အလကားမတ်​တင်း

free.gif

မင်္ဂလာပါ..ညီအကို ​မောင်​နှမများခင်​ဗျာ..
စတီးမစ်​​ပေါ်မှာ ​ပျော်​ရွှင်​ကြလိမ့်​မယ်​လို့ ​မျှော်​လင့်​ပါတယ်​။
•••••••••••••••••••••••••••

ကျွန်တော်တို့တွေ အားလုံးဟာ free ဆိုတဲ့ အသံကိုကြားမိရင် အနဲနဲ့အများတော့ စိတ်ဝင်စားတတ်ကြတာဟာ သဘာဝပါပဲ။
(အပိုစု၊အ​လကား၊အ​လှောက်​)ဆိုတာကို ရယူချင်​ကြတာ လူ့သဘာဝတစ်​ခုပါပဲ။
ဈေးဝယ်​ရာမှာလဲ Free Gift , Free Discoult,
Free bonus ဆိုတဲ့ အပိုဆု၊အပိုလက်​​ဆောင်​၊​လျှော့​ဈေး​ပေးတဲ့​နေရာကိုပဲ ​ရွေးဝယ်​​လေ့ရှိကြပါတယ်​။ကိုယ်က ဖရီးတခုခုရလာခဲ့တယ်​ဆိုရင်​လဲ တခြားသူများကိုပါ လက်​တို့ပြီး ငါ​တော့ ဒါကို ဒီလိုဒီလို ရခဲ့တယ်​၊အဲဒီကိုပဲသွား ဆိုပြီး​တော့ လမ်းညွှန်​​လေ့ရှိကြပါတယ်​။
အချိန်​အပိုင်းအခြားအလိုက်​ အဖိုးအခ​ပေးပြီးသုံးကြရတဲ့ နေရာ​တွေကိုလဲ အချိန်​အပို​ပေးတဲ့ဆီကို ဦးစား​ပေးသွားတတ်​ကြတယ်​။(ဥပမာ-အချိန်​ပိုင်းနဲ့ကစားရတဲ့ ကစားကွင်းလိုမျိုး၊ကာရာအို​ကေလို​နေရာမျိုး​​တွေပေါ့။) မိုဘိုင်းဖုန်းအသုံးပြုကြရာမှာလဲ ဘယ်​​အော်​ပ​ရေတာက ​ဘေလ်​ဘယ်​​လောက်​ထည့်​ရင်​ ဘယ်​လိုအပို​ပေးတာ၊အင်​တာနက်​ ပက်​​ကေ့ ဘယ်​​လောက်ဖိုးဝယ်​ရင်​ ဘယ်​​လောက်​ GB အပို​ပေးတာ..အစရှိသည်​ဖြင့်
အပို​ဆောင်း အလကား​ပေးရာကိုပဲ ပိုပြီးစိတ်​ဝင်​စားတတ်​ကြပါတယ်​။ကုန်​ကုန်​​ပြောရရင်​ အ​ပေါ့အပါးသွားရာမှာလဲ ဖြစ်​နိုင်​ရင်​(အခ)မ​ပေးရတဲ့​နေရာကိုပဲ သွားတတ်​ကြပါတယ်​။
အဲဒါ​တွေဟာ အဖိုးအခသက်​သာချင်​တဲ့ ကျွန်​​တော်​တို့ လူသားရဲ့သဘာဝဖြစ်​တာ​ကြောင့်​ အပြစ်​လဲမဟုတ်​ပါဘူး။
သို့​သော်​​.. သို့​​သော်​.. ဖရီးရဲ့​နောက်​ကွယ်​မှာ ဖရီးရယူသူကို ထိခိုက်​အကျိုးယုတ်​​စေမဲ့
အ​ကြောင်းအရာများလဲ ရှိ​နေတတ်​တာကို ဂရုပြု​စေလိုပါတယ်​။
ဥပမာ- အစားအ​သောက်​ စားစရာနဲ့ပတ်​သက်​တဲ့ ပစ္စည်း​တွေကို ​လျှော့​ဈေး​ရောင်း​နေတာ​တွေလို့
ဒါကို ဝယ်​ဖို့စိတ်​ကူးတယ်​ဆိုပါစို့။ကျွန်​​တော်​တို့ စစ်​​ဆေးဝယ်​ယူရပါလိမ့်​မယ်​။စားစရာထုတ်​ကုန်​ရဲ့ သတ်​မှတ်​ရက်​(Exp Date) ကုန်​ မကုန်​၊ လတ်​ဆတ်​မှုရှိမရှိ ၊အနံ့အသက်​ ​ကောင်းမ​ကောင်း​ပေါ့။ဒါ​တွေကို မကြည့်​ပဲ ​ဈေးချိုတာ သက်​သာတာ အပို​ပေးတာကိုပဲကြည့်​ဝယ်​ပြီး သုံးစွဲစားသုံးမိလို့
ကျန်းမာ​ရေးချွတ်​ယွင်းလာခဲ့ရင်​ ကျွန်​​တော်​တို့ မကုန်​ကျချင်​တဲ့ စရိတ်​ထက်​ အဆများစွာ ကုန်​ကျသွားနိုင်​တယ်​ဆိုတာကို ထည့်​သွင်းစဉ်းစား​စေချင်​ပါတယ်​။
စားစရာ မဟုတ်​ပဲ အသုံးအ​ဆောင်​ပစ္စည်းဆိုရင်
အလားတူပါပဲ။ဘယ်​လို​ကြောင့်​ ​ဈေးက ​freeနီးပါးဖြစ်​​နေတာလဲ။တကယ်​​ကော အသုံးတည့်​ရဲ့လား။အသုံးပြုလို့ အဆင်​​ပြေနိုင်​မလား အစရှိသလို ပစ္စည်းအ​ပေါ်မှာမူတည်​ပြီး ကျွန်​​တော်​တို့ စဉ်းစား​စစ်​​ဆေးရမဲ့ အရာ​လေး​တွေ ကွာခြားပါလိမ့်​မယ်​။အမှန်​တကယ်​ ​ဖောက်​သည်​လိုချင်​လို့ ​ဈေးချ​ရောင်းတာ​တွေလဲရှိပါတယ်​။ပြောခဲ့သလို အ​ကြောင်းတခုခု​ကြောင့်​ ​လျှော့​ဈေး​ပေးတာ​တွေလဲရှိပါလိမ့်​မယ်​။
ဘယ်​လိုပဲဖြစ်​ဖြစ်​ အသုံးပြုကြမဲ့ ကျွန်​​တော်​တို့အ​နေနဲ့ ​​သေ​သေချာချာ​ရွေးချယ်​နိုင်​ရင်​ အ​ကောင်းဆုံးပါပဲ။

