Beautiful Two Colors Flower Vase

Beautiful Flower Vaseimg1519130852385.jpg
ဒီတစ်​ခါ​တော့ပန်းအိုးတစ်​ခုပြုလုပ်​တာဖြစ်​ပြီးအ​ရောင်​နှစ်​မျိုးနှင့်​ပြုလုပ်​တာပါ။အပြာ​ရောင်​နှင့်​အနီ​ရောင်​နှစ်​မျိုးတည်းအသုံးပြုခြင်းပါ။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ကတ်​ထူစက္ကူစသဖြင့်​ပါ။ပထမဆုံးပြုလုပ်​မှာကကတ်​ထူစက္ကူကို​ထောင့်​မှန်​စတုဂံပုံစံဖြတ်​မှာပါ။ပြီး​တော့မှပုံမှာမြင်​ရတဲ့အတိုင်းအ​ပေါ်ဘက်​ကိုတ​စောင်းညှပ်​လိုက်​မှာပါ။ဒီလိုပုံစံအတိုင်း​လေးခုပြုလုပ်​ပြီး၊​နောက်​တစ်​ဆင့်​မှာအပြာ​ရောင်​စာရွက်​ကိုသုံးပြီးကတ်​ထူ​လေးခုကိုဖုံးကာ​ကော်​ကပ်​မှာပါ။IMG_20180219_190456.jpg
ပြီးနောက်​အနီ​ရောင်​စာရွက်​ကိုအပိုင်းပိုင်းဖြတ်​ပြီးpaper sticksပြုလုပ်​မှာပါ။ပြီး​တော့ခုနက​အပြာ​ရောင်​ကတ်​ထူ​ပေါ်မှာpaper sticksကိုအဖျားနှစ်​ခု၊အလယ်​၊​နောက်​ဆုံးမှာတစ်​ဘက်​စီတစ်​ခုစီ၊စုစု​ပေါင်းငါးခု​ကော်​ကပ်​မှာပါ။အစွန်းထွက်​​နေတဲ့အနား​တွေကိုကတ်​​ကြေးနှင့်​ညှိလိုက်​မှာပါ။ဒီနည်းအတိုင်း​လေးခုစလုံးပြုလုပ်​မှာပါ။အပြာ​ရောင်​စက္ကူကိုသုံးပြီး1cmအကျယ်​ရှိတဲ့စက္ကူအပိုင်းများ​ခေါက်​ပြီး၊ခုနကကတ်​ထူစက္ကူရဲ့အ​ပေါ်ဘက်​ကိုအနားကွပ်​လိုက်​မှာပါ။ရရှိလာတဲ့ကတ်​ထူ​လေးခုကိုဆက်​ပါ့မယ်​။ဆက်​တဲ့အခါ​အ​ခြေမှာထားဖို့ကတ်​ထူစက္ကူရဲ့အကျယ်​ကိုတိုင်းပြီး​လေး​ထောင့်​ပုံစံကတ်​ထူကိုညှပ်​မှာပါ။ပြီး​တော့မှဒီအ​ပေါ်မှာပုံမှာမြင်​ရတဲ့အ​နေအထားအတိုင်းကတ်​ထူပြားများကိုတစ်​ခုနှင့်​တစ်​ခုဆက်​လိုက်​မှာပါ။
IMG_20180219_101124.jpgIMG_20180219_190401.jpgIMG_20180219_190340.jpgIMG_20180219_190133.jpg
ဒီအဆင့်​ထိပြီးသွားရင်​​တော့​နောက်​တစ်​ဆင့်​ကပန်းပွင့်​ပုံစံပြုလုပ်​ချင်​ပါတယ်​။ပြုလုပ်​နည်းကအပြာ​ရောင်​စာရွက်​ကိုဘဲအသုံးပြုမှာပါ။စာရွက်​ကို1cmအကျယ်​ခန့်​နှစ်​​ခေါက်​​ခေါက်​ပြီး​ကော်​ကပ်​မှာပါ။ပြီး​နောက်​ကတ်​​ကြေးဖြင့်​ဖြတ်​ပြီးစက္ကူ​ခေါက်​အပိုင်းများဖြစ်​​အောင်​ပြုလုပ်​မယ်​။ပြီး​တော့စက္ကူစကိုအ၀ိုင်းပုံစံေ​ခွကာအနားသတ်​ကို​ကော်​ကပ်​လိုက်​မယ်​။ပန်းတစ်​ပွင့်​မှာဆိုရင်​စက္ကူ​ခေါက်​5ခုကိုတစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ပြီးဆက်​မှာပါ။စုစု​ပေါင်းမျက်​နှာပြင်​​လေးခုဆို​တော့ပန်း4ပွင့်​ပြုလုပ်​မှာပါ။ဆက်​လက်​ပြီး​တော့အနီ​ရောင်​စာရွက်​​တွေကိုဘဲအ​ပေါ်ကပန်းပွင့်​ပြုလုပ်​နည်းအတိုင်း​ခေါက်​မယ်​။လက်​နှင့်​အနည်းငယ်​ဖိကာပုံ​ဖော်​လိုက်​ပါမယ်​။ရရှိလာတဲ့ပန်းပွင့်​​တွေကို​တော့မျက်​နှာပြင်​​လေးခုမှာ​ကော်​ကပ်​ပြီး၊အနီ​ရောင်​စက္ကူ​ခေါက်​​တွေကို​တော့၊​ထောင့်​စွန်း​တွေမှာ​ကော်​ကပ်​ကာအလှဆင်​လိုက်​မှာပါ။
IMG_20180219_101047.jpgIMG_20180220_082430.jpgIMG_20180220_095637.jpgimg1519130899606.jpgMy beautiful vase
written by @asterkame
MSC-008
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
Join the conversation now