အတိတ်ကို ပြန်လည်တူးဆွခြင်း ( 2 )

အတိတ်ကိုပြန်လည်တူးဆွခြင်းအဆက်လေး ရေးမယ်ဗျာနော်။ အပိုင်း တစ်ကို မဖတ်ရသေးသူများကတော့ ကျွန်တော်ရဲ့ blog မှာပဲ ရှာဖတ်ကြည့်လိုက်ပေါ့ လင့်ကတော့ ပြန်ချပေးမနေတော့ပါဘူး။

လမ်းမှာဆိုက်ကားစီးရင်း အမျိုးသမီးနှစ်ယောက်က ကျွန်တော့်ကို တစ်ရက်ကိုဆိုက်ကားနင်းတာ ဘယ်လောက်ရသလဲ ဘာညာနဲ့ အလာပသလာပ စကားတွေပြောပြီး စပ်စုကြတယ်ဗျ။ ကျွန်တော်ကလည်း ပုံမှန်တော့မရှိတဲ့အကြောင်း တစ်ရက်ကို သုံးလေးထောင်တော့ ရတဲ့အကြောင်းပြန်ပြောတာပေါ့ဗျာ။ သူတို့ကမေးသေးတယ်ဗျ။ မနက်ခင်းဘက်ကို ဈေးတွေဘာတွေကို လိုက်ပို့ရတဲ့ ဈေးသည်တွေကို ဖောက်သည်လုပ်မထားဘူးလားတဲ့။ ကျွန်တော်ကလုပ်မထားတဲ့အကြောင်းပြောလိုက်တော့ အဆင်ပြေမယ်ဆိုရင်တဲ့ သူတို့နှစ်ယောက်ကို အကြိုအပို့ လုပ်ရတဲ့ ဖောက်သည်ထားပါ့လားတဲ့ တစ်ရကို အသွားနှစ်ထောင်နှုန်း အပြန်နှစ်ထောင်နှုန်းနဲ့ တစ်ရက်ကို လေးထောင်ပေးမယ်တဲ့။

ညနေခပ်မှောင်မှောင်ရောက်မှ ဒူကထောင်ရပ်ကွက်ကနေ စီတာပူက ဆွမ်ပရာ ဟော်တယ်ကို လိုက်ပို့ပေးရမယ်တဲ့ နောက်ရက်မနက်ငါးနာရီလောက်ကို နေ့တိုင်းလာကြိုပေးရမယ် လုပ်နိုင်ပါ့မလားတဲ့။ တွေ့တဲ့ဆိုက်ကားတိုင်းကို မခေါ်ချင်လို့ပြောတာဆိုပဲဗျ။ တနေကုန် လုပ်မှ လေးထောင်လောက်ပဲရတာလေ လက်ခံလိုက်တာပေါ့ဗျာ။ သူတို့ကို အကြိုအပို့ဖောက်သည်လုပ်ထားလို့လည်း နေ့လည်ခင်းလုပ်ရမဲ့ အလုပ်တွေမှမပျက်တာကိုး။

