My love story part 10

"အမုန်းတို့ဖြင့် စတင်သောအချစ်

image
" ဒုန်း ……"

"အမေ့………"

ခြယ် …ကိုယ်လေး ယိုင်သွားကာ ခုံစောင်းနှင့် တိုက်မိသည်။

တိတ်ဆိတ်သော ညမှာမို့ အသံက
ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

စားပွဲပေါ်မှစာကြည့်မီးအိမ်က ဖျက်ခနဲ့ ပွင့်လာပြီး မင်းလက်ယာ အိပ်ရာမှ
နိုးလာပြီး ကုတင်ဘေးမှာ ယိုင်တိုင်တိုင်
ဖြစ်နေသော ခြယ်မုန်းရံကို တွဲထူလိုက်
ရင်း ……

"ခြေထောက်က မကောင်းသေးဘဲ
ဘာလို့ ထတာလည်း …"

"ဟို ……ခြယ် "

"ဘာဖြစ်လို့လည်း "

"ခြယ် …ရေဆာလို့"

သူမ အပြောကြောင့် မင်းလက်ယာက
အခန်းထဲမှ ထွက်သွားသည်။ ပြန်ဝင်
လာတော့ လက်ထဲမှာ ရေဖန်ခွက်ကို
ကိုလျှက်……။

"ရော့ ………"

သူမကို ကမ်းပေးနေသော မင်းလက်ယာ
လက်ထဲမှ ရေဖန်ခွက်ကို မရဲတရဲ
လှမ်းယူရင်း …… ခြယ် မော့သောက်
လိုက်သည်။

"ကျေးဇူးဘဲ………"
သူမ မင်းလက်ယာကို ကျေးဇူးတင်စကားပြောလိုက်သည်။

မင်းလက်ယာက မပြုံးမရီသော မျက်နှာ
ဖြင့် ခပ်တည့်တည့်ပင်………

"ရတယ်…သောက်လို့ပြီးပြီဆို မင်းပြန်အိပ်တော့လေ …အခုမှ 12:34
ဘဲ ရှိသေးတယ်…"

မင်းလက်ယာ စကားကြောင့် သူမ ကုတင်
ထက်ရှိ မွေယာပေါ်ကို ပြန်လဲအိပ်လိုက်
သည်။

မင်းလက်ယာက သောက်ရေခွက်ကို
စာကြည့်စားပွဲပေါ်ကို တင်လိုက်ရင်း ခြယ်ဘေးမှာ ဝင်လဲအိပ်လိုက်သည်။

ညက တိတ်စိတ်လျှက်…ခြယ်အခုမှ ရေ
သောက်ထားတာဖြစ်၍ တော်တော်နှင့်
အိပ်မပျော်။

စောင်လေးကို တင်းနေအောင် ခြုံထားရင်း သူမ မျက်လုံးလေးက ပြူးလျှက်။

မင်းလက်ယာက ရုတ်တရက် မထင်မှတ်
စွာ ခြယ်ကိုယ်လေးပေါ်ကို ငုံမိုးလိုက်
သည်။

"ဟင် ………"

ခြယ် မင်းလက်ယာကို မျက်လုံးလေး ပြူးရင်း မော့ကြည့်သည်။

မင်းလက်ယာက ခြယ်ကို ငုံမိုးကာ
စိုက်ကြည့်နေရင်း…အတန်ကြာမှ…
ခြယ်ကို ကျော်ကာ ခြယ်ဘေးမှာ ရှိသည်
မီးအိမ်ဆီကို လက်လှမ်းလိုက်ရင်း ……

" မီးပိတ်မလို့…ကိုယ်က မီးလင်းနေရင်
မအိပ်တက်ဘူး …"

ခြယ် …ယောင်အအလေးဖြင့် မျက်နှာ
လွဲလိုက်ရင်း …

"သြော် ……အင်း "

"ဖျက်……" မင်းလက်ယာက မီးကို
ဖျက်ခနဲ့ ပိတ်လိုက်ရင်း သူနေရာမှာသူ
နေရာတကျ ဝင်လဲအိပ်လိုက်သည်။

