ရင်တထိတ်ထိတ်နဲ့ပျော်ရသောဘောလုးံပွဲ

ကျွန်မမြန်မာနှင့်ကန်သောဘောလုးံပွဲတိုင်းအမြဲအားပေးကြည့်ဖြစ်သည်။ဒီနေ့ လည်းမြန်မာနှင်ကမ္ဘောဒီးယားပွဲကိုmrtvကliveလွှင့်တာကိုရင်တထိတ်ထိတ်နဲ့ကြည့်နေရတယ်။ပထမပိုင်းကမ္ဘောဒီးယားဘက်မှတစ်ဂိုးသွင်းရောကျွန်မအစ်မကမကြည့်ချင်တော့ ဘူးတဲ့ဟိုဘက်ကတစ်ဂိုးသွင်းတော့ကြည့် ရတာရင်ထဲဖက်သပ်ဖက်သပ်နဲ့မို့ ဘောလုးံပွဲမကြည့်ဘဲကိုရီးယားဇာတ်ကားဘက်လှည့်ခိုင်းတယ်။ကျွန်မကလည်းတစ်ခါတစ်လေမှကြည့်တာကိုအလှည့်မပေးလို့ ပြောအနည်းငယ်စကားများကြတယ်တခြားဘောလုးံပွဲတွေတော့မကြည့်ဖြစ်ပါဘူးကိုယ်မြန်မာနှင့်ကန်တာဆိုတော့ကြည့်ချင်တာပေါ့သူတို့ အလျော့ပေးတာနဲ့ကျွန်မဘောလုးံပွဲဆက်ကြည့်ရတယ်။ image

ပထမပိုင်းကုန်သည်ထိမြန်မာကဂိုးမသွင်းနိုင်ပဲနားချိန်ရောက်သွားခဲ့စိတ်ထဲမကောင်းဘူးပေါ့ဒုတိယပိုင်းစတော့  အောင်သူပါလာတော့ပျော်လိုက်တာမြန်မာကတစ်ဂိုးသွင်းရောထအော်ပြီးလက်ခုပ်တွေတီးပြီးအားပေးလိုက်ရတာခြေပဂိုးပြန်သွင်းနိုင်ပြီပေါ့အဲ့နောက်မြန်မာကဂိုသွင်းဖို့ အခွင့်အရေးတွေရရဲ့နဲ့လွဲသွားလို့ အားမလိုအားမရ 'ဟာ' ဟင်နဲ့ပါပဲနောက်ထပ်တစ်ဂိုးပြီးတစ်ဂိုးသွင်းတော့ပျော်တာလေ၃ဂိုး၁ဂိုးဆိုတော့ပွဲပြီးဖို့ ကလည်းနီးနေပြီနိုင်တော့မယ်ပေါ့အဲ့ဒီမှာထပ်ဆောင်းအချိန်ပိုပေးတဲ့ချိန်ထဲမှာပဲတစ်ဂိုးထပ်သွင်းတော့ပိုပျော်သွားတယ်။

photo by @AyeAyeThaw

Author @AyeAyeThaw

H2
H3
H4
3 columns
2 columns
1 column
Join the conversation now