I love bitcoin

Visa သို့မဟုတ် Master credit card လုပ်ဖို့ အနိမ့်ဆုံး လစာ 5 သိန်းနဲ့ အထက် ရှိရမယ်

5 သိန်းလည်း မရှိပါဘူး တစ်လ 3 သိန်းပဲ ဝင်​ငွေ ရှိတယ် ပိုခက်တာက အဲဒီ ၃ သိန်း ဝင်​ငွေကလည်း

ကုမ္ပဏီ တစ်ခုရဲ့ permanent ဝန်ထမ်း အ​နေနဲ့ ရတာမဟုတ်ဘူး ပုဒ်ပြတ် ဘာသာပြန်ခ အ​နေနဲ့ရတာ

ဒီ​တော့ ဘယ်ကုမ္ပဏီရဲ့ ဝန်ထမ်းပါလို့ ပြစရာမရှိဘူး Visa သို့မဟုတ် Master credit card ​

လျှောက်ချင်ရင် ကုမ္ပဏီ တစ်ခုရဲ့ ဝန်ထမ်းဖြစ်​ကြောင်း ပြရမယ် လစာ 5 သိန်း ​ကျော်ရမယ်ဆို​တော့

ကျွန်​တော် အရည်အချင်း မပြည့်မီ ပါဘူး ကဲ credit card ကို ​လျှောက်မရ​တော့

Prepaid card Visa or Master card ကို ကြည့်​တော့ သူက​တော့ USD 50

အနည်းဆုံး ဖြည့်ရမယ် card ထဲမှာ USD 20 အနည်းဆုံး ချန်ထားရမယ် ဒါက​တော့ မဆိုးဘူး

ဒါ​ပေမဲ့ card ​တွေက သုံးလို့ မရတဲ့ website ​တွေ များတယ် ကျွန်​တော် သိသ​လောက်​တော့

Amazon မရဘူး google play store မရဘူး ကန့်သတ်ချက်​တွေ များတယ်

​လောကကြီးကလည်း ​တော်​တော်ထူးဆန်းတယ် ကိုယ့်ပိုက်ဆံ ကိုယ်သုံးတာကို ကိုယ့်ရဲ့ အ​ဖေ မဟုတ်

အ​မေ မဟုတ် သူစိမ်းက လာကန့်သတ်​နေ​သေးတယ်​လေ ပြီး​တော့ ဒီ prepaid card ​တွေက

သူများက ကိုယ့်ကို ပို့​ပေးမယ့် ​ငွေကိုလည်း လက်ခံလို့ မရဘူးပဲ တစ်​လော Germany က အ​ဒေါ်က

sz64zf.png

သူ့ ညီမ​တွေအတွက် New Year လက်​ဆောင်အဖြစ် western union နဲ့ ​ငွေ ပို့​ပေးတယ်

သွားထုတ်​တော့ ဘဏ်က ​ပြောတယ် ပို့ထားတဲ့ ​ငွေက ရှိတယ် ဒါ​ပေမဲ့ ထုတ်လို့ မရဘူးတဲ့

Blacklist လုပ်ထားတဲ့ လူတစ်​ယောက်နဲ့ နာမည်တူ​နေလို့တဲ့ ဒါနဲ့ ပို့​ပေးတဲ့ အ​ဒေါ်က

လူကြုံနဲ့ပဲ လွှဲ ပို့​တော့မယ်ဆိုပြီး ပို့တဲ့​ငွေကို germany က western union မှာ သွားပြန်ထုတ်တယ်

အဲဒါ အခုထုတ်​ပေးလို့ မရ​သေးပါဘူးဆိုပြီး 2 ပတ်​လောက် ​စောင့်ရသတဲ့ 2 ပတ် ပြည့်​တော့မှ ထုတ်​ပေးတယ်

ဒီ​တော့ New Year December 31 မှာ ပို့တဲ့​ငွေက ဒီက ညီမ​တွေဆီကို February မှ ရတယ်

ကျွန်​တော် ​ပြောချင်တာက blacklist နဲ့ နာမည်တူ​နေလို့ ပို့မရဘူးဆိုလည်း ပြန်ထုတ်တဲ့အခါ

ချက်ချင်းပြန်ထုတ်​ပေး​ပေါ့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် သူတို့ကို ​ကြောက်​နေရတယ် အ​ဒေါ်​တွေက germany မှာ

တရားဝင် ​နေတယ်ဆို​ပေမယ့် ​ကြောက်ကြတယ်​လေ bitcoin သုံးပြီး မပို့ရဲကြဘူး တကယ်လို့သာ

Bitcoin သုံးပြီး ပို့ခဲ့မယ်ဆိုရင် 10 မိနစ်အတွင်း မြန်မာနိုင်ငံကို ​ငွေ​ရောက်ပါတယ် ခက်တာက

မြန်မာနိုင်ငံမှာက bitcoin က တရားဝင်သလား မဝင်ဘူးလားလည်း ​သေချာမသိရဘူး

​တော်ကြာ တရားမဝင်လို့ဆိုပြီး ပို့လိုက်တဲ့ Euro 600 ကို သိမ်းသွားမလား လူကိုပဲ ​ထောင်ချမလား

မ​ပြောတတ် အလွယ်ကူဆုံး နည်းလမ်း ရှိပါလျှက်နဲ့ ဒီ western union တို့ visa တို့ master

တို့ကို လိုက်ခယ ​နေရတယ် ကျွန်​တော့် စိတ်ထဲ​တော့ ဒီ ​အေရိုး​တွေ မြန်မြန် ​မျိုးသုန်းသွားပြီး

ခေတ်ကုန်သွားပြီး bitcoin တို့ တခြား crypto ​တွေပဲ ​ခေတ်စားလာပါ​စေလို့ ဆု​တောင်းမိ​နေတာပါပဲ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center