ညက တိတ်စိတ်လျှက်……သေခြာတာက
ခြယ် နှင့် မင်းလက်ယာ တော်တော်နှင့်
ပြန်အိပ်မပျော်။

နှစ်ယောက်လုံးက အတွေးတွေ ချာချာလည်လျှက်……။

"အခုတစ်လော ငါစိတ်တွေ ဘာဖြစ်နေတာလည်း …ခြယ်မုန်းရံအပေါ်မှာ ငါ ဘာလို
အခုလို့ ဂရုစိုက်နေမိပါလိမ် …ဘာကြောင့်လည်း …ခြယ်မုန်းရံကို
ငါ ချစ်နေမိတာလား " မဖြစ်နိုင်တာ
ငါအမုန်းဆုံးလူက သူဘဲ …ဟူး
…မင်းလက်ယာ အတွေးစကို ဖြက်တောက်ရင်း သက်ပြင်းရှည်ကြီး
တစ်ခု မှုတ်ထုတ်လိုက်သည်။

"မင်းလက်ယာက ဘာကြောင့် ငါအပေါ်
ကို ဂရုစိုက်နေတာလည်း …သူငါကို……
မဖြစ်နိုင်တာ သူက ငါကို သူ သူငယ်ချင်း
အတွက် လက်စားခြေဖို့အတွက် မုန်းတီး
ခြင်းတွေ့နဲ့ လက်ထက်ထားတာဘဲ …ဒါကြောင့် ငါတွေးနေသလို့ သူငါကို
ချစ်လာဖို့ဆိုတာက မလွယ်ပါဘူးလေ …"

ခြယ် …ထို့အတွေးကို တွေးနေရင်းပင်
ရင်ဘက်ထဲက နာကျင်သွားသည်။ဘာ
ကြောင့် သူမ ထို့အတွေးမျိုး တွေးတိုင်း
ရင်ဘက်ထဲက နာကျင်နေမိလည်း ဆိုတာ
ကိုတော့ သူမ ဆက်မတွေးချင်တော့။

သူမ မျက်ဝန်းလေးကို ဖျက်ခနဲ့ ပိတ်လိုက်ပြီး အိပ်ပျော်ရန်သာ ကြိုးစား
လိုက်သည်။

……………………………………

နေခြယ်နုနုထွေးက အခန်းထဲကို ထိုးဖောက် ဝင်ရောက်လာသည်။

ခြယ်မျက်ဝန်းလေးတွေ့ ဖျက်ခနဲ့ ဖွင့်လာ
ပြီး နိုးလာတော့ မိုးလင်းနေပြီ ဖြစ်သည်။ ခြယ် ဘေးကို ကြည့်လိုက်တော့ မင်းလက်ယာ ရှိမနေတော့။

ထို့စဉ် အခန်းတံခါးက ပွင့်လာပြီး
မင်းလက်ယာ ဝင်လာသည်။

ခြယ်……ချက်ချင်းပင် မျက်ဝန်းလေးများ
ကို ပိတ်လိုက်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက်သည်။

မင်းလက်ယာက အခန်းထဲကို ဝင်လာရင်း
ကုတင်ထက်မှာ အိပ်ပျော်နေသော ခြယ်ကို ငုံ့မိုးကြည့်လိုက်သည်။

ဘေးစောင်းလေး အိပ်ပျော်နေပုံက ချစ်စရာ။ မျက်နှာလေးက ကလေးတစ်ယောက်လို့ အပြစ်ကင်းစင်
စွာ ။ ဆံနွယ်စလေး အချို့က သူမ မျက်နှာလေးပေါ် ဝဲကျနေသည်။

မင်းလက်ယာ သူကိုယ်သူ သတိမထားမိခင်မှာပင် ခြယ် ပါးပြင်ပေါ် ဝဲကျနေသော ဆံနွယ်စလေးများကို
လက်ဖြင့် သပ်တင်ပေးလိုက်ရင်း ……
ခြယ်မျက်နှာလေးကို အနီးကပ် ငုံ့မိုးကြည့်
ကာ …………

"မိန်းကလေး တစ်ယောက်ရဲ့ အလှဆုံး အချိန်က နံနက်ခင်း အိပ်ရာထချိန်လို့
ပြောကျတယ်…ဒါပေမယ် မင်းကတော့
အိပ်ပျော်နေတာတောင် အရမ်းလှနေ
တယ် ……"

