Knowledge Sharing

blogsadia2.gif
မင်္ဂလာပါ..စတီးမစ်​ ​မောင်​နှမတို့ခင်​ဗျား
ကျွန်​​တော်​ ခုအရွယ်​အထိ စာ​ပေ​ဟော​ပြောပွဲကို
ကိုယ်​တိုင်​ကိုယ်​ကျသွားပြီး နား​ထောင်​ဖူးတာ
တစ်​ကြိမ်​ပဲရှိပါ​သေးတယ်​ခင်​ဗျ..ကြွားတယ်​လို့​တော့
မထင်​ပါနဲ့ခင်​ဗျ. :) :) အဲဒီပွဲမှာ စာ​ရေးဆရာ (3)ဦး
ဟော​ပြောခဲ့ပါတယ်​။သူတို့က​တော့
မင်းကိုနိုင်​၊ ဦးဖုန်း(ဓာတု)နဲ့ ​မောင်​သာချို တို့ဖြစ်​ပါတယ်​။
ဆရာ (3)​​ယောက်​ဆက်​တိုက်​ တစ်​​ယောက်​ပြီးတစ်​​ယောက်​ ​ဟော​ပြောသွားပါတယ်​။ အ​ရှေ့က ဆရာ(2)​ယောက်​ ​ပြောတာကို​တော့ ​ရေ​ရေရာရာ မမှတ်​မိ​တော့ပါဘူး။နောက်​ဆုံး ​​ဟော​ပြောတဲ့
ဆရာမောင်​သာချို ​ပြောတာ​လေး​တွေထဲက အခုထက်​ထိ မှတ်​ဥာဏ်​မှာ ထင်​ကျန်​​နေတာ​လေးကို ပြန်​လည်​မျှ​ဝေ​ပေးပါရ​စေခင်​ဗျ။
ကျွန်​​တော့်​အ​နေနဲ့ အ​တော့်​ကိုနှစ်​ခြိုက်​မိလို့လဲ
မ​မေ့​သေးတာ ဖြစ်​ပါတယ်​။အခု စတီးမစ်​က ညီအကို​မောင်​နှမ​တွေလဲ ဒါ​လေးကို ဖတ်​ကာ ယခုထက်​ပိုပြီး အသိဥာဏ်​စိတ်​ဓာတ်
အ​တွေးအ​ခေါ်မြင့်​မား​လိမ့်​မယ်​လို့လဲ ယုံကြည်​ပါတယ်​ခင်​ဗျ။ကျွန်​​တော်​ မှတ်​မိသမျှကို ဆရာ​ဟော​ပြော​နေသလို ပုံစံဖြင့်​ ပြန်​လည်​တင်​ဆက်​​ပေးလိုက်​ပါ
တယ်​ခင်​ဗျ။
hqdefault.jpg

"လူတွေမှာ အလေးထားရမဲ့ တန်ဖိုး (၃)မျိုးရှိပါတယ်...
(၁)Change Value- ဖလှယ်မှုတန်းဖိုး
ဒါကတော့ရှင်းပါတယ်၊ ငွေစက္ကူပဲပေါ့၊မိမိတို့လိုအပ်ရာနဲ့ လဲလှယ်စားသုံး သုံးဆောင်နိုင်တာပေါ့၊
(၂)Used Value- အသုံးချမှုတန်ဖိုး
လူတိုင်းလူတိုင်း နေ့စဉ် အသုံးပြုနေကြတဲ့ လူ့အသုံး အဆောင် ပစ္စည်းတွေပဲပေါ့ ။
ဒါပေမယ့် တချို့တချို့သောသူတွေဟာ အဲဒီ တန်ဖိုးနှစ်ခုမှာပဲ ရပ်တန့်သွားကြပါတယ်၊ ဖောဖောသီသီ သုံးနိုင်စွဲနိုင်မယ်၊ ဈေးကြီးကြီးလှလှပပ အသုံးဆောင် ပစ္စည်းတွေကို အသုံးပြုနိုင်တယ်..ဆိုရင်ပဲ ဘ၀ဟာ ပြီးပြည့်စုံနေပြီ လို့မှတ်ထင်ပြီး ရောင့်ရဲကျေနပ်နေကြပါတယ်...
အဲဒီအချက်နှစ်ခုဟာ ရှိသင့်ရှိအပ်တာ မှန်ပေမယ့် လိုအပ်နေတဲ့ အချက်တခု ရှိပါသေးတယ်..။အဲဒါကတော့...
