ချစ်ရပါသောသူဆီသို့

image
သူ့ကိုချစ်မိလို့ ငါ့ကိုယ်ငါတောင်မချစ်မိတော့ဘူး . .
ကျေနပ်ပါတော့ ကောင်ကလေး . .

ချစ်မိတာတွေပိုလာပြီး ကောင်ကလေးကိုပိုချစ်မိလာတော့
ငါ့ကိုယ်ငါပြန်ချစ်တတ်လာတယ် . .
ငါလှတာက သူ့အတွက်
ငါကြွယ်ဝတာက သူ့အတွက်
ငါ့အပြုံးတွေက သူ့အတွက်
ငါ့ပျော်ရွှင်စရာတွေကသူ့အတွက်
ဖြစ်လာပြီး ငါ့ကြောင့်ဖြစ်လာတဲ့ သူ့ရဲ့ သုခတွေနဲ့အတူ ခံစားချက်ချင်းစီးကူးလာတယ်လေ . .

ပိုသာယာသွားပြီပေါ့ ကောင်ကလေးရယ် . . .
ငါ့ကိုယ်ငါချစ်တတ်လာတာက မင်းကိုပိုချစ်လို့ပါ . . .
ငါ့ကိုယ်ငါချစ်တယ်ဆိုတဲ့ ပမာဏထက် မင်းကိုပိုချစ်တယ် . . .
ရေတွက်မရဘူးဆိုတဲ့ အနန္တသဘောတရားတွေ ဖြစ်ရပ်တွေရေတွက်ကြည့်ပါ . .
အဲ့ပမာဏက ငါမင်းကို ဘယ်လောက်ချစ်တယ်ဆိုတဲ့ ပမာဏပါ . .
ကောင်ကလေး . . .

အဲ့ပမာဏထဲစီးမျောကြည့်ပါ . . .
အနန္တဆိုတဲ့သတ်မှတ်ချက်တွေကြားထဲမှာ မင်းနဲ့ငါပျော်ပါးမှုကုဋေကုဋာ . .
သေချာတာကတော့ ငါ့ရဲ့အနန္တထဲမှာ မင်းနဲ့ငါဆိုတဲ့
တန်ဖိုးသတ်မှတ်ချက်တွေသာရှိပါတော့တယ် . . .

ငါ့ရဲ့ အနန္တလေးဆီသို့ . . . .

ကာရှိုင်း (ကြယ်စင်ချစ်သူ)
25.8.2017
@AuroKarshine
MSC--136

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center