မင်းလက်ယာက ခြယ်အိပ်ပျော်နေသည်
ထင်ကာ ခပ်တိုးတိုး ပြောလိုက်ပေမယ်
အိပ်ပျော်ချင်ယောင် ဆောင်နေသော
ခြယ်တစ်ယောက် ထို့စကားကို ကြား
လိုက်ရသည်။

ခြယ်…မျက်ဝန်းလေးများကို ပိတ်၍ အိပ်ချင်ယောင်နေပေမယ် ရင်ခုန်သံ
တွေက ပေါက်ကွဲထွက်တော့မည်ထင်။

မင်းလက်ယာ မျက်နှာက သူမ မျက်နှာ
အနီးလေးကို တဖြည်းဖြည်း တိုးကပ်လာသည်ကို သူမ မျက်လုံးဖွင့်
မကြည့်ပေမယ် မင်းလက်ယာရဲ့ ဝင်လေ
ထွက်လေက သူမမျက်နှာကို ရိုက်ခက်
နေသည်။

သူမ ရင်ခုန်သံတွေ့ တဖြည်းဖြည်း မြန်
လာကာ ဟန်မဆောင်နိုင်တော့။ သူမ
မျက်လုံးလေး မဖွင့်ဘဲ ကိုယ်လေးကို
တစ်ချက်လူးလွန့်လိုက်သည်။

သူမကိုယ်လေး လှုပ်ရှားသွားတာမြင်
တော့ သူမကို ငုံ့မိုးထားသော
မင်းလက်ယာ ကိုယ်ခန္ဓာလေးက မက်သွား
သည်။

ူသူမ မျက်လုံးလေး ဖွင့်ကြည့်လိုက်တော့
မင်းလက်ယာက အခုမှ အခန်းထဲ ဝင်လာ
သည် စတိုင်ဖြင့်…………

"မင်းနိုးလာပြီလား ……"

ခြယ် …ဘာမှ မသိသည် ပုံစံလေးဖြင့်
ဟန်ဆောင်ရင်း …

"အင်း …အခုမှ နိုးလာတာ ……"

" အိပ်ပုတ်ကလည်း ကြီးတာ.…"

"ဘာ ……"

"ထားပါတော့…ကိုယ်ကုမ္ပဏီကို ဒီနေ
သွားရမယ်…မင်းအတွက် မနက်စာ
ကြက်ဥဘဲ ကြော်ခဲ့တယ် …နေလယ်စာ
ကိုတော့ ကိုယ်အပြင်က ဝယ်ပြီး ကိုယ်ကုမ္ပဏီက တစ်ယောက်ကို ပို့ခိုင်း လိုက်မယ် …"

"ဟင်အင်း …မပို့ခိုင်းပါနဲ့ …နေလယ်စာအတွက် ခြယ်ဘာသာ စီစဉ်လိုက်ပါမယ်…အိမ်မှာ
Yum Yum ထုတ်တွေ့လည်း ရှိနေတာဘဲ ……"

မသ်းလက်ယာက ခြယ်ခြေထောက်ကို လှမ်းကြည့်လိုက်ရင်း …မသိမသာ မျက်မှောက်တွန့်လိုက်ရင်းမှ ……

" မင်းအစဉ်ရော ပြေပါမလား …"

"ပြေပါတယ် …ခြယ် ခြေထောက်က
မနေ့ကလောက် မနာတော့ဘူး သက်သာ
နေပါပြီ……"

"ကောင်းပြီ…ဒါဆိုလည်း ငါ ကုမ္ပဏီ သွားတော့မယ်…ဒီနေ့ အိပ်ပြန်နောက်ကျမယ် … ညနေဘက်
အစည်းအဝေး တက်ကအုံးမှာ …"

"ဟုတ် ………"

မင်းလက်ယာက ခြယ်ကို ကျောခိုင်းကာ
အခန်းထဲမှ ထွက်လာခဲ့သည်။လူက
ထွက်လာခဲ့ပေမယ် စိတ်တွေ့က အခန်း
ထဲမှ ခြယ်ထံ ကျန်နေခဲ့သည် ဆိုတာက
တော့…………။

