နဂါးမောက်စေတီရှိရာကျောက်တစ်လုံးတောင်

အထင်ကရမြို့ အနား က အထီးကျန်တောင် သို့ မဟုတ် နဂါးမောက်စေတီနှင့်ကျောက်တစ်လုံးတောင် ရပ်ဝေးကအမျိုးတွေလာလည်ရင် မော်လမြိုင် မြို့ ခံတွေလိုက်လံပို့ ဆောင်ပေးတဲ့ အထင်ကရနေရာတွေ
မော်လမြိုင်၊မုဒုံ အနီးတ၀ိုက်မှာ အများကြီးရှိနေပါတယ်၊ ဒါပေမဲ့ အမြဲလိုလို အကြောင်းကြောင်းကြောင့် မေ့လျော့ထားတဲ့
နေရာလေးတခုရှိပါတယ်။ လူသူအသွားအလာ များတဲ့လမ်းမကြီး နံဘေးမှာ တည်ရှိပေမဲ့ လူတွေ အလည်အပတ် နည်းကြလို့ အဲ့ဒီ
တောင်ကလေး က အထီးကျန်နေပါတယ်။
ဒါကြောင့် ဒီတပတ် ပိတ်ရက်မှာ အမေ့လျော့ခံအထီးကျန်တောင်ကလေးဆီ ကို ကျတော်တို့ တွေသွားရောက်လည်ပတ်ရင်းတောင်တော်ပေါ်က နဂါးမောက်စေတီ ကိုလည်း ဖူးမြော်ခွင့်ရခဲ့ပါတယ်။ ကျောက်သားအတိပြီးတဲ့တောင် ပေါ်သို့  အုတ်လှေခါးတွေကိုတဆင့်ခြင်းနင်းဖြတ်ပြီး တောင်ရဲ့ အမြင့်ဆုံးနေရာ နဂါးမောက်တောင်စေတီ ကိုေ၇ာက်ပါတယ်။ လွင်ပြင်ထဲ ထီးထီးကြီးရှိနေလို့  မြင့်တယ်လို့ ထင်ရပေမဲ့ တကယ်တမ်း တက်တော့ မိနစ် ၂၀တောင်မကြာပါဘူး။
တောင်ရဲ့ အရှေ့ ဘက်ခြမ်းမှာ သူ့ လို ပဲ အဖော်ကွဲနေတဲ့တောင်တလုံးရှိနေပါတယ်။ အဲ့ ဒီတောင်မှာ ဟိနူဘုရားကျောင်းတည်ထားလို့ ကုလားကျောက်တစ်လုံးတောင် လို့ လူသိများပြီး နဂါးမောက်စေတီရှိရာ တောင်ကိုတော့ မြန်မာကျောက်တစ်လုံးရယ်လို့ လူသိများပါတယ်။
တောင်င်ထိပ် ကလှမ်းကြည့်လိုက်ရင် ၀င်းစိန်တောရ အ၀င် ဗျိုင်းနှစ်ကောင် မုဒ်ဦး နဲ့ ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူ ဘုရားကြီးကိုလည်း လှမ်းမြင်နိုင်ပါတယ်။ တောင်ရဲ့ အနောက်ဘက်ခြမ်း မှာတော့ စိမ်းစိုစို လယ်ကွင်း များ ကို မိုးကုတ်စက်ဝိုင်း က အနားသပ်ထားတာမို့  မျက်စိတဆုံး အတားအဆီးမဲ့ ရှု့ မြင်ရတဲ့ မြင်ကွင်း ဟာ ကျတော်တို့ ထံ ကိုယ်စိတ်နှလုံးအေးချမ်းခြင်းဆိုတဲ့ကောင်းခြင်းမင်္ဂလာကို ယူဆောင်လာပါတော့တယ်။
မိုးရာသီ ကာလဖြစ်လို့ ကောင်းကင်ယံမှာ တိမ်တွေအုံ့ နေပြီး ဘေးပတ်လည် သာယာအေးမြတဲ့ ပတ်ဝန်းကျင် ကို အထီးကျန်တောင်လေးထက်ကနေ့  အမျိုးတို့ ရှု့ မြင်ခံစားရဖို့ အတွက် … တခါမှမရောက်ဖူးသေးတဲ့အမျိုးတွေ တောင်ပေါ်မှာ ကျောက်ဆောင် ကျောက်ခက်တွေနဲ့ဘယ်လောက်လှသလဲဆိုတာသိနိုင်ဖို့ ရော၊ ရောက်ဖူးပြီး ထပ်မရောက်သေးတဲ့ အမျိုးတွေ တောင်ပေါ်မှာ ဘာတွေပြောင်းလဲနေသလဲဆိုတာ သိနိုင်ဖို့ ရော …….. အမေ့လျော့ခံ အထီးကျန်တောင်လေးဆီ ကို တခါတခေါက် အရောက်လာဖို့ ဖိတ်ခေါ်လိုက်ပါရစေ၊
နဂါးမောက်စေတီရှိရာ ကျောက်တလုံးတောင်တော်ရဲ့ရှုခင်းများ
credit #fb
image image image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now