(၃)Sentimental Value- မြတ်နိုးလေးစားတတ်သော တန်ဖိုး
အဲဒီတန်ဖိုးကို ၀ယ်ယူလို့ မရနိုင်ပါဘူး။ဥပမာ- ဘုရားဆင်းတုတော်ကို ဖူးတွေ့လိုက်ရလို့ စိတ်ထဲမှာဖြစ်လာတဲ့ ကြည်ညိုမှုကို ငွေစက္ကူနဲ့ဝယ်လို့မရနိုင်ပါဘူး။ ဘုရားရှေ့မှာ ပုဆစ်တုတ်လေးထိုင်ပြီး ဘုရားဆင်းတုတော်ရဲ့ ကြည်လင်သန့်စင်တဲ့ မျက်နှာတော်ကို မော့ဖူးရင်းး
စိတ်ထဲမှာ "သြော်..ငါတို့ဘူရားရှင်က ရှင်ဘုရင့်သားတော်ဖြစ်ခဲ့ပါလား..သူသာတောင့်တမယ်ဆို အရာအားလုံး စိတ်တိုင်းကျကျ ခံစားစံစားနိုင်ပါလျက်နဲ့....နွေ၊မိုး၊ဆောင်းရာသီ အသီးသီး စံအိမ်တော်မှာ လိုတာတရုံနဲ့ ရနိုင်ပါလျက်နဲ့ ...ဇမ္ဖူကျွန်းတခုလုံးမှာ အလှဆုံးအမြတ်ဆုံး..ယသော်ဓရာဆိုတဲ့ ရှူမငြီး ချစ်ဇနီးနဲ့ သားလှရတနာ ရာဟုလာလေးကိုပါ စွန့်ခွာကျောခိုင်းပြီး သတ္တ၀ါအားလုံးသံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ရည်သန်ပြီး သားရဲပေါတဲ့ တောကြီးမျက်မဲထဲမှာ ဒုက္ခဆင်းရဲတွေကို ရင်ဆိုင်အံတုပြီး မှန်ကန်သော ဓမ္မကို ရှာဖွေခဲ့ရပါလားး"လို့ တွေးမိရင်း ရင်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကြည်ညိုလေးမြတ်မှုစိတ်မျိုးကို (Sentimental Value)လို့ ခေါ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းပုံကို မြင်မိရင်လဲ သူ့ရဲ့ လေးစားအပ်တဲ့ လုပ်ဆောင်ချက်တွေကို မြင်ယောင်မိတာဟာလဲ အဲဒီတန်ဖိုးပါပဲ...အစရှိသဖြင့်ပေါ့လေ......။
လူသားတိုင်း အဲ ဒီတန်ဖိုးကို
အလေးထားသိတတ်မှသာ အိမ်တအိမ်၊ရပ်ကွက်တခု၊မြို့တမြစ်မြို့၊နိုင်ငံတစ်နိုင်ငံဟာ..သာသာယာယာ အဓွန့်ရှည် တည်တံ့မှာဖြစ်ပါတယ်...။တိရစ္ဆာန်လောကမှာ အဲဒီတန်ဖိုးမရှိပါဘူး...။
တာချီလိတ်ဖက်မှာ ဟောပြောပွဲတခုသွားရတုန်းက ရှမ်းကလေးတွေက စာအိတ်လေးတွေ ဝေတယ်..ကျွန်တော်တို့အဖွဲ့ကို။ တည်းခိုတဲ့နေရာရောက်လို့ ဖွင့်ကြည့်မိတော့ ထိုင်းဘတ်ငွေထွက်ကျလာတယ်ဗျ။ဒါနဲ့ ၀န်ထမ်းလေးတွေမေးကြည့်တော့ ..ဒီမှာ မြန်မာငွေသုံးလို့ မရဘူး..တဲ့၊သြ..ဒီလိုလားပေါ့.။နောက်..ကျွန်တော်မှာပါလာတဲ့ မြန်မာငွေလေးကို ဘတ်ငွေလဲတဲ့ဆိုင်သွားလဲဖြစ်သေးတယ်။ အဲမှာ..ကျွန်တော်အံ့အားသင့်ရတယ်....ငွေလဲပေးနေတဲ့ ကောင်မလေး တယောက်..စားပွဲလေးတလုံးပေါ်မှာ ဘတ်ငွေတွေတင်ထားတယ်...အောက်မြေကြီးပေါ်မှာ လာလဲတဲ့ မြန်မာငွေကိုပစ်ပစ်ချလိုက်တာဗျ။အလိပ်လိုက်လေးတွေ စီးစီးပြီးတော့ပေါ့...ဒီလိုနဲ့ ကျွန်တော့်အလှည့်ရောက်လာတော့ ကျွန်တော်လဲ ပါလာတဲ့ ငွေလေးထုတ်ပေးလိုက်တယ်..သူက ရေတွက်ပြီးတော့ လှမ်းပစ်ချပြန်ရော..ကျွန်တော် နားမလည်ဘူးဖြစ်နေတယ်..ပြီးတော့ သူက ဘတ်ငွေပြန်ပေးတော့...မနေနိုင်တာနဲ့ မေးလိုက်မိတယ်.."ညီမလေး ဘာဖြစ်လို့ မြန်မာငွေတွေကို အောက်မှာပစ်ချပြီး ထိုင်းဘတ်ငွေကို စားပွဲပေါ်ထားတာလဲ "ပေါ့...
အဲဒီမှာကောင်မလေးက.....ထိုင်းဘတ်တစ်ရွက်ကို ကိုင်ပြပြီး ပြောတယ်..."ဦး...ကြည့်ပါတဲ့ ဒီပိုက်ဆံတွေမှာက သူတို့နိုင်ငံက လေးစားရမဲ့ ခေါင်းဆောင်ကြီးရဲ့ ပုံပါတယ်တဲ့....မြန်မာငွေမှာက ဆင်ပုံ မြင်းပုံ တိရစ္ဆာန်ပုံတွေနဲ့ ဘာမှလေးစားစရာ မပါဘူးတဲ့..အဒါကြောင့် အောက်မှာထားတာပါ..".............။
သြောာာ..ဆိုပြီး..ကျွန်တော်နားလည်သွားမိတော့တယ်....ဒါဟာ (sentimental Value) ပါလား..လို့.။
အားလုံးလိုအင်​ပြည်​ကြပါ​စေ။
Photo Credit -Google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now