photo from facebook
ပတ်ဝန်းကျင် တစ်ခုလုံးက လှလှပပ ခြောက်ခြောက်သွေ့သွေ့
မြေကြီးလေးတွေက နင်းချင်စရာ
ဖုန်မှုန့်တွေနဲ့ ခြေဖဝါး ပွတ်နေချင်စရာ..
လေးပြေလေအေးလေးတွေ တချက်ချက် တိုက်တဲ့အချိန်
အေး ပြီး ခနနေ ပြန်ပူ သွားတဲ့အရသာလေးက
တော်တော်ကောင်းတယ်...
ဌက်မျိုးစုံ အသံတွေက နေ့လည်ဘက်ဆို အကုန်ကြားရတယ်..
ကျောင်းစာအုပ်တွေ လွယ်အိတ် တွေ အဖြူအစိမ်း တွေက..
ကိုနဲ့ လုံးဝမဆိုင်တော့....
အိမ်ရှေ့လမ်းပေါ်မှာ ကိုလိုသူလို ကလေးသူငယ်တွေ..
ဘောလုံးပိုက်သူပိုက်..
စက်ဘီးခွေ လှိမ့်သူလိမ့်..
တချို့က ကားတာယာ ကြီး ပိုက်သူပိုက်..
လောက်စလုံးနဲ့ လေးဂွ ကိုင်သူကိုင်..
လက်ဗလာနဲ့ ကြုံရာဆော့မယ့် သူတွေကလည်း..
ဟိုတစ်စု ဒီတစ်စု..
အီစီကြိုး ခုန်မယ့်အဖွဲ့က သတ်သတ်..
ဇယ်ခုတ်မယ့် သူတွေက တစ်ဖွဲ့..
အကောင်းဆုံး ဆော့စရာနေရာက..ဘုန်းကြီးကျောင်း နဲ့..
လယ်တလင်းပြင်...
သူများတွေ အပြင်မှာ ဆော့နေချိန် မသွားရလို့..
အိမ်ရှေ့ခြံစည်းရိုးကြီး မှီပြီး မျက်နှာငယ်နဲ့ ငေး နေရတဲ့..
ကလေးတွေက တစ်ယောက်စ နှစ်ယောက်စ..
လူကြီးတွေသာ ယပ်တွေခပ်ကြ..
အပူတွေရှပ်ကြ နဲ့..
တစ်နှစ်ပတ်လုံး မနိုင်ဝန်တွေ ချုပ်တည်းပြီး ထမ်းထားရတဲ့..
ကလေးတွေ အတွက် နွေနေ့လည်ခင်းတွေဟာ
ဘယ်တော့မှမပူခဲ့ဘူး....
@aungthetpysoe