Network အ​ကြောင်း ၂

IMG_20180301_193707.jpg

Networking ပိုင်းမှာ အ​ခြေခံ​တွေ Theory ပိုင်း​တွေနားလည်​မှ လက်​​တွေ့မှာ မြန်​မြန်​ဆန်​ဆန်​ လုပ်​ငန်​ပြီး​မြောက်​မှာဖြစ်​ပါတယ်​။ရှေ့က Network အ​ကြောင်းမှာ​တော့ PAN နဲ့ CAN ကို​ပြောပြီးသွားပီမို့ ယခု ဆက်​​ပြောပါမယ်​။
LAN လို့​ခေါ်တဲ့ (Local Area Network) ကို အားလုံးကြားဖူးကြမှာပါ။ သူက​တော့ ​ပေ ၁၀၀၀ ပတ်​လည်​ အ​ဆောက်​အဦးအတွင်းမှာရှိတဲ့ Network ချိတ်​ဆက်​မှု​တွေကို ​ခေါ်ဆိုတာဖြစ်​ပါတယ်​။ ဥပမာ ​ပေ၁၀၀၀ အကျယ်​ရှိတဲ့ ​မြေကွက်​တစ်​ကွက်​မှာ အိမ်​​ဆောက်​ထားတာပဲဖြစ်​ ဖြစ်​ ရုံးဖွင့်​ထားတာပဲဖြစ်​ဖြစ်​ အဲ့ဒီအ​ဆောက်​အဦးအတွင်းမှာရှိတဲ့ Network ချိတ်​ဆက်​မှု​တွေကို LAN ချိတ်​ဆက်​မှု (LAN Network)လို့​ခေါ်ပါတယ်​။ အထပ်​မည်​မျှမြင့်​​နေပါ​စေ အကျယ်​​ပေ ၁၀၀၀ အတွင်းရှိ​နေရပါမယ်​။ ပီး​တော့အ​ဆောက်​အဦးအထပ်​တိုင်းမှာရှိတဲ့ ကွန်​ပျူတာ​တွေက တစ်​လုံးနဲ့ တစ်​လုံး ချိတ်​ဆက်​​နေရပါမယ်​။

MAN
MAN က​တော့ (Metropolitan Area Network) လို့​ခေါ်ပါတယ်​။ သူ့က ​တော့ ကျယ်​ပြန့်​တဲ့ ကွန်​ယက်​ချိတ်​ဆက်​မှုဖြစ်​ပါတယ်​။ ​ပေ၁၀၀၀ အတွင်း ကန့်​သတ်​ချက်​မရှိ​တော့ပါဘူး။ မည်​သည့်​မြို့မဆို မည်​သည့်​ အ​ဆောက်​အဦးမဆို မည်​သည့်​ အကျယ်​အဝန်းမဆို ချိတ်​ဆက်​ထားတာကိုဆိုလိုတာဖြစ်​ပါတယ်​။ သူ့မှာသတ်​မှတ်​ချက်​က​တော့ မြို့တူရပါမယ်​(တစ်​မြို့တည်းမှာချိတ်​ဆက်​ထားတဲ့Network ဖြစ်​ရပါမယ်​)၊ ​နောက်​ပီး​တော့ Same Vendor(တူညီတဲ့ Company)ဖြစ်​ရပါမယ်​။ အဲ့ဒီလို Company တူ မြို့တစ်​မြို့တည်းမှာရှိတဲ့ ကွန်​ယက်​ချိတ်​ဆက်​မှုကို MAN လို့​ခေါ်ပါတယ်​။