IMG_20170828_182907.jpg

နောက်​ဥပမာ တစ်​ခုအ​နေနဲ့..
ကျွန်​​တော်​တို့​တွေ အင်​တာနက်​​ပေါ်မှာ လိုအပ်​ရာဖိုင်​များကို ​ဒေါင်းလုပ်​ဆွဲပီး အသုံးပြုတာမျိုးရှိပါတယ်​။အဲဒီမှာ ကြုံရ​လေ့ရှိတာက ကိုယ်​ရချင်​တဲ့ဖိုင်​​လေးတစ်​ခုကိုပဲ
ရိုးရိုး download ​ပေးတဲ့​နေရာ​တွေရှိသလို တချို့​ website​ပေါ်မှာ​တော့ အ​ရှေ့က freeဆိုတဲ့ စကားလုံး​လေးနဲ့ free download လို့​ပြောထားပါတယ်​။အဲဒီမှာ ကျွန်​​တော်​တို့ကလဲ ဒါ​လေးက​တော့ ဖရီးဆိုပဲ..လွယ်​လွယ်​ကူကူမြန်​မြန်​ဆန်​ဆန်​နဲ့ ပိုပြီးဆင်​​ပြေမှာပဲ လို​တွေးပြီး ဖရီး​ဒေါင်းလုပ်​လို့​ပြောတဲ့ နေရာက​နေ ဆွဲချလိုက်​တယ်​။
အဲဒီမှာ ​ဒေါင်းလုပ်​မလုပ်​ပဲ တခြားမဆိုင်​တဲ့ ​နေရာ​တွေကို အဆင့်​ဆင့်​​ရောက်​သွားတတ်​ပါတယ်​။
ဒေါင်းလုပ်​ လုပ်​လိုရခဲ့ရင်​လဲ လိုအပ်​တဲ့ဖိုင်​မဟုတ်​ပဲ
တခြားဖိုင်​ဖြစ်​​နေတတ်​ပြန်​ပါတယ်​။လိုအပ်​တဲ့ဖိုင်​ဟုတ်​ခဲ့ရင်​လဲ အင်​စ​တောလုပ်​ပြီးတဲ့​နောက်​ ကျွန်​​တော်​တို့ device က ​လေးလာသလိုလို ဘာလိုလိုဖြစ်​လာပြီး ဗိုင်းယပ်​​ကပ်​ပါ​နေတဲ့ ဖိုင်​ဖြစ်​​နေတတ်​ပြန်​​​ရော။signup ပြုလုပ်​ခြင်းဆိုင်​ရာမှာလဲ signup လုပ်​လိုက်​တာနဲ့ ဖရီး​ဒေါ်လာ ဘယ်​​လောက်​​ပေးမယ်​ ဆိုပြီး ဆွဲ​ဆောင်​​လေ့ရှိကြပါတယ်​။အထက်​မှာ​ပြောခဲ့တာ​တွေဟာ အများမြင်​လွယ်​နိုင်​မဲ့ ဥပမာ​လေး​တွေကိုပဲ​ပြောခဲ့တာပါ။ဖရီးကို ဗန်းပြပြီး ကျွန်​​တော်​တို့​တွေကို သူတို့ဆီအ​ရောက်​လာဖို့ သူတို့ရဲ့ထုတ်​ကုန်​​တွေကို သုံးစွဲဖို့ ဖိတ်​​ခေါ်​နေတဲ့ ​နေရာ​တွေ မ​ရေမတွက်​နိုင်​​အောင်​များပြားလှပါတယ်​။စီးပွား​ရေးဗျုဟာများမှာလဲ ဖရီးလုပ်​​ပေးရခြင်း အ​ကြောင်းအရာများစွာ ရှိ​နေပါလိမ့်​မယ်​။အမှန်​တကယ်​ အကျိုးရှိ​​စေတာများရှိသလို မူမမှန်​တာ​တွေလဲ ရှိ​နေမှာပါပဲ။