အဲဒီညကသူတို့က ဆိုက်ကားခ နှစ်ထောင်ပေးလိုက်တယ်ဗျ။ အိမ်ပြန်ရောက်တော့ ရွာကအဖေအမေတို့ဆီက စာရောက်နေတယ်။ မုံရွာမှာ ကျောင်းတက်ဖို့ပြန်ခဲ့ဖို့အကြောင်းပါ။ ကျွန်တော်လည်း မြစ်ကြီးနားမှာပဲ အလုပ်လုပ်ရင်းကျောင်းတက်မဲ့အကြောင်း စာပြန်ရေးပြီး ကျောင်းပြောင်းဖို့လိုအပ်တာတွေလုပ်ပေးဖို့ မှာလိုက်တယ်။
download (18).jpeg
တက္ကသိုလ်တက်ရတော့မယ်ဆိုတော့ ဆိုက်ကားကြီးနင်းသွားပြီး ကျောင်းသွားတက်ရင် ဂိုက်စပေါက်တော့ တည့်မှာမဟုတ်တဲ့အတွက် ကျွန်တော်စုဆောင်းထားတဲ့ပိုက်ဆံလေးနဲ့ ဆိုင်ကယ်တစ်စီး ဝယ်ဖို့ရှာရတော့တာပေါ့။ ရှာတယ်ဆိုတာကဒီလိုပါ။ အသစ်ဝယ်မယ်ဆိုရင်တော့ ဆိုင်မှာသွားဝယ်လိုက်လို့ရပေမဲ့ ကျွန်တော့်ဆီမှာ ရှိတာက အသစ်ဝယ်လိုက်ရင် ကျောင်းတက်ဖို့စရိတ်မလောက်တော့ဘူးလေ။ အဲဒီတော့ တစ်ပတ်ရစ် ပေါချောင်ကောင်း လိုက်ရှာရတာပေါ့ဗျာ။ အဲဒီခေတ်က တရုတ်ဆိုင်ကယ်တွေ အခုလောက်မပေါသေးဘူးလေ။
candy-scintillate-red-630x631.jpg
တစ်ရက်နှစ်ရက်လောက်နေတော့ လိုချင်တဲ့ အနေအထားနှင့် ဈေးအသင့်အတင့် ဆိုင်ကယ်တစ်စီးရလာပါတယ်။ ဆိုင်ကယ်လေးရလာတော့ ကျွန်တော်လည်း ဆိုက်ကားလေးကို အကိုဆီပြန်အပ်ပြီး ဆိုင်ကယ်နဲ့ ကယ်ရီဆွဲစားဖြစ်ခဲ့တယ်။ စက်လှေဂိတ်မှာပဲ ဂိတ်ထိုးတာပေါ့ဗျာ။ အရင်ဆိုက်ကားနင်းတုန်းကလို စက်လှေပေါ်မှာပါလာတဲ့ ဆီပေပါခွံတွေကို သယ်ပေးရ ဆီစစ်ပြီးယူလို့ရတဲ့ ဂွင်ကတော့ ပျောက်သွားတာပေါ့ဗျာ။ ဒါပေမဲ့ ဆိုင်ကယ်ကယ်ရီဆွဲနေရင်းနဲ့ ထပ်တွေ့လာတဲ့ ခွင်တွေကလည်း မနည်းဘူးဆိုပါတော့။ ဂွင်ဆိုတာ ငွေရပေါက်ရလမ်းကို ပြောတာပါ။
graphicstock-income-money-earning-pay-cash-word-3d-illustration_HwI2dXval_SB_PM.jpg
နေ့စဉ်အကြိုအပို့ လုပ်ပေးနေရတဲ့ အမျိုးသမီးနှစ်ယောက်ကိုလည်း ဆိုင်ကယ်နဲ့ပဲ အကြိုအပို့ လုပ်ဖြစ်ခဲ့တယ်ဆိုပါတော့။ အစပထမတော့ သူတို့ဘာအလုပ်လုပ်ကြတယ်ဆိုတာ မသိသေးဘူးဗျ။ သူတို့ဟာသူတို့ဘာလုပ်လုပ် ကျွန်တော့်အတွက် တစ်ရက်လေးထောင်ရရင်အဆင်ပြေနေတာပဲလေ။ နောက်ပိုင်းတော်တော်ရင်းနှီးလာမှ သိရတာက သူတို့က အသွေးအသားကို ဈေးကစားတဲ့ မဒီတွေ ဖြစ်နေတာပါလား။

အသွေးအသားကို ဈေးကစားပေမဲ့ သူတို့က ပေါလောရှောလော ဈေးထဲက တော့မထင်နဲ့ ကိုယ့်လူရေ။ ဟော်တယ်လောက်မှ မခေါ်နိုင်ရင်တော့ မလိုက်ဘူးဗျ။ ဟိုတယ်လောက်ဆိုတာက နေရာထိုင်ခင်းလောက်ပဲ ရှိသေးတာနော်။ သူတို့ရဲ့အသွေးအသားအတွက် ပေါက်တဲ့ပေါက်ကြေးကို ကျွန်တော်မသိသေးဘူးရယ်။

သူတို့က နေ့စဉ် ဆွမ်ပရာဟော်တယ်မှာ လုပ်စားနေကြရင်းကနေ ဈေးကွက်မကောင်းတော့တာလားဘာလား မသိပါဘူး။ ဗာစကိုဒကားမား လုပ်ချင်လာကြတယ်။ ဆိုလိုတာက နယ်မြေအသစ်ချဲ့ထွင်ချင်လာကြတယ်ပေါ့။ ကျွန်တော်နှင့်ကလည်း တော်တော်ကို ရင်းနှီးနေပြီလေ။ တစ်ရက်ကြတော့ ဟိုတယ်ကိုမပို့ခိုင်းပဲ မြို့ထဲက ညဈေးတန်းကို ပို့ခိုင်းတယ်။
mdy_market_2.jpg
ဟိုရောက်တော့ မပြန်သေးနဲ့ဦးဆိုပြီး စားစရာ သောက်စရာတွေ မှာပေးထားတယ်။ ကယ်ရီခကိုတော့ သူတို့အဆင်ပြေရင် ပြေသလိုကြည့်ပေးပါ့မယ်လို့လည်း ဆိုလာသေးသဗျ။
FEES.png
အစောကတော့ သူတို့ရဲ့ပေါက်ကြေးကို ကျွန်တော်မသိဘူးလို့ပြောခဲ့တယ်မို့လား။ သူတို့ရဲ့ စားကျက်ကို ညဈေးတန်းဘက် ပြောင်းလာခဲ့တဲ့အခါကျ တော့ ကျွန်တော်ဟာ ဈေးကွက်ဖွင့်ပေးရတဲ့သူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရတယ်ဗျာ။

နောက်တစ်ပိုင်းဆက်လက်အားပေးပါဦးနော်။
image

Photos Credit >>>Google

Author>>>@aungzawhtwe

MSC : 014

H2
H3
H4
3 columns
2 columns
1 column
Join the conversation now