လေ့လာ လေ့ကျင့် လုပ်ဆောင်ပါ

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ဘဝမှာ မိမိတို့ ဖြစ်မြောက်ချင်တာတွေ အတွက်
ဆောင်ရွက်ရမည့် အချက် သုံးချက် ကို မျှဝေပေးပါမယ်။
၎င်းတို့မှာ လ သုံးလုံး ဟူသော
လေ့လာပါ။ လေ့ကျင့်ပါ။ လုပ်ဆောင်ပါ။

ကျွန်တော်တို့ဟာ မိမိရဲ့ ခန္ဓာကိုယ်၊
စိတ်ပိုင်းဆိုင်ရာများနှင့် ဝိဉာဏ်ပိုင်းဆိုင်ရာတွေမှာ
ဂရုတစိုက်ရှိစွာ ပြုမူလုပ်ဆောင်နေထိုင်တတ်ဖို့
သင်ယူမှု ပိုမိုလုပ်ဆောင်လေလေ
ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ ခံစားမှုတွေကို
ပိုမိုသာယာစွာ နေနိုင်လေလေ ဖြစ်ပါတယ်။
ပြီးတော့ အရာရာမှာ လုပ်ဆောင်နိုင်စွမ်းတွေလည်း ပိုမိုတိုးတတ်လာလေပါပဲ။
ဟုတ်ပါတယ်။
ဗဟုသုတ ကို ဉာဏ်ပညာ အဖြစ်
ပြောင်းလဲနိုင်ပါက စွမ်းအားတွေ ပိုမို ရရှိလာတာပါ။
ဗဟုသုတကို လက်တွေ့ လုပ်ဆောင်တဲ့အခါ
အတွေ့အကြုံ ရလာပါတယ်။
အတွေ့အကြုံကို ထပ်မံလုပ်ဆောင်တဲ့အခါ
ကျွမ်းကျင်မှု ရလာပါတယ်။
ကျွမ်းကျင်မှု ရလာတဲ့အခါကြတော့ မိမိကိုယ်ကို
ယုံကြည်မှု ပိုမိုရရှိလာပြီး စွမ်းဆောင်ရည်
တိုးတတ်လာကာ အောင်မြင်မှု ရလာမှာပါပဲ။
ဒါကြောင့် မိမိနဲ့ ပတ်သက်ဆက်စပ်မည့်
အရာရာတိုင်းကို
လေ့လာပါ၊ လေ့ကျင့်ပါ၊ လုပ်ဆောင်ပါ။
အောင်မြင်မှုက လက်တကမ်းမှာပါ။
အထက်ပါ အချက် သုံးချက် ကို မဖြစ်မနေ
ဆောင်ရွက်ပါဗျာ....

... .... .. ... ဟိန်းခန့်မောင်... ...... ...
image
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center