တရားကျင့်ချိန်နှင့်အကျိုး

fih60q.jpg

ကမ္မဋ္ဌာန်းအားထုတ်ချိန်မဟုတ်သော အခါ ၅-ပါး ။ ။ ပဉ္စင်္ဂုတ္တရ ပါဠိတော် နီဝရဏဝဂ်မှ။
(၁) ဇိဏ္ဏ ဇရာဘိဘူတ-ဇရာထောင်း၍ အိုဟောင်းရွတ်တွသောအခါ၊
(၂) ဗျာဓိနာ ဘိဘူတ- မကျန်းမမာ အနာဘေးနှိပ်စက်သောအခါ၊
(၃) ဒုဘိက္ခ ဒုလ’ဘ ပိဏ္ဍ- ငတ်မွတ်ခေါင်းပါး အစာရှားသောအခါ၊
(၄) ဝိဝါဒ ဘယ ပတ္တ- အသင်းကွဲပါတီကွဲ ဝါဒကွဲ ပြည်ထဲရေးသူပုန်ထပြီးအချင်းချင်းတိုက်ခိုက်နေသောအခါ၊
(၅) သံဃဘိန္န- သံဃာချင်းကွဲပြားပြီး အငြင်းပွားနေသောအခါ။

pa9erz.png
ကမ္မဋ္ဌာန်းပေးစွမ်းနိုင်သော ဆရာအပြား ၆-ပါး ။ ။ ကမ္မဋ္ဌာန်းယူလိုသောပုဂ္ဂိုလ်တို့သည် ထိုဆရာမျိုးကို ရှာဖွေစစ်ဆေးရာ၏။ ဝိသုဒ္ဓိမဂ်မှ၊
(၁) ရဟန္တာပုဂ္ဂိုလ်၊
(၂) အနာဂါမ်၊
(၃) သကဒါဂါမ်၊
(၄) သောတာပန်၊
(၅) ဈာနလာဘီ ခေါ် ဈာန်ရပုဂ္ဂိုလ်၊
(၆) ပိဋက ၃-ပုံဆောင်ပုဂ္ဂိုလ်, နှစ်ပုံဆောင် ပုဂ္ဂိုလ်, တစ်ပုံဆောင်ပုဂ္ဂိလ်, အဋ္ဌကထာဆောင်ပုဂ္ဂိုလ်, ကမ္မဋ္ဌာန်းတရား အားထုတ်လေ့လာဆည်းပူးသူ, သီလဝန္တ လဇ္ဇီပေသလ ဗဟုဿုတပုဂ္ဂိုလ်တို့ဟူ၏။

@chirstonawba

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center