…………………………………

မင်းလက်ယာ ကုမ္ပဏီကိုသာ ရောက်လာခဲ့ပေမယ် စိတ်တွေ့က
ခြယ်မုန်းရံ ဆီမှာ။

သူမ အိမ်မှာ အဆင်မှ ပြေပါမလား မသိ။
သူမကို စိတ်ပူနေမိပေမယ်…
သူမရှေ့မှာစိတ်ပူနေသည်ပုံ မပေါ်အောင် မနည်းဟန်ဆောင်ထားရ
သည်။

"ကိုမင်း ……"

မယာချိုက မင်းလက်ယာက နောက်ကနေ
မျက်လုံးကို လက်ဖြင့် ပိတ်ရင်း ခေါ်လိုက်
သည်။

မင်းလက်ယာက မယာချို လက်ကို ဖယ်ချ
ရင်း ……

"မယာချို……"

"အဟင်း ……ကိုမင်းက မယာမှန်း သိနေတယ်ပေါ့ …ပြော…မယာမှန်း
ဘယ်လို့ သိနေတာလည်း "

"မယာကို မှတ်မိပါတယ် …နောက်ပြီး
မယာ တစ်ယောက်ဘဲ ကိုယ်ကို ကိုမင်း
လို ခေါ်တာလေ "

" အော်…မယာတစ်ယောက်တည်း ကိုမင်းလို ခေါ်တယ်ဆိုတော့ ကိုမင်း
မိန်းမက ကိုမင်းကို ဘယ်လို့ခေါ်လို့လည်း"

မယာချို အမေးစကားကြောင့် မင်းလက်ယာ မျက်နှာပျက်သွားသည်။
ခြယ်မုန်းရံက သူကို ဘယ်လိုခေါ်လည်း။
သူကြားတာကတော့ စကားပြောတိုင်း
ရှင်နဲ့ကျွန်မ ဆိုတာ ကြီးဘဲ။

"ကျွတ် …တွေမယ်…ဒီခါကျရင် သူကို ကိုယ်လို့ ခေါ်ခိုင်းရမယ် "

မင်းလက်ယာ အတွေး နှင့်တင် နှုတ်ခမ်း
တို့က လစ်ခနဲ့ ပြုံးသည်။

"ကိုမင်း … ဘာတွေ့ စဉ်းစားနေတာလည်း "

"အင်း …ဘာမှ မဟုတ်ပါဘူး …
ဒါနဲ့ မယာ အလုပ်မှာ အစဉ်ပြေရဲ့လား"

"အဲဒါပြောမလို့ လာတာ …မယာ
အဆင်မပြေဘူး …တစ်ချို့ စာရင်းတွေ့
ဆို မယာ သိပ်နားမလည်ဘူး …အဲဒီတော့
ကိုမင်း မယာကို စာရင်းတွေ့ သင်ပေးပါလားဟင်"

"မယာသိတဲ့ အတိုင်းဘဲ ကိုယ်မှာက ကုမ္ပဏီ နဲ့ အိမ် အပြေးအလွှား။ အားလက်ချိန်မှ မရှိတာ။ ဒီတော့ မယာ
နားမလည်တဲ့ စာရင်းတွေ့ သင်ဖို့ ကိုယ် လူတစ်ယောက် လွဲပေးလိုက်မယ်……"

မင်းလက်ယာ စကားကို ကြားတော့ မယာချို မျက်နှာပျက်သွားသည်။

"ဟင်အင်း …အခြားလူ နဲ့ မသင်ချင်ဘူး
ကိုမင်းနဲ့ဘဲ သင်ချင်တာ …"

"ကိုမှာ မယာကို သင်ပေးဖို့ အချိန်မှ
မရှိတာ ……"

မယာချိုက ခေါင်းကိုကို ခါယမ်းရင်း
မင်းလက်ယာ လက်မောင်းကို တွဲ၍
ခြေထောက်လေး စောင့်ကာ……

"ဟင်အင်း …ကိုမင်းနဲ့ဘဲ သင်မှာ…
ကုမ္ပဏီမှာ ကိုမင်းမှာ အားလက်ချိန်မရှိရင် ကိုမင်းအိမ်မှာ လိုက်သင်မယ်။ ညဘက်
ဆိုရင် ကိုမင်း အားနေတာဘဲလေ"

