လိုချင်တာ ရအောင်ယူနည်း

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ဆွဲဆောင်ခြင်းနိယာမ၊ စိတ်ကူးပုံဖော်ခြင်းနှင့်
စကြဝဠာကြီးဆီက လိုချင်တာ တောင်းခံယူခြင်း
တို့နှင့် ပတ်သက်၍ စကားလေးနည်းနည်းလောက်
ပြောပါရစေ....

*ဆွဲဆောင်ခြင်းနိယာမမှာ
အတိတ် အနာဂတ် ဆိုတာမရှိဘူး။
လက်ရှိလက်ငင်းအချိန်အခါပဲရှိတယ်။
အတိတ်အကြောင်းပဲ ပြန်တွေးလည်း
ယခုပြန်ဖြစ်လာနိုင်တာပဲ။
အနာဂတ် အကြောင်း မျှော်တွေးလည်း
ယခုဖြစ်လာနိုင်တာပါပဲ။
မိမိထုတ်လွှတ်လိုက်တဲ့လှိုင်းတွေဟာ
အချိန်အခါရွေးနေမှာ မဟုတ်ပါဘူး။
စကြ၀ဠာရဲ့ အစီအစဉ် ချပေးမှုကိုတော့
မျက်စိနောက်လောက်အောင်
အာရုံမများပါနဲ့။
ဆိုလိုတာက ခု ဒီဟာတောင်းလိုက် ဟိုဟာတောင်းလိုက်
ခဏခဏပြောင်းလဲမနေဖို့ ပြောတာပါ။
လိုချင်ဖြစ်ချင်တာတစ်ခုတည်း သီးသန့်
တောင်းဆိုပါ။
တစ်ခုပြီးမှ နောက်တစ်ခုပေါ့။
မမေ့နဲ့နော် အိပ်မက်တွေ တကယ်ဖြစ်လာမှာပါ။

  • လူသားတွေ စိတ်ကူးပုံဖော်မြင်
    ယောင်ခြင်းရဲ့ အကြီးမားဆုံးလက်
    ဆောင်က အကန့်အသတ်မရှိဘူး။
    ပြီးဆုံးသွားတာမျိုး မရှိဘူး။

ဒါကြောင့် ကျွန်တော်တို့ အသိစိတ်ကနေပြီး
ဖြစ်နိုင်၊ မဖြစ်နိုင်ကို ဆုံးဖြတ်ကန့်သတ်ပြီး
စိတ်ကူးအိပ်မက်တာတွေ မလုပ်သင့်ပါဘူး။
နှလုံးသားထဲက ခံစားရတဲ့အတိုင်း
လွတ်လပ်ပျော်ရွှင်စွာ စိတ်ကူးအိပ်မက်လိုက်ပါ။ တကယ်ဖြစ်လာမှာပဲပေါ့။

ကဲ!
ခု မိတ်ဆွေတို့ ဖြစ်မြောက်ရယူလိုတာတွေ အတွက်
စကြဝဠာကြီးဆီက စိတ်ကူးပုံဖော် ဆွဲဆောင်ရယူရာတွင်
လိုက်နာရမည့် အချက်အလက်အချို့ကို
မျှဝေပေးပြီးပါပြီ။
လက်တွေ့ လုပ်ဆောင်ရမှာကတော့
မိတ်ဆွေတို့၏ တာဝန်သာ....

..... ဟိန်းခန့်မောင် ......

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....
image
MSC - 193

@billionairehein

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center