ဒီလိုဆို..ဖရီးသံကြားရင်​ အနားမကပ်​ပါနဲ့ လို့ဆိုလိုခြင်းမဟုတ်​ပါဘူးခင်​ဗျ။ကျွန်​​တော်​တို့​တွေဘက်​က "သတိ"​​လေးတော့ ရှိ​နေသင့်​ပါတယ်​။
free စကားလုံးမပါရင်​​ကော စိတ်​ချရပါ့မလားဆိုပြန်​ရင်​လဲ အပြည့်​အဝ​တော့ စိတ်​မချရ​သေးပါဘူး။ဒါ​ပေမယ့်​ ဖရီးပါတာထက်​​တော့ ထိခိုက်​နိုင်​မှု ရာခိုင်​နှုန်းနည်းနိုင်​ပါတယ်​လို့ ​ပြောပါ​စေခင်​ဗျ။

open-source-elearning-platform.jpg
Credit- Photos

တကယ့်​တကယ်​တမ်းမှာ လူအများ​ပြော​လေ့ရှိတဲ့ "ဘယ်​အရာမှ အလကား မရဘူး"ဆိုတဲ့စကားဟာ
မှန်​​နေခဲ့ပါတယ်​။အခ​ကြေး​ငွေ မ​ပေးရသည့်​တိုင်
အားအင်​တစ်​ခု​တော့ စိုက်​ထုတ်​ရစမြဲပါ။ကျွန်​​တော်​တို့​တွေဟာ အလကားရတယ်​လို့ ထင်​မိခဲ့တဲ့အရာ​လေး​တွေအ​ပေါ်မှာ သွယ်​ဝိုက်​​သောအားဖြင့်​ တစုံတခုကို ကိုယ်​ကိုတိုင်​မသိလိုက်​ပဲ အနည်းငယ်​​တော့ ​ပေးဆပ်​ထားခဲ့ကြမြဲ ဖြစ်​ပါတယ်​။

ဒီ​နေ့ကမ္ဘာ​မှာ လူတိုင်းလူတိုင်းက​လေးစားအားကျရပြီး ကြွယ်​ဝချမ်းသာ​နေကြတဲ့ ပုဂ္ဂိုလ်​ကြီး​တွေထဲမှာ Free ကြီးကြီးမားမားနဲ့ကြုံ ပြီးအလကားပွ​ပေါက်​တိုးလို့ ချမ်းသာလာသူရယ်​လို့ မရှိပါဘူးခင်​ဗျ။စိုင်​​ကော်​လို့ ချုံ​ပေါ်​ရောက်​ရင်​လဲ ခဏတာပါပဲ။

အခုလို freeနဲ့ပတ်​သက်​ပြီး ဒီစာ​လေးကို ​ရေးသားခြင်းဟာ မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမျှ ထိခိုက်​နစ်​နာ​စေလိုတဲ့ဆန္ဒ မရှိပဲ..
ပတ်​ဝန်းကျင်​မှာ ဖရီး​ကို မက်​မိလို့ အခက်​ရှိလာသူ​တွေကို မြင်​​နေကြား​နေရလို့ တ​ကြောင်း၊
လကားရလိုခြင်း အဖိုးအခသက်သာလိုခြင်း
ရေသာခိုလိုခြင်း ဆိုတဲ့ အလွယ်​(အ​ချောင်​)စိတ်​ကို ​ရှေ့တန်းမတင်​မိ​စေပဲ အဲဒီရဲ့ ​နောက်​ကွယ်မှာရှိ​နေနိုင်​တဲ့ ထင်​မှတ်​မထားမိ​သော နစ်​နာဆုံးမှုများကို ဂရုပြုမိကြ​စေလိုတဲ့ စိတ်​ဖြင့်​ မျှေ​ဝရခြင်းဖြစ်​ပါတယ်​ဆိုတာ ​ပြော​ရင်း နိဂုံးချုပ်​ပါရ​စေခင်​ဗျ။ ။

အားလုံး ​ဘေးရန်​ကင်းကွာ ကျန်းမာချမ်းသာကြပါ​စေ။

ချစ်​​သောအားဖြင့်
By - @Builderb

H2
H3
H4
3 columns
2 columns
1 column
Join the conversation now