People

အရေးကြီးတဲ့ စိတ်ကူး
ကျွန်တော်အခုရေးချင်းမိတာအကြောင်းအရာလေးကတော့
ကျွန်တော်တို့ အားလုံးရဲ့စိတ်ကူးအကြောင်းလေးတွေကို
ကျွန်တော်ရေးကြည့်မှာပါ။အမှားပါရင်လည်း ခွင့်လွတ်ပေကြပါ
စိတ်ကူးမှာ..
စိတ်ကူးနဲ့ စိတ်ကူးယဉ်တယ်ဆိုတာ နှစ်မျိုးနှစ်စားရှိတယ်ဗျ
ကျွန်တော်အမြင်ပါ။အဲသည့် နှစ်မျိုးနှစ်စားကို ခွဲခွဲခြားခြား
သိတတ်ဖို့ လိုအပ်ပါတယ်ဗျ။

စိတ်ကူးခြင်းဟာ ဖြစ်နိုင်ဖွယ်အဖြစ်ကို စိတ်ကူးတာ
ဖြစ်နိုင်ဖွယ်ကို မျှော်မှန်းကြံစည် ကြီးစားတာပါ။
စိတ်ကူးမှာ မျှော်မှန်းပြီးမြင်နိုင်တဲ့ အမြင်ရှိတယ်လေဗျာ။

စိတ်ကူး ယဉ်ခြင်းကတော့သည်လိုမဟုတ်ပါဘူး။
ဖြစ်နိုင်တာ မဖြစ်နိုင်တာ လုံးဝမသေချာတော့ဘူး။
ဖြစ်ချင်တဲ့ အဖြစ်တို့ ကိုသာ ကြိုတင်တွေးတော
ရုပ်လုံးဖော်တာပဲ ဖြစ်နိုင်ခဲပါတယ်။
ကျွန်တော်တို့ လူ့ လောကမှာ ဖြစ်ချင်တိုင်ုးဖြစ်နိုင်တာ
မဟုတ်ပါဘူးဗျာ ဖြစ်ချင်တိုင်းသာ ဖြစ်ကြရင် အားလုံဘဝတွေဟာ ချမ်းသာနေကြမှပဲလေဗျာ မဟုတ်ဘူးလား
ဖြစ်ချင်တိုင်းမဖြစ်ကြလို့ သာ ဆင်းရဲနေကြရတာပေါ့ဗျာ။
မဖြစ်ချင်တာတွေ အများဆုံး ဖြစ်ကြရပါတယ်။အဲသည့်အချက်ကို သေသေချာချာ
သတိထားမိဖို့ လိုပါတယ်။
ဒါကြောင့် စိတ်ကူးယဉ်မှုကို အားမပေးပါနဲ့ ။
စိတ်ကူးယဉ်တာဟာ အချိန်ကုန်တယ် စိတ်ကူးယဉ်ခြင်းကို
သရုပ်ဖေါ်ရတာ မဖြစ်နိုင်တော့ လူပင်ပန်းတယ်လေ။
ဒါပေမယ်ဗျာ ကျွန်တော်ပြောချင်တာက စိတ်ကူးမှုကိုတော့
အားပေးပါ။ စိတ်ကူးမှုကို လေ့ကျင့်ယူပါ။ ကျွန်တော်အပါအဝင်
အားလုံးက ကြိုတင်စိတ်ကူး ကြံစည်ပြီးမှ သေသေချာချာ
ရုပ်လုံးဖော်နိုင်ရင် အကောင်းဆုံးပါပဲ။
စိတ်ကူးတဲ့နေရာမှာ အရှေ့ကိုလှမ်းမြင်းတတ်ပြီး
စိတ်ကူးသလို မိမိနောက်ကို ပြန်ကြည့်ပြီး နှိုင်းချိန်ဖို့ လည်း
လိုပါတယ် နောက်ကိုပြန်စိတ်ကူးတဲ့အခါ ပြုခဲ့သမျှတို
အကောင်းရော အဆိုးပါ မြင်နိုင်တယ်မဟုတ်လား။
ုမြင်တတ်အောင် စိတ်ကူးလေ့ကျင့်ရမယ် အဲသည်လို
စိတ်ကူးတာဟာ ကိုယ့်ကိုယ်ကို ဝေဖန်ခြင်းပါပဲ။
အများနည်းတူ မထူးခြားဘဲ စိတ်ကူးလုပ်ကိုင်ရင်တော့
မထူးမခြားလေပဲ ဖြစ်မှာပဲ အောင်မြင်ထူးချွန်ပြီး
ထူးထူးခြားခြားဖြစ်ချင်ရင် ထူးထူးခြားခြားကို
ကြံစည်ကြိုးစား စိတ်ကူးရမှာပါပဲ။ စိတ်ကူးရာမှာလည်း
သည်းခံရမယ် စိတ်ရှည်ရမယ် အချို့က စိတ်ကူးကိုတောင်
နည်းနည်ုခေါင်းရှုပ်လာရင် ဆက်ပြီး စိတ်မကူးတော့ဘူး
ပစ်ထားလိုက်ရော စိတ်ကူးကိုတောင် သည်းမခံကြဘူး။
အကိုတို့ အမတို့ ရောဘယ်လိုလဲဗျ ?
များများ စိတ်ကူးပြီး ပြတ်ပြတ်သားသားလုပ်ဆောင်နိုင်အောင်
ကျွန်တော်တို့ အားလုံးကြိုးစားကြရအောင်ဗျာ။

@ayeaye

H2
H3
H4
3 columns
2 columns
1 column
Join the conversation now