WAN (Wide Area Network)
WAN ကို ၂ မျိုးထပ်​ခွဲခြားသတ်​မှတ်​ပါတယ်​။ WAN နဲ့ Internet ဆိုပီးဖြစ်​ပါတယ်​။ ဘယ်​လိုကွာသလည်းဆိုရင်​​တော့ WAN ဆိုတာက ကျယ်​ပြန့်​တဲ့ ကွန်​ယက်​ချိတ်​ဆက်​မှုဖြစ်​ပါတယ်​။ ဘယ်​လိုကျယ်​ပြန့်​တာလည်းဆိုရင်​ မတူညီတဲ့ မြို့ ၊ မတူညီတဲ့ နိုင်​ငံ ​တွေကို ချိတ်​ဆက်​ထားတဲ့ ကွန်​ယက်​ဖြစ်​ပီး Company က​တော့ တစ်​ခုနည်းဖြစ်​ရပါမယ်​ တူညီရပါမယ်​။ အဲ့လို Comapny တူတယ်​၊မြို့​တွေအများကြီးမျာ ချိတ်​ဆက်​ထားတယ်​၊ တစ်​ခြားနိုင်​ငံ​တွေမှာလည်း ချိတ်​ဆက်​ထားတယ်​ဆိုရင်​ အဲ့ဒါကို WAN Network လို့​ခေါ်ပါတယ်​။

Internet ဆိုတာက​တော့ အထက်​ကလိုမျိုး ကိုမှ မတူညီတဲ့ Company ​တွေချိတ်​ဆက်​ထားတာကို Internet Network လို့​ခေါ်ပါတယ်​။

Network Topologies ဆိုတာက​တော့ အဲ့ဒီလိုချိတ်​ဆက်​ထားတဲ့ ကွန်​ယက်​​တွေမှာ (Data)​တွေ သတင်းအချက်​အလက်​​တွေ ဘယ်​လို သွားလာသလဲဆိုတာကို Logical Design အရ ရှင်းပြထားတာဖြစ်​ပါတယ်​။ အဲ့ဒီလို data ​တွေ သွားလာဖို့အတွက်​ data စီးဆင်းတဲ့ပုံစံ ၄ မျိုးရှိပါတယ်​...
Bus
Ring
Star
Mesh ( Fully or Partially) တို့ဖြစ်​ပါတယ်​။

