မဟာဗုဒ္ဓဝင် စာအုပ်များ

ဗုဒ္ဓ ဘာသာ တို့ အတွက် ဖတ်သင့် ဖတ်ထိုက်သော ကျမ်းတစ်ခုနှင့် မိတ်ဆက်ပေးပါရစေ ။ မြန်မာစာ အသုံးပြုသူများ အနေဖြင့် ဗုဒ္ဓ ဘုရားရှင် အကြောင်းကို စုံလင်စွာ သိရှိနိုင်ရန် မဟာဗုဒ္ဓဝင်ကို ဖတ်ရှုလေ့လာသင့်ပေသည် ။ ထိုသို့ ဖတ်ထားခြင်းဖြင့် မိမိ မသိသေးသော အရာတို့ကို သိရှိနိုင်ပါသည် ။ ထို့ပြင် မိမိတို့၏ သားငယ် သမီးငယ်များ အစရှိသည်တို့ကို ကောင်းမွန်ပြည့်စုံသော မဟာဗုဒ္ဓဝင် ပြန်လည် ပြောဟော ညွှန်ပြ နိုင်ပါသည် ။ ထို့ပြင် မိမိကိုယ်တိုင်ယုံမှား သံသယ ရှိသော နေရာများကိုလည်း ရှင်းလင်းသေချာ သိစေနိုင်ပါသည် ။

download (1).jpeg Image source

မဟာ ဗုဒ္ဓ ဝင်ကို မင်းကွန်းဆရာတော်ကြီး တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ မှ ရေးသားထားပြီး အတွဲ ခြောက်တွဲ အုပ်ရေ ရှစ်အုပ် ရှိပါသည် ။ မြန်မာဘာသာဖြင့် ရေးသားထားပြီး လူကြီးလူငယ်မရွှေး ဖတ်မှတ် လေ့လာထိုက်သည့် စာအုပ်ဖြစ်ပါသည် ။ ကျွှန်တော်တို့သည် ဗုဒ္ဓဝင်ကို ဖတ်မှတ် သင်ကြား သိရှိခဲ့ကြဖူးပေမဲ့ အကျဉ်းမျှသာ ရှိသည်က များပေသည် ။ ထို့ပြင် မိမိ အမှတ်မှားသော အကြောင်းအရာများ ရှိပါကလည်း ထိုစာအုပ်သည် ကောင်းစွာဖြေရှင်းပေးနိုင်လိမ့်မည်ဟု ထင်ပါသည် ။


33.jpeg
Image source

စာအုပ်လိုက် ဝယ်ယူဖတ်ရှုနိုင်ရန်မှာ အခက်အခဲရှိတတ်ကြပါသည် ။ ထို့ကြောင့် မိမိ လက်တွင်းရှိ ဖုန်း ကွန်ပျူတာ အစရှိသည်တို့နှင့် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်သော pdf လေးအား မျှဝေပေးလိုက်ပါတယ် ။

မဟာဗုဒ္ဓဝင် ၁-၁
မဟာဗုဒ္ဓဝင် ၁-၂
မဟာဗုဒ္ဓဝင် ၂
မဟာဗုဒ္ဓဝင် ၃
မဟာဗုဒ္ဓဝင် ၎
မဟာဗုဒ္ဓဝင် ၅
မဟာဗုဒ္ဓဝင် ၆ - ၁
မဟာဗုဒ္ဓဝင် ၆ - ၂

တစ်ရက် နည်းနည်းဖြစ်ဖြစ် ဖတ်မှတ်နိုင်သလောက် ဖတ်ပြီး ကောင်းမှု ဗဟုသုတတွေ တိုးပွားကြပါစေ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center