မယာချို စကားကြောင့် မင်းလက်ယာ
မျက်နှာပျက်သွားသည်။ မသင်နဲ့လို
ပြောပြန်ရင်လည်း ကိုယ်ကျေးဇူးရှင်ရဲ့
သမီး …။

" ဘယ်လိုလည်း ကိုမင်း………"

"ကိုယ်အိမ်မှာ လိုက်နေဖို့ ဆိုတာက…"

"မယာက ကုမ္ပဏီရဲ့ စာရင်းတွေ့ကိုမှ
သေခြာ နားမလည်သေးတာ…ဒီတော့
ကိုနေ အိမ်မှာ ခဏလာနေရင်း သင်မှ
ရမှာပေါ့ ……"

သူလက်မောင်းကို မှီတွဲရင်း ပြောနေ
သည် မယာချိုကို မော့ကြည့်သည်။

" ဘာလည်း……ကိုမင်းက မယာကို
လာမနေစေချင်တာလား ……"

"အဲဒီလို မဟုတ်ပါဘူး …okလေ… မယာ လာနေချင်တယ်ဆိုလည်း သဘောဘဲ"

မာယာချိုက သူအဖြေကိုကြားတော့ ပြုံးပျော်နေသော မျက်နှာဖြင့်………

"Think ကိုမင်း…မာယာ ဒီနေ့ဘဲ
ပြောင်းလာခဲ့မယ် …okလား "

"Ok ……"

မင်းလက်ယာရဲ့ အဖြေအဆုံးမှာ မယာချိုက လျှိုဝှက်နက်နဲသော အပြုံး
တစ်ခုကို ပြုံးလိုက်သည်။
ထို့အပြုံး၏ နောက်ကွယ်တွင်……

……………………………………

"ခြယ် ……ခြေထောက်က နာနေသော်
လည်း မနေ့ကလို့ လမ်းလုံးဝ မလျှောက်နိုင်တာတော့ မဟုတ်။ ထောက်ကြွ ထောက်ကြွ ဖြစ်တော့ သူမ လျှောက်နိုင်နေပြီ ဖြစ်သည်။

ခြယ် မီးဖိုးထဲဝင်ကာ မင်းလက်ယာ ပြန်လာရင် စားဖို့ ညနေစာကို ကြိုးစား
၍ ချက်ပြုတ်လိုက်သည်။

ကြက်အသည်းမြစ်လေးကို ငရုပ်သီးလေး
ဖြင့် ချက်၍ ကြက်သားက မွနေအောင်
ကြော်ထားလိုက်သည်။ ပြီးတော့
ငါးကိုပါ ကြွပ်နေအောင် ကြော်ထားလိုက်
ပြီး ထမင်းမိန်အောင်ဟင်းချိုတစ်ခွက် ပါချက်ထားလိုက်သည်။

သူမ အားလုံး ချက်ပြုတ် ပြီးစီးသွားတော့
4:34 ပင် ရှိနေပြီ ဖြစ်၍ ရေမိုးချိုး
လိုက်သည်။

ပြီးနောက် သနပ်ခါးရေကျဲလေး လူးကာ
ပခုံးအောက်ရောက်နေသည် ဆံပင်လေး
ကို ခေါင်းစည်းကွင်းလေးဖြင့် စုစည်း
လိုက်သည်။ အဝတ်အစားကတော့ သိပ်ရွေးချယ်နေစရာ မလို့ အိမ်နေရင်း
ပင် ဖြစ်သည်မို့ အဖြူရောင် တီရှပ်လေးကို အပြာနုရောင် အပွင့်နုတ်နုတ်အနက်ကလေးပါသော
ထမိန်လေးနှင့် တွဲဖက်ဝတ်ဆင်လိုက်
သည်။

ခြယ်အားလုံး ပြင်ဆင်ပြီးသွားချိန်တွင်
ခြံဝင်းထဲသို့ ကားဝင်လာသံ ကြား
လိုက်သည်။

ခြယ် …ခြေထောက်က ခပ်မြန်မြန် မလျှောက်နိုင်သေးတာမို့ အောက်ထပ်
ကို ခပ်ဖြည်းဖြည်းပင် ဆင်းလာခဲ့သည်။

