စာရေးစရာ ကုန်ကြမ်းရှာနည်း

မင်္ဂလာပါMSC က ညီအကိုမောင်နှမများ။ ကျွန်တော်တို့တွေ steemit မှာစာတွေရေးလာခဲ့တာ ကျွန်တော်ဆိုရင် ခြောက်လလောက်ရှိပြီပေါ့နော်။ စာရေးဆရာများ မဟုတ်ကြတဲ့အတွက် ရေးတတ်သလိုလေးတွေရေးတင်ခဲ့ကြရင်း တစ်ချို့လည်း ရေးစရာအတော် ရှားပါးသွားဟန် တူပါရဲ့ 18+ ဘာတွေပါ ရေးတင်လာပါတယ်။ ရေးစရာရှားပါးနေတဲ့ သူတွေကို ရေးစရာပေါပါများများ ရရှိလာအောင် နည်းနည်း ညွှန်ပြချင်ပါတယ်။
download (7).png
စာရေးစရာ ကုန်ကြမ်းလုံးဝမရှိတော့ဘူးဆိုရင်တော့ ခေတ်ဟောင်းသီချင်း တစ်ပုဒ်လောက်ဖွင့်နားထောင်လိုက်ရင်ကိုက ရေးစရာတစ်သီတစ်တန်းကြီး ရနိုင်ပါလိမ့်မယ်။ဥပမာ တွံတေးသိန်းတန်ဆိုထားတဲ့ အသီးတစ်ရာ အညှာတစ်ခု သီချင်းနားထောင်မယ်ဆိုပါတော့။

" ခေါင်းလောင်းသံ တညံညံပေးတဲ့ ရွာကျောင်းကို ပြေးမြင်မိရင် သတိရနေတယ်သူငယ်ချင်းရယ် "

အဲဒီသီချင်းအစ တစ်ကြောင်းထဲမှာတင် ရေးတတ်ရင် ရေးတစ်သလောက် စာတစ်ပုဒ်ဖြစ်သွားနိုင်ပါတယ်။ ငယ်စဉ်ကတက်ခဲ့ရတဲ့ ကျောင်းကြီးရဲ့ အကြောင်းရယ် အတူတက်ခဲ့ရတဲ့ သူငယ်ချင်းတွေရဲ့ အကြောင်းရယ် သတိတရ ဖြစ်နေရတဲ့ အကြောင်းတွေရယ် ချဲ့ကားရေးမယ်ဆိုရင် သီချင်းစာသားရဲ့ အစတစ်ကြောင်းတည်းနဲ့တင် ကိုရီးယားလို အရှည်ကြီး ဖြစ်သွားအောင် ရေးလို့ရပါတယ်။

နောက်တစ်နည်း ရှိသေးတယ်။ ဘယ်ဆရာတော်ဟောတဲ့တရား ဖြစ်ဖြစ် တရားတစ်ပုဒ်လောက် ဖွင့်ပြီးနာကြည့်လိုက်ပါ။ တရားနာလို့ ကုသိုလ်ရမဲ့ အပြင် စာရေးဖို့အတွက် တစ်ခုခုပြန်ရလာမှာလည်း သေချာပါတယ်။ တရားတစ်ပုဒ်လုံး ပြီးအောင်နားမထောင်နိုင်တောင် နားထောင်နိုင်သလောက်ကနေ စာရေးစရာ တွေ့နိုင်ပါတယ်။ တရားထဲမှာပါတဲ့ အချက်အလက်တွေဟာ စာပြန်စီမယ်ဆိုရင် အခန်းဆက်ဝတ္ထု ရှည်ကြီး တစ်ပုဒ်ဖြစ်အောင် ရေးလို့ရပါတယ်။

ခဏဏ ပြောနေကြစကားဖြစ်တဲ့ စာရေးနိုင်ဖို့ စာဖတ်ဖို့ လိုတာလည်းထပ်ပြောပါရစေ။ စာဖတ်အားနည်းတဲ့သူက စာရေးအားနည်းနိုင်ပါတယ်။ စာဖတ်ရင်းကနေ စာရေးဖို့အထောက်အကူအများကြီးရတာကတော့ ပြောနေစရာကို မလိုပါဘူးဗျာ။

ကျွန်တော် ဒီစာမရေးခင်က ဂျာနယ်တစ်စောင် ခဏလှန်ကြည့်လိုက်မိပါတယ်။ ဂျာနယ်ထဲမှာ ကာတွန်းလေးပါလာပါတယ်။ ကာတွန်းထဲမှာ လူနှစ်ယောက်စကားပြောတဲ့ ပုံနှင့် စာလေးနှစ်ကြောင်းပဲ ပါပါတယ်။
IMG_20180317_090027.jpg

အဲဒီကာတွန်းထဲမှာ ပါတဲ့စာလေးနှစ်ကြောင်းထည်းနဲ့တင် ဆောင်းပါးတစ်ပုဒ်ဖြစ်အောင်ရေးလို့ရပါတယ်။ မိမိချဲ့တတ်ရင် ချဲ့တတ်သလောက် စာတစ်ပုဒ် ဖြစ်လာပါလိမ့်မယ်။

စာရေးစရာအကြောင်းအရာ ရှားပါးနေရင် သီချင်းနားထောင်ခြင်း တရားနာခြင်း စာဖတ်ခြင်းများကနေ ရေးစရာ များရလာနိုင်ပါတယ်လို့ လမ်းညွှန်ပေးချင်ပါတယ်ခင်ဗျာ။ ဟိုပလပ် ဒီပလပ် တော့ steemit မှာ မတင်စေချင်ပါဘူး။

MSC မှ သူငယ်ချင်းများစာပေအရေးအသား အတွေးအခေါ်များ တိုးတက်လာနိုင်ကြပါစေ။
image

Photos Credit >>>Google

Author>>>@aungzawhtwe

MSC : 014

H2
H3
H4
3 columns
2 columns
1 column
Join the conversation now