အပိုင်း ၁ ဖတ်ရှုရန်
အပိုင်း ၂ ဖတ်ရှုရန်
အပိုင်း ၃ ဖတ်ရှုရန်
အပိုင်း ၄ ဖတ်ရှုရန်
ဗန်းမော်၏ မိုးရာသီဒဏ်ကြောင့်မသိ အောင်ကျော်တစ်ယောက် ငှက်ဖျားမိလေတော့သည်။မံစီ၌ပင်ရှိသော နယ်စည်းမထား ဆရာဝန်များအဖွဲ့ ဖွင့်ထားသော ဆေးခန်းသို့ အောင်ကျော်အား လိုက်ပို့ပေးရလေသည်။
ဆေးခန်းလေး အတွင်းသို့ဝင်ရောက်လိုက်သည်နှင့် ကချင်တိုင်းရင်းသူ ဖြစ်ဟန်တူသူ ဆရာမလေးမှ"ဘာဖြစ်လာလို့လည်း"ဟု မေးမြန်းခြင်းဖြင့် စီးကြို လေသည်။
.
Crd-org-source
အောင်ကြီးလည်း မိမိသူငယ်ချင်း ငှက်ဖျားမိသောကြောင့်လာရောက်၍်ပြသခြင်းဖြစ်ကြောင်း ပြောပြရပေသည်။ ဆရာမလေးမှ ခနထိုင်စောင့်ပေးရန် ရှေ့မှလူများအား စစ်ဆေးပြီးလျှင် မိမိသူငယ်ချင်းအား စစ်ပေးမည်ဆို၏။
ထိုအခါမှ မိမိတို့ရှေ့၌ ရောက်ရှိနေသူတို့၏ နောက်၌ နေရာယူ၍ စောင့်နေလိုက်သည်။လူနာများအား နမ်မည်ခေါ်၍ တစ်ဦးချင်းစီ ရောဂါအခြေနေအား စစ်ဆေးပေးလေသည်။
အောင်ကျော်အလှည့် ရောက်သောအခါ ငှက်ဖျား ဖြစ်ကြောင်း၊ထိုးဆေး ထိုး၍ပေးသည့်အပြင် သောက်ဆေးပေးလိုက်၏။
ဆေးခန်းပြသည့်ည၌ ဆေးအရှိန်ကြောင့်ပေလော အောင်ကျော်ကောင်းမွန်စွာ အိပ်လေသည်။နောက်နေ့ညများ၌ ကယောင်ချောက်ခြားနှင့် ခနနေလျှင် ယောင်ရမ်းပြီးထသွားလိုက်၊တော်ကြာလျှင် ထကာအော်လိုက်နှင့် ဖြစ်၍နေတော့၏။
အောင်ကြီးလည်း ဤသို့ဆိုလျှင် မဖြစ်မချေ
သူ၏မိဘများအား ဖုန်းဖြင့် အကြောင်းကြားရလေသည်။
နောက်၂ရက်ခန့်၌ အောင်ကျော်၏မိဘများ ဗန်းမော်သို့လိုက်လာကြလေသည်။အောင်ကျော်ရသင့်သည့် လုပ်အားခတို့အား ထုတ်၍ သူ့တို့သားအား ပြန်ခေါ်သွားမည်ဖြစ်ကြောင်း၊အောင်ကြီးအားတစ်ယောက်တည်းကျန်နေခဲ့မည်ဖြစ်၍ တစ်ပါတည်းပြန်လိုက်ရန်ပင် ခေါ်ကြလေသည်။
အောင်ကျော်အမေမှ "ပြန်လိုက်ခဲ့ပါလား အောင်ကြီးရ မင်းတစ်ယောက်ထဲ ကျန်နေမှာ သူများနယ်မှာ ငါတို့လည်း စိတ်မချဘူး ပြန်လိုက်ခဲ့ပါလား "
"ရပါတယ် အဒေါ်ရ ကျွန်တော်အတွက်ပူမနေနဲ့ စိတ်ချလက်ချသာ ပြန်ပါ"
အောင်ကြီးကား ပြန်ခေါ်၍မရပေ။ခေါင်းမာလွန်းပေ၏။ နောက်ဆုံး၌ အောင်ကျော်၏မိခင်လည်း လက်လျှော့၍ သူ၏သားကိုသာလျှင်ခေါ်ဆောင်ကာ ပြန်သွားကြလေသည်။
ပန်းရန်ဆရာ ကိုကျော်စွာထံ၌ လာရောက်လုပ်ကိုင်သည်မှာ ၃ ကျော် ၄လနီးပါးပြည့်လု အချိန်၌ ကိုကျော်စွာနှင့် မဥမ္မာတို့ လင်မယားသည် အလုပ်သမားများအား လုပ်အားခ မရှင်း ထွက်၍ပြေးကြလေသည်။
အောင်ကြီးလည်းဤမှသာ နောင်တရမိလေသည်။အောင်ကျော်၏မိခင် ပြန်ရန်ခေါ်စဉ်အခါ၌က ပြန်လိုက်ခဲ့လျှင် မိမိလုပ်အားခလေးအား ရနိုင်သေး၏။ ယခုတော့ ကိုယ့်ထိုက်နှင့်ကိုယ့်ကံပင်။
မန္တလေး မှမိမိတို့အားခေါ်လာသူကိုလည်း အပြစ်တင်မနေလိုတော့ပေ။ထိုသူသည်ပင် မိမိတို့နည်းတူ အလိမ်ခံခဲ့ရသည် မဟုတ်ပေလော။
လက်ရှိအချိန်၌ အိမ်ပြန်စရာ လမ်းစရိတ်ပင်မဆိုထားနှင့် နောက်တစ်နေ့စားရန် စရိတ်ပင် ကျန်နေသူတို့၏ ထံ၌မရှိကြတော့ပေ။
. . . ဆက်၍ဖတ်ရှုပေးပါရန် . . .
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။