ခြယ်…အောက်ထပ်သို့ ရောက်သည်နှင့်
ဧည့်ခန်းထဲမှာ မထင်မှတ်ထားစွာ။
မယာချိုကို တွေ့လိုက်ရသည်။

"မယာချို ……"

မယာချိုက ခြယ်မုန်းရံကို ဂရုမစိုက်…
သူ အိမ်ကဲ့သို့ပင် အေးဆေးစွာဖြင့်
ဆိုဖာပေါ် ဝင်ထိုင်ရင်း ……

"ခြယ်မုန်းရံ …အအေးတစ်ခွက်လောက်
ဖျော်ခဲ့စမ်းပါ …ပြီးရင် ကားအောက်မှ ချထားတဲ့ အဝတ်အစားထုတ်တွေ့
သွားသယ်လာခဲ့ …"

"ဘာ ……"

ခြယ် ဒေါသထွက်စွာ အော်လိုက်တာမို့ အသံက လိုတာထက် ပိုကျယ်နေ
ခဲ့သည်။

မယာချိုက ဆိုဖာပေါ်မှ ထိုင်နေရာမှ
ထရပ်လိုက်ရင်း …ခြယ်ဆီကို လျှောက်
လာကာ ……

"ကျွတ် ……မင်းအခုထိ ဘာမှ မသိသေး
ဘူးလား …ငါက ဒီအိမ်မှာ နေမှာလေ …
ကိုမင်းက ငါကို ဒီအိမ်မှာ နေဖို့ ခွင့်ပြုပေးပြီးသား…ငါပြောသားဘဲ
ကိုမင်းအတွက် ငါက အရေးပါတဲ့ လူပါဆို"

ခြယ် …မယာချို ဆိုသည် မိန်းမကို ကြည့်ရင်း ဒေါသထွက်လာမိသည် နှင့် အတူ ဝမ်းနည်း မိလာသည်။

'မယာချို ဒီမှာ လာနေမည် ကိစ္စကို သူမ
ဘာမှ မသိရ။ အေးလေ …ခြယ်မုန်းရံ
ဆိုသည် မိန်းမက မင်းလက်ယာအတွက်
အရေးမှ မပါတာ …"

ထို့စဉ် အိမ်ရှေ့ဝန်းထဲကို မင်းလက်ယာ
ကားလေး မောင်းဝင်လာပြီး မင်းလက်ယာ
ကားပေါ်မှ ဆင်းလာခဲ့သည်။

"ကိုမင်း ………"

မယာချိုက အပြေးအလွှားလေးပင် ပြေး
၍ မင်းလက်ယာ လက်မောင်းကို မှီတွဲရင်း
………

"မယာက ကိုမင်းကို စောင့်နေတာ…ကြည်စမ်း …ကိုမင်း
မျက်နှာမှာ ချွေးတွေနဲ့ မောလာတာ
လား …မယာ သုတ်ပေးမယ်"

ုခြယ် …ထို့မြင်ကွင်းကို ကြည့်နေရင်းပင်
ရင်ထဲမှာ ဘာကြောင့်မှန်းမသိ နာကျင်လာသည်မို့ ဆက်ကြည့်ချင်စိတ် မရှိတော့ဘဲ မျက်နှာလွဲကာ ကျောခိုင်း
လိုက်သည်။

ကျောခိုင်းကာ ထွက်သွားသော ခြယ်မုန်းရံ
ကို မင်းလက်ယာ လှမ်းမြင်လိုက်သည်။
ထို့နောက် သူကို ချွေးသုတ်ပေးရန် ပြင်နေသော မယာချိုကို…

"ရတယ် …မယာ …မသုတ်နဲ့"

မင်းလက်ယာ တမင်ပင် မယာချို တွဲဖက်
ထားသည် လက်ကို ပုတ်ချလိုက်ရင်း…
ဆက်တီအောက်မှ ပုံချထားသည် မယာ
အဝတ်အစား ထုတ်ကို လှမ်းကြည့်လိုက်ပြီး……

