မို နှင့် ဆိုင်ကယ်မောင်းသင်ခြင်း

image

Steemit members အားလုံး မင်္ဂလာပါရှင်။
ခုတလော Steemit မှာ postတင်ဖို့ စာမရေးနိုင် မအားနိုင်အောင် ဖြစ်နေပါတယ်။ ဘာလို့ဆို အရင်က တစ်နေကုန် အလုပ်သွား ပြန်လာရင် ရေချိုး ထမင်းစားပြီးတာနဲ့ postတင်ဖို့ အကြောင်းအရာတွေ စဉ်းစား စဉ်းစားလို့ ရတာနဲ့ ချရေး postတင်ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီချိန်လေးမှာ ဆိုင်ကယ် မောင်း သင်နေတာ တစ်လပြည့် ခါနီးပြီးပေါ့။ သူများတွေတွက် ဆိုင်ကယ်မောင်း သင်ခြင်းဟာ ရက်ပိုင်းလောက်နဲ့ တက်နိုင်ပင်မယ့် မိုတွက်တော့ တစ်လနီးပါးရှိတာတောင် မတက်တစ်တက် ဖြစ်နေသေးတာမို့ မိုတွက်တော့ ခက်ခဲလွန်းတယ် ဆိုရမှာပေါ့နော်။

image

အရင်ကလည်း မိုတစ်ခါ နှစ်ခါ မောင်းသင်ဖူးပါတယ်။ သင်ရင်းနဲ့ မှောက်ပြီး ဒဏ်ရာတွေ ရဖူးတော့ ကြောက်ပြီး လက်လျှော့ခဲ့တာ တော်တော် ကြာပေါ့။ အခုမှ စိတ်ကူးပေါက်ပြီး ပြန်သင်ချင်စိတ်တွေ ဖြစ်လာတာကတော့ အော်တို ဆိုင်ကယ်တွေ သူများတွေ စီးတာတွေ့တော့ အဲဒီ ဆိုင်ကယ်မျိုးဆို အာရုံက အပေါ်တစ်ခုပဲ ဆိုတော့ လွယ်လိမ့်မယ်လို့ မိုတွေးမိတယ်။ မိုအတွေးနဲ့ မိုပေါ့နော်။ အိမ်မှာက ဆိုင်ကယ် ရှိပင်မယ့် အော်တို မဟုတ်တော့ အော်တို ဆိုင်ကယ်ဝယ်ဖို့ အချိန်တော်တော်ကြာ အရူးထပြီး ဝယ်ဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ရူးသလဲဆို သူများတွေက ဆိုင်ကယ်စီးတက်လို့ ဆိုင်ကယ်ဝယ်တာ မိုကမစီးတက်ပဲနဲ့ ဆိုင်ကယ် ဝယ်တာလေ။ သင်ပေးမယ့် မောင်လေးကိုလည်း ကြိုပြောထားရတာ မိုကို စိတ်ရှည်ရှည်နဲ့ သင်ပေးဖို့ကို ကိုယ်ကမှောက်ထားဖူးတော့ စိတ်ကမရဲတော့ စီးတက်ချင်တာပဲသိတာလေ။

ဆိုင်ကယ်စီးတက်ချင်တာကလည်း တစ်ခုခု သွားတော့မယ်ဆို သူများကြီး အားကိုးနေရတာနဲ့ သူများမပို့ပေးရင် မသွားဖြစ်တော့တာတွေနဲ့ ဆိုတော့ ဆိုင်ကယ် အရမ်းစီးတက်ချင်တာ အိမ်မှာက မိန်းကလေးများတယ် ယောကျာ်းလေးက နှစ်ယောက်ပဲ ရှိတာ မိန်းကလေးတွေက တစ်ယောက်မှ မစီးတက် တစ်ခုခုသွားချင် သူတို့ပဲ အားကိုးနေရတာ ဦးလေးဆိုတာက အားကိုးလို့ မရ သူဟာသူချည်း သွားနေတာက များနေ မောင်လေးကလည်း အကုန်လုံးကို သူတစ်ယောက်တည်း ပို့ရတာ ဆိုတော့ တစ်ခါတစ်လေ မပို့ချင်ဘူးလေ။ အန်တီတွေက သင်ဖို့အားပေးကြတာ သင်ဖို့ စိတ်က ပြန်ပေါက်လာတာလေ။

