အောင်မြင်စေရေး လိုက်နာပေး

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ဘဝမှာ မိမိတို့ အလိုရှိသော အရာတွေကို
ရရှိစေရန် သို့မဟုတ် အောင်မြင်မှု ရရှိစေရန်
ထားရှိရမည့် သဘောထားနှင့် လိုက်နာသင့်တဲ့
အချက်လေးများကို မျှဝေပေးပါရစေ...

  • အောင်မြင်မှု ဆိုတာ
    တနေ့ပြီးတနေ့ စွမ်းဆောင်ရရှိထားတဲ့
    ထပ်ခါထပ်ခါရရှိနေတဲ့ အသေးစားလေးများ
    ပေါင်းစုမှုပါပဲ။
    သင် နေ့စဉ်ဆောင်ရွက်နေတာတွေ
    မပြောင်းလဲသေးရင် သင့်ဘဝလည်း
    ပြောင်းလဲမှာ မဟုတ်ပါဘူး။
  • မင်းရဲ့ အိပ်မက်၊ပန်းတိုင်ကို
    ဆုပ်ကိုင်ဖို့၊ ထိတွေ့ရောက်ရှိဖို့ရန်
    အသစ်အသစ်သောဗဟုသုတတွေ
    ထပ်မံလေ့လာဖို့ မလိုအပ်တော့ဘူး၊
    အရာအားလုံး သိပြီးသားတွေလို့
    ထင်မှတ်ယူဆနေပါသလား။
    ဒါဆိုရင်တော့ မင်းက ရပ်တန့်နေတဲ့
    လူတစ်ယောက်ပါပဲ။ ရပ်တန့်နေလို့
    ခရီးရောက်သွားတဲ့သူ ကြားဖူးပါသလား။
  • အောင်မြင်မှုက ပျော်ရွှင်မှုကိုဖွင့်တဲ့သော့
    မဟုတ်ပါဘူး။ ပျော်ရွှင်မှုကသာ အောင်မြင်မှု
    ကို ဖွင့်နိုင်တဲ့သော့ပါပဲ။
    မိမိလုပ်ဆောင်နေတာတွေကို ချစ်မြတ်နိုး
    ပျော်ရွှင်စွာ လုပ်ဆောင်တတ်ရပါမယ်။
    အလုပ်မှာ ပျော်ရွှင်နေတတ်ခြင်းဟာ
    အလုပ်ပြီးမြောက်အောင်မြင်စေပါတယ်။
    ဘာပဲလုပ်လုပ် ပျော်ပျော်သာလုပ်လိုက်ပါ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

image

MSC - 193

@billionairehein

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center