"မယာ ပါလာတဲ့ ပစ္စည်းတွေ့ကို
စာကြည့်ခန်းရဲ့ ဘေးမှာ နေရာချလိုက်
ပါ ။ မယာ နေရမဲ့ အခန်းက အဲဒီအခန်း
ဘဲ ……"

"မယာက အောက်ထပ်မှာ နေရမှာလား
ကိုမင်းကရော ……"

"ကိုယ်က မိန်းမရှိတာဘဲ …မိန်းမနဲ့ အတူတူ နေမှာပေါ့……"

"ကိုမင်း ……"
မယာချိုက ခေါ်လိုက်ရင်း မျက်နှာ ပျက်သွားသည်။

မင်းလက်ယာက မသိချင်ယောင်ဆောင်၍
…………

"ကိုယ် ရေချိုးရအုံးမယ် …ခွင့်ပြုပါအုံး
မယာ နောက်မှ ဆုံမယ်"

မင်းလက်ယာက ပြောပြီးသည်နှင့်
မယာချိုကို ကျောခိုင်းကာ အပေါ်ကို
တက်လာခဲ့သည်။

မယာချို ဒေါသထွက်ရင်း ကျန်နေခဲ့သည်။
နေနှင့်အုံးပေါ့…ဒီနေမှ ရောက်တာမို့
မယာ …ကိုမင်း နှင့် ကတောက်ကဆ မဖြစ်ချင်။နောက်ကျရင် မယာချို
အကြောင်း ကောင်းကောင်း သိစေရမယ်။

…………………………………

မင်းလက်ယာ အခန်းထဲ ဝင်လာခဲ့သည်။
ခြယ်မုန်းရံက မင်းလက်ယာကို
ကျောခိုင်းကာ အဝတ်အစားများ ခေါက်နေသည်။မင်းလက်ယာဝင်လာတာကို သိပေမယ် တစ်ချက်မှ လှည့်မကြည့်။
ခုနက မြင်ကွင်းကြောင့် သူမရင်ထဲ ဝမ်းနည်းမိနေသလို။

မင်းလက်ယာက ရေချိုးရန်အတွက်
အကျီ င်္ချွတ်လိုက်ပြီး……သူကို တစ်ချက်မှ
လှည့်မကြည့်သော ခြယ်မုန်းရံကို ……

"ခြယ်မုန်းရံ …ကိုယ်ကို အကျီ င်္နဲ့ လုံချည် ထုတ်ပေး ''

ခြယ် တစ်ချက်လှည့်မကြည့်ဘဲ အသံ
လေးက မကြည်မလင် ထွက်ပေါ်လာ
သည်။

" ရှင်မှာလည်း လက်ပါနေတာဘဲ …
ရှင်ဘာသာ ထုတ်ပါလား …"

"ကိုယ်မထုတ်ချင်လိုပေါ့…"

"ဒါဆိုလည်း ရှင်ရဲ့ အရေးပါသူကြီးကို
ထုတ်ခိုင်းလေ…"

ခြယ်မုန်းရံစကားကို ကြားတော့ မင်းလက်ယာ လှစ်ခနဲ့ ပြုံးလိုက်ရင်း…

" မင်း ဘာအလိုမကျ ဖြစ်နေတာလည်း …အော် …သိပြီ …မင်းသဝန်တိုနေတာ များလား "

"ဘာ … ဘာကိစ္စ ကျွန်မက ရှင်ကို သဝန်တို…… …''မင်းလက်ယာ စကားကြောင့် သူမ မင်းလက်ယာ ဘက်ကို လှည့်၍ ရန်တွေ့ရန် ပြင်လိုက်စဉ် စကားပင် မဆုံးလိုက်
မျက်နှာလေး နီရဲကာ ချက်ချင်း တစ်ဖက်
ကို ပြန်လှည့်ရင်း ………

"ဘာလို့ ရှင်အကျီ င်္ကို ချွတ်ထားရတာလည်း "

မင်းလက်ယာက မျက်နှာလေး တစ်ဖက်သို့ လှည့်ကာ အသံစူးစူးလေး
ဖြင့် အော်မေးနေသော ခြယ်မုန်းရံကို
ကြည့်ရင်း …သွားလေးပေါ်အောင်
ပြုံးလိုက်ရင်း …ခြယ်မုန်းရံကို သူစချင်လာသည်။……

"ဘာလို့လည်း …ဆိုတော့………"

သူစကာသံက ရပ်တန့်သွားတော့
ခြယ် အထိန့်တလန့်ဖြင့် ကိုယ်လေးကို
နောက်တွန့်လိုက်ရင်း ……

"ဘာလည်း ………"

"ကိုယ် ……………"
မင်းလက်ယာက ပြောရင်း အရှေ့ကို
ခြေတစ်လှမ်း တိုးလိုက်သည်။

"မင်းလက်ယာ …ရှင် …ရှင် အရူးကွက် လာမနင်းနဲ့နော် !"

