မိန်းက​လေးများ​ရှောင်​ရမည့်​ ​ယောင်္ကျား​လေးများ

အိမ်​​ထောင်​​ထောင်​ဖက်​ ​ရွေး​ချယ်​​တော့မယ်​ဆိုရင်​ ဒါ​လေး​တော့ သိထားသင့်​ ညီမ​လေး​တွေ ​ရှောင်​ကျဉ်​သင့်​တဲ့ ​ယောင်္ကျား​၈မျိုး
image
၁. ရည်မှန်းချက်မရှိပဲ ဆင်းရဲလွန်းသောယောက်ျား...တော်ရုံတန်ရုံဆင်းရဲတာကို မဆိုလိုပါ။ အလွန့်အလွန်ဆင်းရဲတာကို ဆိုလိုတာပါ။ ဒါကို ဆင်းရဲတာ ကံပေါ့ဗျ-ဆိုပြီး ကျွန်တော့်ကို ကံနဲ့ ကိုင်မပေါက်ပါနဲ့ဗျာ။ ကျွန်တော်ကလည်း ကံနဲ့ပဲ ပြန်ပေါက်လိုက်မယ်၊ ကံ-ဆိုတာ အလုပ်ဗျ။ ဟုတ်တယ်မလား။ ဆင်းရဲတာ အပြစ်မဟုတ်။ ဆင်းရဲခြင်းက လွတ်ကြောင်းကို အားမထုတ်ရင်တော့ အပြစ်ဖြစ်သွားပြီ။ ကံကိုချည်း ထိုင် အားကိုးနေလို့မရ။ အလုပ်ရှိမှ အကျိုးပေးတဲ့ ကံက ရှိမည်။ ဒီလို ဆင်းရဲနွမ်းပါးလွန်းသူကို အမျိုးသမီးတို့ မရွေးသင့်ပါဘူး-တဲ့။ ရွေးတဲ့သူတွေ ဘာဖြစ်နေသလဲ ကိုယ်နဲ့ နီးစပ်ရာ ရှာပြီး ပညာယူပေါ့ဗျာ။
image
၂. စိတ်ကြီးဝင်သော၊ မာနကြီးသော၊ အထက်စီးဆန်သောယောက်ျား...အဲဒီ ချို့ယွင်းချက်တွေကို ရှင်းပြရရင် စာမျက်နှာငါးဆယ်လောက်မှ လောက်ပါ့မယ်။ ဒါပေမယ့်
အကြမ်းဖျဉ်း သိလောက်ပြီးပါပြီ။ အဓိက ကျွန်တော်ပြောချင်တာက စိတ်ကြီးဝင်တဲ့၊ မာနကြီးတဲ့၊အထက်စီးဆန်တဲ့ ယောက်ျားတွေဟာ စိတ်ဓာတ်ပြည့်ဝတဲ့ ယောက်ျားတွေ မဟုတ်ဖူးဆိုတာကိုတော့ ရဲရဲကြီးပြောရဲတယ်။ နောက်ပြီး ဒီလို စိတ်ဓာတ်ဖြစ်ပေါ်လာခြင်း၏ အခြေခံအကြောင်းအရင်းက ပညာနည်းခြင်းပဲ။ ဒီလိုပုံစံကို ဘွဲ့လက်မှတ်တွေ အိပ်ခန်းနဲ့အပြည့်ရထားတဲ့ယောက်ျားတွေမှာလည်း ရှိနိုင်တယ်။ ရှိကို ရှိပါတယ်။ ဘွဲ့ရတာနဲ့ ပညာတတ်တာ မတူဘူးဆိုတာကို အဲဒီလူတွေကိုရှင်းပြဖို့ မလွယ်ပါဘူး။
image
၃. ဖျင်းသော အ,သော တုံးသော သရဲဘောကြောင်သော ယောက်ျား...ဖျင်းတယ်၊ အ,တယ်ဆိုကတည်းက သင် သူ့ကို ယောက်ျား တော်ဖို့ စိတ်ကူးမှာ မဟုတ်ပါဘူး။ အဲ ဒီလို ယောက်ျားမျိုးက ကိုယ့်မိန်းမ တစ်ပါးသူက ထိကပါးရိကပါးလုပ်ရင်တောင် ပြန်ပြီး လက်သီးနဲ့ထိုးရမှန်း သိမယ့်ယောက်ျားမျိုး မဟုတ်ဘူး။ နောက်ပြီး အဲဒီလိုလူမျိုးက ဦးဆောင်မယ့် အိမ်တစ်အိမ်ရဲ့ စီးပွားရေးကို စဉ်းစားသာ ကြည့်ပေတော့။ အိတ်ပေါက်နဲ့ ဖားကောက်တာကမှ အပေါက်နဲ့မတော်လို့ အပြင်ထွက်မရတဲ့ ဖားကို ချက်စားလို့ ရဦးမယ် … ဒီလိုလူ လုပ်တဲ့ စီးပွားရေးဆီကနေ ဘာမှ မမျှော်လေနဲ့။
image
