power လေးတွေမြင့်ကြမယ်

ဇာတ်လမ်းလေးနားလို့ Steem Power up လုပ်နည်းလေးကို အရင် ပြောပြပါရစေအုံးဗျာ ။ Power up တဲ့နည်းကိုမပြောခင် နည်းနည်းလောက်လဲ ရှာရှည်ပါရစေဦးနော် ။ Steemit မှာ လုပ်ကိုင်သူများအဖို့ Steem Power သည် ဘယ်လောက်အရေးကြီးသည်ဆိုသည်ကို သိရှိနားလည်ကြမည် ထင်ပါသည် ။ Power မရှိသောသူများ အသိုင်းအဝိုင်းများသည် Power ကြီးသူများအကြား မျက်နှာငယ်ကြရသည်မှာ ကိုယ်တွေ့ပင်ဖြစ်ပါသည် ။ အကုန်တော့ ကိုယ်တွေ့ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ် ။

Steem Power များသူအချင်းချင်း အဆင်ပြေကာ နေကြသဖြင့် အသစ်ဝင်ရောက်လာသူတို့မှာများစွာသော အခက်အခဲများဖြင့် ကြုံတွေ့ရတတ်ပါသည် ။ SP များသူများမှာလည်း မိမိတို့အတွက် ရလမ်းရှိသော Sp များသူအချင်ချင်းသာ အဆင်ပြေစွာ Vote လုပ်လိုကြသည် ထင်ပါသည် ။ Power နည်းသူအား vote ပေးပါသော်လည်း ထို power နည်းသူတို့၏ vote မှာ မပြောပလောက်ပေ ။ ထို့ကြောင့် Power လေးများ အဆင်ပြေလာကာ လက်တွဲလုပ်ဆောင်နိုင်စေရန် Steemit အစပိုင်စမှာ Power up ဖို့ တိုက်တွန်းကြပါသည် ။

မိမိတို့ ရေးထားသော post များအား upvote ကောင်းကောင်းရရှိနိုင်ရန်အတွက် ကိုယ်တိုင်သွားပြီး လူတစ်ယောက်ကို အဖွဲ့အစည်းတစ်ခုကို အကူအညီတောင်းကြည့်ပါ ။ ဘယ်လိုတောင်းရတယ် ဆိုတာ သိရပါလိမ့်မည် ။ MSC မှာတော့ အသစ်ဝင်လာသူများ အဆင်ပြေစေရန် အနည်းဆုံးတော့ Admins များက မသုံးရက်မစွဲရက် power လေးများစုထားပေးကြပါသေးသည် ။ ထိုသို့စုထားခြင်းကြောင့်လဲ vote အနည်းငယ် ရရှိနေကြပါသေးသည် ။ တစ်ကိုယ်ရည် အတွက်ပင် vote လိုက်တောင်းကြည့်ပါ ။ ကံအလွန်ကောင်းလျှင်တစ်ဖွဲ့နှစ်ဖွဲ့ ငိုပြရုံဖြင့် ရကောင်းရနိုင်သော်လည်း ရေရှည် ဘယ်လောက်အချိန်ထိပေးထားနိုင်မှာလဲ ရှိပါသေးသည် ။ တစ်ကိုယ်ရေအတွက်ပင် အခမဲ့ကိုယ်မတတ်သည့် ဘာသာစကားတစ်ခုအတွက် vote ပေးနိုင်သူ ရှာကြည့်ကြပါ ။

ကိုဟင်နရီဆိုတဲ့လူကြီးက ကျွှန်တော်တို့ MSC ဟူသော အဖွဲ့ကြီးတစ်ဖွဲ့လုံးအတွက် အချိန်ကြာမြင့်စွာ vote များရရှိအောင် ယခင်က လုပ်ဆောင်ပေးခဲ့ဖူးပါပြီ ။ ထိုအဖွဲ့မှာ သူတို့မျော်လင့်ချက်ဘာမှမရှိဘဲ သူတို့ကျွှန်တော်တို့ကိုတောင် မသိဘဲ vote ပေါင်းများစွာပေးထားခဲ့ပါပြီ ။ သူတို့မပေးနိုင်ချိန်မှာတော့ အခမဲ့ ပေးထားရသည့် promotion မရသည့်အတွက်အပြစ်တင်အသံအချို့အားလည်း သောတဆင်ရပါသည် ။ လူဦးရေများစွာကို vote ပေးနိုင်အောင် ဘယ်လိုများ ကြိုးစားထားရသလဲဆိုတဲ့အပေါ်လည်း ကိုယ်ချင်းစာစေချင်ပါသည် ။ ယခု ကူညီသူများကလည်း ဘယ်လောက်ကူညီမယ်ဆိုတာ မပြောနိုင်ပါဘူး ။ ဒါကြောင့် သူတို့အကူအညီမရတဲ့အချိန် အဆင်ပြေနိုင်အောင် ကြိုးစားကြပါလို့လဲ ကိုဟင်ပြောဖူးပါသေးတယ် ။steemit သည် ရေရှည်လုပ်ငန်းဖြစ်သည့်အတွက် power up ဖို့လည်းလိုအပ်ပါသည် ။ ရွှေဥလေးတွေ မဥနိုင်သေးခင် စားရသော ငန်းသားက ပိုချိုတတ်သော်လည်း ရွှေဥလေးတွေလည်း စောင့်စားကြည့်စေချင်ပါသေးသည် ။

Steem power up ရန် Steem ဖြင့်သာ လုက်ဆောင်ရသည်မို့ sbd ကို steem ပြောင်းရန် မိမိ steemit account ထဲမှ wallet သို့ သွားပါမယ် ။ sbd ဘေးက မြှားလေးကိုနိပ်ပါ ။ ထို့နောက်မှာတော့ Market ကိုနိပ်ပါ ။

image

convert steem ဖြင့် ပြောင်း၍ ရသော်လည်း အချိန်သုံးရက်စောင့်ရသဖြင့် convert steem ကို သိပ်မသုံးကြပါ ။ ထို့ကြောင့် Market သို့သာ သွားပါမည် ။ steem ဝယ်မှာဖြစ်တဲ့အတွက် buy steem အပေါ်ကဟာပါ ။
SBD ဆိုသောအကွက်လေးတွင် မမိမိ ဝယ်လိုသော ပမာဏထည့်၍ ဝယ်နိုင်ပါသည် ။ ထို့နောက် buy steem ဆိုတဲ့ဟာလေး နိပ်ပေးပါ ။

image

နောက် ok နိပ်ပေးပါ ပြီးရင် sign in လုပ်ခိုင်းရင် ပြန်လုပ်ပေးလိုက်ပါ ။ ပြီးရင် ခဏလောက်စောင့်ပေးခဲ့ပါ ။
wallet ထဲက steem နေရာမှာ steem တွေ ရောက်နေရင် ရပါပြီ ။Steem power တင်ရန်အတွက် steem ဘေးက မြှားလေးနိပ်ပြီး power up ကိုနိပ်ပါ ။

image

မိမိ လိုချင်သလောက် power up နိုင်ပါပြီ ။

image

MSC . 9

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center