အရောင်းခံ

အောင်မြင့် အိမ်တွင်နေထိုင်ရသည်မှာ အဆင်မပြေ ဆင်းရဲသော မိသားစု အခြေအနေတို့ကြောင့် အလုပ်တစ်ခု လုပ်ရန်အတွက် လိုအပ်လာသည် ။ လက်လုပ်လက်စား ဖြစ်သော သူများအကြား အတန်းကျောင်းမှာလဲ ပြီးဆုံးအောင် မနေခဲ့ရသော သူတို့ကို လက်ယတ်ခေါ်လျှက်ရှိသော အလုပ်များမှာ များစွာ ကြမ်းတမ်းလှပေသည် ။ ထို့ကြောင့်သူ ရွှေလုပ်ငန်းတွင် နေ့စားဆိုသော အလုပ်အား လုပ်ကိုင်ရန် ရွှေးချယ်ခဲ့လေသည် ။ နေရပ်တွင် လုပ်ကိုင်နိုင်သော ပန်းရန် လက်သမား စသော အလုပ်များမှာလည်း ပညာမတတ်ခင်ဆိုလျှင် လုပ်ခ အလွန်နည်းလွှန်းလှသည် ။ ထို့ကြောင့် ပင်ပမ်းသော်လည်း တောထဲသို့ တိုးရပေတော့မည် ။

အောင်မြင့် ထိုလုပ်ငန်းများဖြင့် မရင်းနီးပေ သို့သော် ထိုရွှေလုပ်ငန်းနှင့် ရင်းနီးသော အဒေါ်ကြီးတစ်ယောက်၏ ဆွဲဆောင်အားကောင်းသော စကားသံများကြားတွင် နှစ်မျောသွားမိသည် ။ သူ အလုပ်လုပ်ရမည့်နေရာသို့လည်း အခမဲ့ လိုက်ပို့ပေးမည် ဖြစ်သည် ။ မည်သည့်အရာမှ စိုးရိမ်စရာ မလို ထို့ပြင် စက်ပိုင်မှာ ထိုအဒေါ်ကြီးနှင့် အတော်ရင်းနီးလေသည် ဟု ဆိုလေသည် ။ ထို့နောက်တွင် ထိုအဒေါ်ကြီးနောက်မှ လိုက်ပါပြီး သူ အလုပ်လုပ်ရမည့်နေရာသို့ ရောက်လေသည် ။ ထို့နောက် သိပ်မကြာခင်မှာဘဲ သူ့ကို လိုက်ပို့ခဲ့သူများ ပြန်သွားကြလေသည် ။


gold hard.jpg
Image source

ထို့နောက်မှာတော့ ပင်ပမ်းကြီးစွာဖြင့် အောင်မြင့်တစ်ယောက် ရွှေတောဆိုသော နေရာတွင် အလုပ်ကြမ်းများလုပ်ကိုင်ရင်း အောင်မြင့်တွင်လည်း မျှော်မှန်းချက်များနှင့်ပေါ့ ။ တစ်ပတ်လောက်ကြာတော့ ထိုနေရာတွင် သုံးစရာ လုပ်အားခ အနည်းငယ်ကို ထုတ်ယူရန် သူဌေးထံသို့ သွားရောက်ခဲ့လေသည် ။ ထိုနေ့မှပင် စတင်ကာ အောင်မြင့် မျော်လင့်ချက်များပျောက်ပြီး ဝမ်းနည်းစွာဖြင့် အလုပ်ခွင် ဝင်ရတော့သည် ။

သူလုပ်ကိုင်ရမည်ဖြစ်သော လုပ်အားခ တစ်နှစ်စာအား သူ၏ အမေ ကျန်းမာရေး အခြေနေ မကောင်းသဖြင့်ဆိုကာ သူ့အား လိုက်ပို့ခဲ့သော အဒေါ်ကြီးမှ ထုတ်ယူသွားပြီ ဖြစ်ကြောင်းသိရလေသည် ။ သူ့အားလိုက်ပို့ခဲ့သူ၏ စကားများကိုယုံ၍ အမျိုးတော်သည်ဟု သူပြောခဲ့သည်များကို နောင်တရမိသည် ။ သူဌေးမှလည်း သူပေးလိုက်ရသည့်ငွေနှင့် တန်ရာ သူ့အား တစ်နှစ်တာ ခိုင်းတော့မည် ။ အောင်မြင့် ထွက်ပြေး၍မရ ထိုနေရာတွင် လုပ်အားခကျေရန် တစ်နှစ် လုပ်ပေးရလေသည် ။ တစ်နှစ်တာ အတွက်ဟုဆိုသော်လည်း တစ်ရက်စာ ၅၀၀၀ ကို ၃၆၅ ဖြင့် မြောက်၍ ယူသွားခြင်း ဖြစ်သဖြင့် အောင်မြင့် အလုပ်မလုပ်နိုင်သည့် ရက်များနှင့်ဆိုလျှင် တစ်နှစ်ကျော်အောင် ဆပ်ရလေသည် ။ ထို့ပြင် အပြန်လမ်းစားရိတ်နှင့် ထိုနေရာတွင် ကုန်ကျသော အသုံးအဆောင်စားရိတ်များအတွက် အောင်မြင့် နှစ်နှစ်ခန့်ပင် ချွှေချွှေတာတာ သုံးစွဲကာ လုပ်ကိုင်ခဲ့ရသည် ။

အောင်မြင့်ရရှိသော ငါးထောင်မှာ မတန်လောက်အောင်ပင်ပန်းသည် ။ လယ်ကွင်းပြင်ထဲမှ ကျွဲနွှားများထက်ပင် ပိုဆိုးသည် ။ ဆီတစ်ပီပါစာလောက်ကို ပုန်းများဖြင့် ခွဲကာ တောင်အဆင့်ဆင့် ထမ်းယူရသည် ။ စက်ရွှေ့ ကျင်းအသစ်ဖောက် မျိုးစုံသော ဆင်းရဲခြင်းများနှင့် ရင်ဆိုင်ရသည် ။ သံတိုင်ကိုင်ကိုင်ရသော လက်များမှ အသားမာများသည် အပေါ်သို့ မြင့်မောက်စွာ နေရာယူထားသည် ။ သူ့နေရပ်တွင် အလုပ်တစ်ခုနှင့် ပတ်သက်သော ပညာသင်၍ လုပ်လျှင်ပင် တစ်နှစ်ဆိုသော အချိန်တွင် ကောင်းကောင်းတတ်မြောက်လောက်လေပြီ ။

တစ်ခါတစ်ရန်တွင် ရောင်းစားခံရသည်ဆိုရာတွင် နိုင်ငံရပ်ခြားတွင်မှမဟုတ် တစ်ဘဝလုံးမဟုတ်တောင် အချိန်ပိုင်းနှင့် ရောင်းစားသွားခဲ့သည်မျိုး ရှိလေသည် ။ အောင်မြင့်ကဲ့သို့ပင် ပြုလုပ်ခံရပြီး အလုပ်လုပ်ရင်း အသက်ဆုံးရုံးသွားသူများလည်း များစွာ ရှိကြလေသည် ။

အမည်ပင် သေချာ မမှတ်မိတော့သော ခဏတာ ဆုံဖြစ်သူ တစ်ယောက်၏ ကိုယ်တွေ့အား ရေးသား ဖော်ပြခြင်းဖြစ်ပါသည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now