Feeling Poem

မင်္ဂလာပါ မိတ်ဆွေတို့ရေ....
image
ကျောင်းသားဘဝတုန်းက သူငယ်ချင်းတစ်ယောက်
အပေါ်မှာ ပြုမူ ဖြစ်တည် ခံစားခဲ့ရသလို ရေးသားထားခဲ့တဲ့
ကဗျာမပီ စာမညီတာလေး ရေးတင်ပေးလိုက်ပါတယ်။
ခုတော့ အဲဒီသူငယ်ချင်းဟာ ဘယ်သူဘယ်ဝါ ဘယ်မှာနေ
တာ ဆိုတာကိုတောင် ကောင်းကောင်းမမှတ်မိတော့ပါဘူး။
ကဗျာအမည်လေးက (သူငယ်ချင်း...သို့) ဟု
ပေးထားခဲ့သလို (အဖြေရှာမရတဲ့ ပုစ္ဆာ ) ဟုလည်း
ရေးထားခဲ့ပါတယ်။ ကဲ...ဖတ်ရှုခံစားကြည့်ကြပါဦး။

သူငယ်ချင်း...သို့ - အဖြေရှာမရတဲ့ ပုစ္ဆာ

  • နင် မရှိခါမှ...
    နင့် ကျေးဇူးတွေကို
    နားလည်တတ်ခဲ့ပြီ
    ဟုတ်တယ်။
    ငါ့ရင်ထဲက
    ကမောက်ကမတွေ...
    နင့်ဆီမှာ ရင်ဖွင့်
    ဝေဒနာတွေ သက်သာခဲ့ရတယ်။
    ကြောင်တောင်တောင် စကားလုံးတွေနဲ့
    နင် တစ်ယောက်ကို ကျီစား
    ကြည်နူးခဲ့ရဖူးတယ်။
    မကျေမနပ် လေသံဟန်ပန်နဲ့
    နင့်ကိုမှ အနိုင်ယူလို့
    ရယ်ခဲ့ရဖူးတယ်။
    ခုတော့...
    နင်မရှိတဲ့...
    ညနေတွေဟာ
    ငါ့ကို...
    ရယ်မောနေကြပြီ
    ခြောက်လှန့်လို့ ကျီစယ်နေကြပြီ
    ဝေဒနာတွေ ပေးလို့ အနိုင်ယူကြပြီ
    တစ်ကယ်ဆို... ဒါဟာ
    နင့်တန်ဖိုးကို...
    နားမလည် တတ်ခဲ့လို့လား
    ပြန်လာပါတော့ ကွယ်....။ ။
    ............... ခက်ဝေ ................
    image
    မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ
    @billionairehein
H2
H3
H4
3 columns
2 columns
1 column
Join the conversation now