image

မိုက ငယ်ငယ်လေးတည်းက ဘာသင်သင် သူများထက် ပိုကြိုးစားရတယ်။ လွယ်လွယ်ကူကူ ဘယ်တော့မှ တက်လေ့မရှိ။ အဲ့ဒါကြောင့်လည်း မဖြစ်မနေ လိုအပ်တဲ့ အရာတွေလောက်ပဲ မိုသင်လေ့ရှိတယ်။ မလိုအပ်ဘူး ထင်တဲ့ အရာတွေဆို စိတ်ရှုတ်ခံပြီး မိုမသင်တော့ဘူး။ အဲဒါတွေကြောင့်လည်း ပါတယ် စက်ဘီးဆိုလည်း ဟုတ်တိပတ်တိ မစီးတက် ငယ်ငယ်က အိမ်နဲ့ ကျောင်းက ခြေဆယ်လှမ်းလောက်နဲ့ ရောက်တာဆိုတော့ စက်ဘီးလည်း မလိုအပ်တော့ မသင် နည်းနည်းကြီးတော့ သူများစီးတာ မြင်တော့ လိုက်ကောက်စီးတာ သေချာတော့ မသင် အဲလိုပဲ အပျော်လိုက်စီးရင် အကွေ့မှာ တစ်ခါမှောက် ပြန်တော့ နာလည်းနာ ရှက်လည်းရှက်တာနဲ့ အဲဒီတည်းက စက်ဘီး မစီးတော့ပြန်။ စက်ဘီးလည်း သေချာ မကျွမ်းကျင် အခုဆိုင်ကယ်သင်တော့ နဂိုက သူများထက် ပိုကြိုးစားမှ ရတက်သူဆိုတော့ မိုတွက်တော့ ဆိုင်ကယ်သင်ခြင်းဟာလည်း သိပ်ကို ခက်ခဲလွန်းနေတာပေါ့။

image

ဒါပေမဲ့ မိုသင်မယ်လို့ ဆုံးဖြတ်ထားပြီးတာမို့ ရအောင်သင်မယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားနေဆဲပါ။ ဆိုင်ကယ်ပေါ် စစတက်ခြင်း ကြောက်စိတ်က တစ်အားကို လွှမ်းမိုးထားတာမို့ ဘယ်လိုမှ အလုပ်မဖြစ် ရက်ပိုင်းလောက် သင်ပြီး မထူးခြား လာသေး သူများတွေ တစ်ရက် နှစ်ရက်နဲ့ တက်တာ ငါက ဘာလို့ အဲ့လောက်တောင် ညံ့ဖျင်းနေရတာလည်း ဆိုပြီး ဝမ်းနည်း စိတ်တို လက်လျှော့ချင် လာပြန်တယ်။ တစ်ဖက်မှာလည်း ကုန်ထားတဲ့ ပိုက်ဆံတွေ အချိန်တွေ တက်ချင်စိတ်တွေက ရှိနေတော့ ဒွိဟတွေနဲ့ ဆက်သင်ပြန်ပေါ့။ အခုတော့ ရက်ပိုင်းနည်းနည်း ကြာတော့ လမ်းဖြောင့်ဆို ကိုယ့်ဘာသာ မောင်းလို့ ရလာပင်မယ့် စထွက်တာတို့ ရပ်တာတို့မှာ အဆင်မပြေသေး ကြိုးစားပြီးတော့ သင်နေဆဲ။ တစ်ခါတစ်လည်း ဘာလို့မသိ လက်လျော့ချင် ဒါပေမဲ့လည်း စသင်တည်းက ဘယ်ဆိုင်ကယ် သင်သင် တက်မှာ မဟုတ်ဖူး ပြောတဲ့သူကပြော နင့်အရပ်က မှီိလို့လားလို့ ဝိုင်းစသူက စဆိုတော့ ကိုယ့်ကိုယ်ကို ငါလက်လျှော့လို့ မဖြစ်ဘူးဆိုပြီး အကြိမ်များစွာ သတိပေးရင်း ကြိုးစားသင်ယူနေဆဲပါ။ အခုချိန်မှ လက်လျှော့ရင်လည်း မိုတွက်က အရှူံးကြီးသာ။ မိုအရှူံးမပေးချင်ဘူး။ မိုအောင်မြင်ချင်တယ် မိုတက်မြောက်ချင်တယ် ဒါကြောင့် မိုကြိုးစား သင်ယူနေပါတယ်။ မကြိုးစားပဲနဲ့တော့ ဘယ်အရာမှ အလကားမရဘူး ဆိုတဲ့ စိတ်ဓါတ်ခွန်းအားတွေ အကြောင်းရေးတဲ့ ဆရာတစ်ယောက်ရဲ့ စကားပါ။ ဒါကြောင့် အရှူံးမပေးပဲ ဆိုင်ကယ် မောင်းခြင်းကို မိုကြိုးစား သင်ယူနေတာမို့ ဆိုင်ကယ်သင်ပြီး ပြန်လာရင် လူမော စိတ်မောနဲ့မို့ စာလည်းမရေးနိုင် စဉ်းလည်း မစဉ်းစားနိုင်နဲ့ အိပ်ပျော်ပျော်သွားလို့ postလည်း မတင်နိုင် ဖြစ်နေတာလေးကို မိုရဲ့ အလုပ်နားရက်လေးမှာ မိုနဲ့ဆိုင်ကယ်မောင်းသင်ခြင်း အကြောင်းလေးကိုပဲ ချရေးရင် ဝေမျှလိုက်ပါတယ်ရှင်။
အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေရှင်။
Author@ayemomo(MSC-051)
Photo by my phone& google

H2
H3
H4
3 columns
2 columns
1 column
35 Comments