Amber

These gems are included in the tree, but not mineral gems became amber's interesting I want to write about. Over 50 million years ago 25 million from the pine tree that seed became resin temperature span of the world and the oppression of millions of years, a transformation from the amber found as well.

'' Amber resin must be ''. Who visited on millions of pine tree resin from that seed in the Earth's temperature and pressure for several years, when the arrival of jewelry, converting noted rising.
Amber stone's characteristics without the other, like a stone cold natural contact with human skin and is slightly warm. Its color, gold, yellow gold, clear color, the color of amber color, Sepia, service capabilities, as called Orange, green, pink, yellow, Purple and white colors often tend to be found in a rare color .

Burma , Tanai in Kachin State and Sagaing Region swing and produce from the region is a popular market, in addition to some ethnic foreigners say that the blood circulation to be good and lucky stones and 4 amber stone was put on hold dear.
In addition, the tree's resin became amber amber resin into the case, the sticky nature of the 4 into the resin of trees are to be afflicted by accident Fragments Leaves Q. Pop butterfly, Ant and bumble bee, that is no longer out of a small drone with 4 resin and millions later, as in the amber fossils are attached. It the best, Tree branches, it is more expensive than other amber containing chart.

The tree resin that became amber amber resin before the accident in the trees which are to be afflicted Fragments bee butterfly ant leaves a small jet that is no longer out with resin millions of years later, do participate in amber fossils.

As well as those of other countries are Poland, Romania, Canada and the United States.
Aung Zaw Htwe

$_1.jpgjantar.jpg

ပယင်းဟာ ကျောက်မျက်ရတနာထဲမှာ ထည့်သွင်းထားပေမဲ့ တွင်းထွက်ကျောက်မျက်မျိုး မဟုတ်ဘဲ သစ်ပင်ကနေ ဖြစ်လာတဲ့ ပယင်းရဲ့ စိတ်ဝင်စားဖွယ် အကြောင်းတွေကို ရေးချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅သန်းကနေ သန်း ၅၀လောက်က ထင်းရှူးမျိုးနွယ် သစ်ပင်ကြီးတွေကနေ ဖြစ်လာတဲ့ သစ်စေးတွေဟာ ကမ္ဘာမြေကြီးရဲ့ အပူချိန်နဲ့ ဖိနှိပ်မှုကနေ နှစ်သန်းပေါင်းများစွာ ကြာတဲ့အချိန်မှာ အသွင်ပြောင်းပြီး ပယင်းအဖြစ် တွေ့ရှိလာရတာ ဖြစ်ပါတယ်။

''ပယင်းအစ သစ်စေးက'' ဟူ၍ ဆိုရပေမည်။ နှစ် သန်းပေါင်းများစွာက ပေါက်ရောက်ခဲ့ကြသော ထင်းရှူး မျိုးနွယ်သစ်ပင်ကြီးများမှ သစ်စေးများသည် ကမ္ဘာမြေ၏ အပူချိန်နှင့်ဖိအားကြောင့် နှစ်ပေါင်းများစွာ ကြာလာ သည့်အခါ ပယင်းဟူသော ရတနာအဖြစ်သို့ ပြောင်းလဲ ရောက်ရှိ လာကြောင်း မှတ်သားခဲ့ရပါသည်။
ပယင်းကျောက်၏ ထူးခြားချက်မှာ တခြားကျောက်များ ကဲ့သို့ အေးစက်သော သဘာဝမရှိဘဲ လူ၏ အရေပြားနှင့် ထိတွေ့ကြည့်ပါက အနည်းငယ် ပူနွေးနေခြင်း ဖြစ်သည်။ ပယင်း၏ အရောင်ဖြစ်သော ဝါရွှေရွှေ အကြည် ရောင်ကြောင့် အရက်၏ အရောင်ကို ပယင်းရောင် ဟုတင်စား ခေါ်ဝေါ်မှု ပြုလုပ်သကဲ့သို့ ပယင်းမှာ နီညိုရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ နှင်းဆီရောင်၊ အဝါရောင်၊ ခရမ်းရောင်နှင့် အဖြူရောင် အထိ အရောင်မျိုးစုံ ရှိတတ်ပြီး ရှားရှားပါးပါး အဖြစ် ခရမ်းပြာရောင် အထိပါ တွေ့ရှိရ တတ်သည်။
ကချင်ပြည်နယ် ဟူးကောင်း တာင်ကြား တနိုင်း နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးဒေသတို့မှ ထွက်ရှိသည့် ပယင်းသည် ဈေးကွက်ဝင် လူကြိုက်များပြီး တိုင်းရင်းသား တချို့အပြင် နိုင်ငံခြားသား များကလည်း သွေးလည်ပတ်မှု ကောင်းစေရန် နှင့် ကံကောင်း စေရန် ၄င်း ပယင်းကျောက် များကို အဆောင်ကျောက် အဖြစ် အမြတ်တနိုး ဝတ်ဆင်မှုများ ရှိသည်။
ထို့အပြင် သစ်ပင်၏ အစေးမှ ဖြစ်လာသော ပယင်းထဲသို့ ပယင်းမဖြစ်မီ သစ်စေး အခြေအနေတွင် စေးကပ်သော သဘာဝ ရှိသောကြောင့် ၄င်းသစ်စေး ထဲသို့ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင် ၏ အစအနများ၊ သစ်ရွက်များ၊ ပျား၊ လိပ်ပြာ၊ ပုရွက်ဆိတ် နှင့် ပိတုန်း စသော အကောင်ငယ်လေး များသည် ရုန်းထွက်၍ မရတော့ သောကြောင့် ၄င်းသစ်စေးနှင့် အတူ နှစ်သန်း ပေါင်းများစွာ ကြာသောအခါ ပယင်းထဲ၌ ရုပ်ကြွင်းအဖြစ် ပါဝင်သွားတတ် ကြသည်။ ထိုသို့ အကောင်များ၊ သစ်ကိုင်းများ ပါရှိသော ပယင်းသည် တခြား ပယင်းထက် ဈေးပိုမို ရရှိသည်။

သစ်ပင် ရဲ့ အစေး ကနေ ဖြစ်လာတဲ့ ပယင်း ထဲမှာ ပယင်း မဖြစ်ခင် သစ်စေး အခြေအနေ မှာ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင် ရဲ့ အစအနများ သစ်ရွက် ပျား လိပ်ပြာ ပုရွက်ဆိတ် ပိတုန်း စသော အကောင်းငယ်များ မှာ ရုန်းထွက် မရတော့ပဲ သစ်စေးများနှင့် အတူ နှစ် သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်ပါသည်။

8805417.jpg မြန်မာ အပြင် ပယင်းထွက် ရှိသော အခြားနိုင်ငံများမှာ ပိုလန် ရိုမေးနီးယား ကနေဒါနှင့် အမေရိကန် တို့ ဖြစ်သည်။

                                                    အောင်ဇော်ထွေး

FB_IMG_1499907342142.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center