Steemit အကြောင်းတစေ့တစောင်း (ကြားဖြတ်ကြော်ငြာဝင်ခြင်း)

ဒီအချိန်ဆို Steemit Password များ ရတဲ့သူတွေလဲရကုန်ကြပြီ.. မရသေးတဲ့သူများကတော့ စိတ်ရှည်ရှည်စောင့်ကြပါဦးဗျာ..
မကြာခင် Mail ပို့လာပေးပါလိမ့်မယ်.. မိမိMail များကိုလဲ Steemit မှ ပို့ထားမပို့ထား စစ်ဆေးကြပါဦး.. Steemit ကနေပို့ခဲ့ရင် ပို့ထားတဲ့ Link ကိုဝင်ရောက်လိုက်ရင် Password ပေါ်နေပါလိမ့်မယ်.. အဲ့ Password ကို Copy ကူးထားပြီး ပြောခဲ့ပြီးတဲ့အတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ သေချာတဲ့နေရာတွေမှာ လိုက်Saveထားကြပါ... ဘာမှမလုပ်တက်ရင်လည်း Facebook Messenger ကနေ တဆင့် ကိုယ်ကြိုက်နှစ်သက်ရာ သူငယ်ချင်း အကောင့်ထံ ပို့ပြီး Save ထားလိုက်ပေါ့ အဓိက က ပျောက်ဆုံးမေ့လျော့မသွားဖို့ပဲ.. ပျောက်သွားခဲ့ရင်တော့ မိမိတို့ Steemit အကောင့်အား မည်သည့်နည်းနှင့်မျဝင်ရတော့မည်မဟုတ်ကြောင်းပြောခဲ့ပြီးသားပဲ..OK နော်..

ဒီနေ့တော့ Steemit သိသလောက်လေးတွေ မဝေမျှခင်မှာ နည်းနည်းကြော်ငြာဝင်ချင်လို့.. ဘာလဲဆိုတော့ကျွန်တော့ကိုယ်ကျွန်တော် မမိတ်ဆက်ရသေးဘူးဗျ စာဖတ်သူတို့ကို.. ကျွန်တော့နာမည်အာကာဖြိုးပါ စစ်ကိုင်းမြို့မှာနေပါတယ်.. မျိုးကျော့မြိုင်သီချင်းလိုပေါ့ ဟဲဟဲ. ဟုတ်တယ် ကျွန်တော် စစ်ကိုင်းမြို့မှာနေပါတယ်.. လုပ်ငန်းကတော့ အခုလက်ရှိ ဖုန်းဆိုင်လုပ်ငန်းအပြင် CCTV တပ်ဆင်ရေးနှင့် Networking လုပ်ငန်းများ အပြင် အခုဆို ကား၊ ဆိုင်ကယ် နှင့် အခြား စက်ယန္တရားများကို GPS တပ်ဆင်ပေးခြင်းလုပ်ကိုင်နေပါတယ်.. ကွန်ပျူတာ ပြုပြင်ခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်းများ ကွန်ပျူတာ လုပ်ငန်းနှင့် ပတ်သတ်သမျှ အတော်များများကိုလည်း လုပ်ကိုင်ပါတယ်.. Steemit မှ မိတ်ဆွေတို့ ကျွန်တော်လုပ်ကိုင်နေသော လုပ်ငန်းများနှင့် ပတ်သတ်ပြီးတော့ အကူအညီတောင်းချင်ရင်လည်း ကျွန်တော့် facebook messenger မှ တဆင့်လာရောက် ပြောဆိုနိုင်ပါတယ်ခင်ဗျ.. https://www.facebook.com/arkarphyo.nd ပါ လမ်းကြုံရင်လည်း ၀င်လည်နိုင်အောင် ကျွန်တော့်လိပ်စာပေးထားပါရစေ.. နန်းဦးမြို့သစ်ရပ် အရှေ့ပိုင်း စစ်ကိုင်းတောင်ရိုးလမ်း New Design Mobile 2 ဆိုင်တွင် ကျွန်တော်နေထိုင်ပါသည်။

ကြော်ငြာဝင်လို့တော့ပြီးပြီဗျာ.. နောက် သိသလောက် ၆ ကျ သိသလောက်လေးတွေထပ်တင်ဆက်ပါ့မယ် အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ..

Author : Arkar Phyo

28.12.2017
MSC-214

download (1).jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now