း ရေးချင်စိတ်ပေါက်လာပါလိမ့်မည် ။ ထိုအခါ ရေးချပါ ပြန်ဖတ်ပါ ။ အချိတ်အဆက်မိမမိ အဆင်ပြေမပြေ ပြန်ဖတ်ပါ ။ ဖတ်ပြီး delete နိပ်ချင်စိတ် ပေါ်လာနိုင်ပါသည် ။ မနိပ်ပါနဲ့ဦး ကိုယ်ကြိုးစားထားရတဲ့အရာတွေ ပြင်စရာရှိတာလေးပြင်ပြီး တင်လိုက်ပါ ။ 0.01 ဘဲရရ ကိုယ့်ကြိုးစားမှုပါ ။ သူများရေးထားတာကို အလွယ် ကူးချနေသူတွေထက် အများကြီး တန်ဖိုးရှိပါတယ် ။ စာဖတ်ရင်းရေးချင်စိတ်ရှိတာက စာအုပ်ထဲက အကြောင်းဆိုလျှင်တော့ အဆင်မပြေပါ ။ post တွေမှာ ရှိသင့်တဲ့ စာလုံး လောက်နဲ့ အဆင်ပြေပြေ တင်နိုင်ပြီဆို pro ဆီ လာလို့ရပါပြီ ။

image

စာတွေရေးရင်းနဲ့ ရေးစရာတွေ ကုန်သွားမှာလဲ စိုးရိမ်တတ်ကြပါတယ် ။ မစိုးရိမ်ပါနဲ့ ရေးရင်း အလေ့အကျင့်ဖြစ်လာရင် မြင်မြင်သမျှ ရေးချလိုက်လို့ အဆင်ပြေပါတယ် ။ နောက်ကြာလေ ရေးရလွယ်လေ ဖြစ်လာပါလိမ့်မယ် ။ လူကြီးတွေဖြစ်နေပြီဘဲ ကလေးတုန်းကတောင် စာသင်ချိန်ပါ အလွတ်မပေးဘဲ ပြောခဲ့ကြတဲ့စကားတွေ ဆူညံနေအောင် အတင်းပြောခဲ့တာတွေ ရှိခဲ့သေးတာဘဲနော် ။ ရန်ဖြစ်လာလို့ မကျေနပ်တာတွေကို ရင်ဖွင့်ရင်းတောင် ဝင်ငွေပြောင်းနိုင်ပါတယ် ။ ဒီလိုနဲ့ ရသပိုင်းလေး ဖြစ်လာရာကနေ ဗဟုသုတ ရစေမဲ့ အရာတွေ ပညာရပ်ပိုင်းတွေ ထည့်ရေးနိုင်လာမယ်ဆိုရင်တဖြည်းဖြည်းနဲ့ steem လမ်းမှာ အခက်အခဲမရှိလျှောက်လှမ်းနိုင်မှာပါ ။ steemit မှာ အောင်မြင်ပြီး မြန်ပြည်တစ်ခွင် နာမည်ကျော်ကြား လူကြိုက်များတဲ့ စာရေးကောင်းသူများ ဖြစ်ကြပါစေ ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center