မင်းလက်ယာ ခြယ် ဖြစ်နေပုံလေးကို ကြည့်ကာ တဟားဟား အော်ရီရင်း

"ကိုယ်ရေချိုး မလိုပါ…ဒါပေမယ် မင်း
ကိုယ်အတွက် အကျီ င်္နဲ့ လုံချည် ထုတ်မပေးဘူး ဆိုရင်တော့ … "

ခြယ် …သူကို ကျောခိုင်းရပ်နှင့်ပင်
မျက်စောင်းထိုးလိုက်ရင်း ………

"ရေချိုးခန်းထဲ မြန်မြန်ဝင်စမ်းပါ…
ကျွန်မ ရှင်အတွက် အဝတ်စား
ထုတ်ပေးထားမယ်"

"တစ်ကယ်နော် …" မင်းလက်ယာက
မေးရင်း သူမမျက်နှာ အနီးကို
သူမျက်နှာလေး တိုးကပ်ကာ ကိုယ်ကိုငုံ့ကိုင်းရင်း မေးလိုက်သည်။

"တစ်ကယ်………" ခြယ် စကားပင်
မဆုံးလိုက် သူမ မျက်နှာအနီးကို တိုးကပ်
လာသော သူမျက်နှာကြောင့် နောက်ကို
ဆုတ်လိုက်ခိုက် ခြေထောက်က ယိုင်ကာ
ပစ်လဲတော့သည်။

မင်းလက်ယာက ယိုင်ပြိုလဲကျမလို ဖြစ်နေသော သူမကိုယ်လေးကို ဆီးပွေ့
သည်။

မထင်မှတ်ထားသည်မို့ ခြယ် သူရင်ခွင်
ထဲမှ ရုန်းထွက်ဖို့ မေ့နေသည်။
မင်းလက်ယာကလည်း ခြယ်ကို ငေးစိုက်
ကြည့်လျှက်……။

အတန်ကြာမှ ခြယ် သတိဝင်လာရင်း…
သူရင်ခွင်ထဲမှ ရုန်းထွက်ကာ မျက်နှာလွဲ
လိုက်ရင်း ……

"ခြယ်…ဟို …ကျွန်မ …ဟင်းတွေ့
သွားနွှေးလိုက်အုံးမယ်…"

စကားသံဆုံးသည်နှင့် အခန်းထဲမှ ထွက်
သွားရန်ပြင်နေသော ခြယ်လက်ကို
မင်းလက်ယာ ဖျက်ခနဲ့ ဆွဲလိုက်ရင်း……

"မင်းကိုယ်ကို အဝတ်စား ထုတ်ပေးဖို့
မမေ့နဲ့နော်"

မင်းလက်ယာ ကိုယ်တိုင် သတိမထား
မိသည်က ခြယ်ကို ပြောသည် စကားတွေ့
ထဲမှာ အရင်ကလို 'ငါ' တွေ့ချည်းဘဲ
မဟုတ်တော့ဘဲ သူကိုယ်သူ 'ငါ' လိုပြောလိုက် 'ကိုယ်' လို ပြောလိုက် ဖြစ်နေခြင်းပင်။

တစ်ကယ်ဆို သူ ခြယ်အပေါ်မှ အသုံးအနှုန်း လေးတွေ့က စ၍ ပြောင်းလဲ နေပြီ ဖြစ်သည်။ နောက်ထပ်
ပြောင်းလဲလာမည် သူရင်ခုန်သံကိုတော့
………………………။

           Part - 11 မျှော်
H2
H3
H4
3 columns
2 columns
1 column
Join the conversation now