How to Make Beautiful Holder

Beautiful Holder
img1518758814207.jpg
ဒီတစ်​ခုကို​တော့​ရောင်​စုံစာရွက်​၊ပန်းစာရွက်​၊ကတ်​ထူစက္ကူ၊ခဲတံ၊ကတ်​​ကြေး၊​ပေတံများကိုအသုံးပြု၍ဖန်​တီးပြုလုပ်​ထားခြင်းပါ။လိုအပ်​တဲ့ပုံစံများကိုအရင်​ဆုံးဖြတ်​ပြီးမှတစ်​ခုနှင့်​တစ်​ခုကိုဆက်​ကာပုံ​ဖော်​လိုက်​ခြင်းပါ။ပထမဆုံးလုပ်​ဖြစ်​တာက​ဘေးနှစ်​ဘက်​မှာထားရမဲ့အကာနှစ်​ခုပါ။ပြုလုပ်​နည်းကအရွယ်​တူကတ်​ထူစက္ကူနှစ်​ခုကိုစက်​၀ိုင်းပုံဖြတ်​မှာပါ။ပြီး​နောက်​ပုံပါအတိုင်းနှစ်​ခုစလုံးဖြတ်​မှာပါ။နောက်​တစ်​ဆင့်​မှာ​တော့အ၀ါ​ရောင်​စာရွက်​နှင့်​တစ်​ခုလုံးကို​ကော်​ကပ်​လိုက်​မယ်​။
IMG_20180215_210922.jpgပြီး​တော့​နောက်​တစ်​ခုပြုလုပ်​ပါဦးမယ်​။အ၀ါ​ရောင်​နှင့်​ပန်း​ရောင်​စက္ကူကို၊ကတ်​ထူတစ်​ခု​ပေါ်မှာတစ်​ဘက်​စီ​ကော်​ကပ်​မှာပါ။ပြီး​နောက်​ပန်းစာရွက်​အနက်​​ရောင်​ကို​ခေါက်​ချိုးပြီး​ကော်​ကပ်​ကာ၊အပိုင်းပိုင်းဖြတ်​ပြီး၊အ၀ါ​ရောင်​မျက်​နာပြင်​​ပေါ်​ထောင့်​စွန်းနှစ်​ခုကိုအရင်​ဆုံး​ကော်​ကပ်​ပြီးမှတစ်​ခုစီကို​နေရာချကာအကွက်​ပုံစံ​ဖန်​တီးလိုက်​မှာပါ။နောက်​တစ်​ဆင့်​မှာ​တော့စက်​၀ိုင်းပုံစံနှစ်​ခုနှင့်​A4sizeအ၀ါ​ရောင်​စာရွက်​ကိုဆက်​လိုက်​မယ်​။ဆက်​ဖို့အတွက်​စက်​၀ိုင်းပုံစံနှစ်​ခုကို​ဘေးနှစ်​ဘက်​မှာထားပြီး၊အ၀ါ​ရောင်​မှာအကွက်​​ဖော်​ထားတဲ့စာရွက်​ကိုအလယ်​မှာထားကာ၊စက်​၀ိုင်းပုံနှစ်​ခုနှင့်​တစ်​ဘက်​စီ​ကော်​ကပ်​လိုက်​မယ်​။ပို၍ခိုင်​ခံ့သွား​အောင်​အနက်​​ရောင်​ပန်းစာရွက်​ကိုအပိုင်းများ​ခေါက်​ပြီး၊​ကော်​ကပ်​ထားတဲ့​နေရာ​တွေမှာထပ်​မံပြီး​တပတ်​လည်​လုံး​ကော်​ကပ်​မှာပါ။ဒါဆိုရင်​ပုံစံ​ပေါ်ပြီးခိုင်​ခံ့ပါပြီ။IMG_20180215_210842.jpgIMG_20180216_094306.jpgIMG_20180216_085525.jpgIMG_20180216_094426.jpgဒီအဆင့်​မှာ​တော့ပန်းတစ်​ပွင့်​ပြုလုပ်​ပါ့မယ်​။စာရွက်​ရဲ့အတိုင်းအတာကို​တော့အလျားနှင့်​အနံမတူညီပါ။ဒီပုံမှာ​တော့အလျား10cm၊​အနံ5cmယူပါ့မယ်​။ပထမဆုံးစာရွက်​ကိုအလယ်​တည့်​တည့်​မှ​ခေါက်​ပြီး၊အလယ်​မျဉ်းထိကိုတစ်​ဘက်​စီ​ခေါက်​မှာပါ။စာရွက်​ကိုတစ်​ဘက်​သို့လှည့်​ပြီးထက်​၀က်​​ခေါက်​မယ်​။ပြီး​နောက်​ပြန်​ဖြန့်​မှာပါ။အလယ်​မျဉ်း​ထိကိုထပ်​မံ​ခေါက်​ပြီးတစ်​ဘက်​သို့လှည့်​ကာအစွန်းထွက်​​နေ​သောအနားများကိုအ​ပေါ်ဘက်​သို့​ခေါက်​လိုက်​မှာပါ။ထို့​နောက်​ပုံမှာပြထားတဲ့အ​နေအထားတိုင်း​ခေါက်​မယ်​။ပန်းတစ်​ပွင့်​မှာဒီလိုစက္ကူ​ခေါက်​ရှစ်​ခုလိုအပ်​တာပါ။ရှစ်​ခု​ခေါက်​ပြီးရင်​​တော့တစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ကာ၊ပန်းပွင့်​ရဲ့အ​နောက်​ဘက်​မှာအခြားကတ်​ထူစက္ကူကိုအနည်းငယ်​ဖြတ်​ယူပြီး​ကော်​ကပ်​လိုက်​မယ်​။ရရှိလာတဲ့ပန်းပွင့်​ကိုအလှဆင်​ရန်​​ကော်​ကပ်​မှာပါ။IMG_20180216_092008.jpgIMG_20180216_092826.jpgIMG_20180216_101913.jpgIMG_20180216_101930.jpgIMG_20180216_101950.jpgimg1518758929835.jpgMy Beautiful Holder
Written by @asterkame
MSC-008
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center