၎. ဒေါသကြီးလွန်းသော ယောက်ျား...တစ်ချို့က ဂုဏ်ယူကြသေးတယ်။ ကျွန်မချစ်သူက သိပ် ဒေါသကြီးတာ။ အဲဒီ အမျိုးသမီးတွေပဲ ယောက်ျားလည်း ရပြီးရော သွားတွေ အခွေလိုက် ကျွတ်ကုန်တာ။ ဂုဏ်မယူသင့်တာ ဂုဏ်ယူမနေပါနဲ့။ ဒေါသကြီးတဲ့ ယောက်ျားဟာ ကိုယ့်အသက်ကိုတောင် အချိန်မရွေးအန္တရာယ်ပြုနိုင်တဲ့ အနီးဆုံးရန်သူဆိုတာ သိထားပေးပါ။
image
၅. အလွန်အကျွံသောက်သော ယောက်ျား...ယောက်ျားလေး အသောက်အစားမကင်းပါဘူး။ ကျွန်တော်တို့လည်း သောက်ပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ပုံပျက်ပန်းပျက် မသောက်ပါ။ တစ်ချို့ကတော့ အဲသလိုမဟုတ်ပါ။ အရက်ဆိုင်ထိုင်လိုက်တာနဲ့ ဖင်တစ်ခုလုံး ကျောက်ချရပ်နားပြီးသား၊ အမူးအကန်း သောက်ပြီး ဒယီးဒယိုင်နဲ့ ရပ်ကွက်ကို ပတ်ဆဲတဲ့သူက ရှိပါသေးတယ်။ ဒီလို ယောက်ျားဆီက လုပ်စာလေးများ ထိုင်စားရမယ် မမှတ်ပါနဲ့။ သူ့ အန်ဖက် ကြုံးဖို့ပဲ ကျွမ်းကျင်အောင် လေ့ကျင့်ထားပါ။
image
၆. လောင်းကစားအလွန်ပြုသော ယောက်ျား...ဒါလည်း အတော်ဆိုးပါတယ်။ တစ်ချို့က အိမ်ပြုတ်ယာပြုတ် လောင်းကြတဲ့သူတွေ ရှိပါသေးတယ်။ တစ်ခါက ဇာတ်ကားတစ်ခုတည်းမှာ မိန်းမပေါင်ပြီး ဖဲရိုက်တာကိုလည်း ကြည့်လိုက်ရသေး။ ဒါမျိုး မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ ကျွန်တော်တို့ မသိလို့ မကြားလို့နေမယ် အဲဒီလိုအဖြစ်မျိုးတွေ ရှိမယ်ထင်ပါတယ်။ လောင်းကစားသမား ယူမိလို့ ၀တ်စရာအ၀တ်မရှိ၊ ဖျာလိပ်ထဲမှာပဲ ကိုယ်ကျိုးနည်းလှပါပြီတော့- ဆိုပြီး မအော်ပါနဲ့။
image
၇. အပျော်အပါးလိုက်စားသော ယောက်ျား...အခု သုံးထားတဲ့ အပျော်အပါးဆိုတာ ဘာလဲလို့ လူတိုင်း သိပါတယ်။ အဲဒီလို အပျော်အပါးလိုက်စားတဲ့ ယောက်ျားမျိုးဆိုရင်လည်း အဲဒီအတွက် ပိုက်ဆံ ကုန်နေတာနဲ့ လူမွေးလူတောင် ပြောင်မှာ မဟုတ်ပါဘူး။ နောက်ပြီး ခေတ်ပေါ်ရောဂါတွေကလည်း အများသား။ မကြောက်ဘူးလား။
image
၈. ရာဇ၀တ်သား...တစ်ချို့က ပြစ်မှုနဲ့ တစ်ခြားနယ်ကနေ တစ်နယ်ဆီကို ရှောင်ရင်းရောက်လာတဲ့ ယောက်ျားကို ဘာမှ စုံစမ်းမေးမြန်းခြင်းမရှိဘဲ ယူလိုက်တာတွေ ရှိတယ်။ အဲဒီလို လူ ယူမိတော့ ဘယ် နောင်ရေးအေးမလဲ။ နောက်ပြီး ထောင်က လွတ်လာလို့ ကောင်းကောင်းမွန်မွန် ပေါင်းတယ်ပဲထားပါဦး သူ့ရဲ့ ရာဇ၀တ်မှုအရိပ်မည်းကြီးကြောင့် ဘယ်သူက သူနဲ့ ယုံယုံကြည်ကြည် စီးပွားလုပ်မလဲဗျ။ ရေရှည်အားဖြင့် မိသားစု အဆင်မပြေနိုင်ဘူးလေ။စေတနာဖြင့်​ တင်​ပြ​ပေးခြင်းသာ အမှားပါရင်​ သီးခံပါ။

Photos Credit google Images

H2
H3
H4
3 columns
2 columns
1 column
Join the conversation now