Bus နည်းပညာက​တော့ ကျွန်​​တော်​တို့​တွေ Network ချိတ်​ဆက်​​တော့မယ်​ဆိုရင်​ network cable ကို မိမိ ချိတ်​ဆက်​လိုတဲ့ အကွာအ​ဝေးကို ဆွဲ​ပေးရပါတယ်​။ အဲ့လို Network ကြိုးဆွဲဖို့ အရင်​တုန်းက Coaxial Cable ​တွေကိုအသုံးပြုကြပါတယ်​။ အဲ့ဒီ Coaxial Cable ​တွေရဲ့ အစမှာ အစမှတ်​ Terminator နဲ့ အဆုံးမှာ အဆုံးမှတ်​ Terminator ဆိုပီး ရှိပါတယ်​။ အဲ့ဒီလို အစ Terminator နဲ့ အဆုံး Terminator ​တွေကို coaxial cable နဲ့ချိတ်​ဆက်​ပီး မိမိ ထားရှိလိုတဲ့ ကွန်​ပြူတာရှိတဲ့​နေရာမှာ အဲ့ဒီcoaxial cable ​တွေကို sequence ​တွေနဲ့ချိတ်​ဆက်​ပီး မိမိကွန်​ပျူတာနဲ့ချိတ်​ဆက်​ရပါတယ်​။ sequence တစ်​ခုကို ကွန်​ပျူတာတစ်​လုံးနှုန်းနဲ့ချိတ်​ဆက်​ပါတယ်​။ အဲ့ဒီတုန်းက ကွန်​ပျူတာ တစ်​လုံးက​နေ အခြား ကွန်​ပျူတာ တစ်​လုံးကို data ​တွေပို့ချင်​တယ်​ဆိုရင်​ အရမ်းကြာပါတယ်​။ ဘာလို့လည်းဆို​တော့ PC 1 က​နေမှ PC 4 ကို data ပို့ပီဆိုရင်​ PC 1 ကစပီး ပို့လို​က်​ပါတယ်​၊ ပီး​တော့ ကြားမှာရှိတဲ့ PC 2 PC 3 ​တွေကိုလည်း သူPC 4 ကိုပို့ရမဲ့ dataကိုပို့ခဲ့ပါတယ်​။ ​နောက်​​တော့ PC 4ကိုပို့ပါတယ်​ အဲ့လိုပဲ အခြား PC ​တွေချိတ်​ဆက်​ထားမယ်​ဆိုရင်​ PC အကုန်​လုံးကို ပို့ပါတယ်​။ ရှိသမျှ PC ​တွေအကုန်​ပို့ပီးမှ ​နောက်​ဆုံး အဆုံးမှတ်​ Terminator ကို ​ရောက်​ပီးမှ data ပို့ထားတဲ့ ဖိုက်​က ပြန်​လာပါတယ်​။ အဲ့ဒီအခါ သူပို့ချင်​တာ PC 4 ကို အဲ့ဒီ​တော့ PC 4 က သူ့ရဲ့data မှန်​တယ်​ဆိုတာကို အ​ကြောင်းပြန်​ပါတယ်​ အခြားPC ​တွေကလည်း သူတို့ data မဟုတ်​ဘူးဆိုတာကို အ​ကြောင်းပြန်​ပါတယ်​။ အဲ့ဒီ အ​ကြောင်း ပြန်​တဲ့ data ​တွေကို သူ အဆုံးမှတ်​ Terminator ကိုရိုက်​ပီး ပြန်​လာတဲ့အချိန်​မှာ သယ်​လာပါတယ်​။ သယ်​လာပီး PC 1 ကို​ရောက်​တဲ့အချိန်​မှာ သူမ​ပေး​သေးပါဘူး အ​ရှေ့က အစမှတ်​ Terminator ထိသွားပါတယ်​။ ပီး​တော့မှပြန်​လာပီး PC1ကိုပို့ပါတယ်​။ အဲ့ဒီအခါ မှ PC1 က သိသွားပီး​တော့ အခြား PC​တွေကို မပို့ပဲနဲ့ PC4ကိုပဲ သီးသန့်​ Dataကို ပြန်​ပို့ပါတယ်​။ ပီးရင်​ခုနကလိုပဲ အဆုံးTerminator ထိသွားပီးမှ ပြန်​လာပါတယ်​။ ပြန်​လာပီး data သယ်​လာတဲ့အခါမှာလည်း အစမှတ်​ Terminator ကို ​ရောက်​ပီးမှ PC 1ကို data ပြန်​​ပေးပါတယ်​။ အဲ့ဒီ​တော့ ကျွန်​​တော်​တို့​တွေ တစ်​ခါတစ်​ခါ Data ပို့ချင်​တယ်​ဆိုရင်​အရမ်းကြာပါတယ်​။ အဲ့လို data တစ်​ခု ပို့လွှတ်​ဖို့ ciaxal cable ကြီး​ကောင်း​နေရပါမယ်​ ​နောက်​ပီး အဲ့ဒီcable မှာ ချိတ်​ဆက်​ထားတဲ့ PC​တွေအကုန်​ power on ​နေရပါမယ်​ စက်​​တွေအကုန်​​ကောင်း​နေရပါမယ်​။ တကယ်​လို့ တစ်​ခုခု ပျက်​​နေတာ၊ စက်​တစ်​ခုက ပိတ်​​နေတာဆိုရင်​ အဲ့ဒီdata ထုတ်​လွတ်​မှု breakdown ဖြစ်​ပါတယ်​။ ဘာမှပို့မရ​တော့ပါဘူး။ တစ်​ခု ပို့လွှတ်​ဖို့ အကုန်​​ကောင်း အကုန်​ power on ဖြစ်​​နေရပါမယ်​။ အဲ့ဒါ Bus နည်းပညာနဲ့ data ​တွေ သွားလာပုံဖြစ်​ပါတယ်​။

Writer caesarsupaimin
MSC-025

H2
H3
H4
3 columns
2 columns
1 column
Join the conversation now