Need love for baby

image

ဒီနေ့ ကျွန်မ တို့ ကျောင်းကား ဖယ်ရီပေါ်က ဆရာမလေးတွေ လစာထွက်ရက်မို့ တစ်ဦးနှစ်သောင်း စု ပြီး အလှူငွေထည့်ဖို့ လုပ်ကြတယ်လေ 7သိန်းလောက်ရတယ် ဒါနဲ့ ကလေးတွေ ဆီ ဆရာမ တွေ သွားလှူကြတယ်
image
ကလေးတွေနေတဲ့အဆောင်ထဲရောက်တယ်ဆို ရင်ထဲမှာ တမျိုးပဲ ခံစားရတယ် ရက်သား လသား နှစ်သား အို အစုံပါပဲ ရင်ထဲမှာ နင့်နေအောင်ခံစားရပါတယ်
သနားစရာကလေးလေးတွေ သူ့တို့နားကို လူကပ်တယ်ဆိုတာနဲ့ အတင်းကို ကပ်တော့တာပဲ ချီထားတာလိုချင်နေကြ တယ်လေ
အော် ကလေးတို့ရယ် ကျွန်မ တို့ဆရာမတွေ လက်က ပြန်ချတာနဲ့ ငိုလိုက်ကြတာ အရမ်းကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်
image
ဒီလိုအရွယ် လသာကလေးငယ်တွေရဲ့ မိခင်ရင်ခွင်ကိုတမ်းတ စိတ်ကို ကျွန်မကောင်းကောင်းနားလည်မိတယ် ကျွန်မရဲ့သမီးလေးလဲ လသားအရွယ်မို့လေ
စွန့်ပစ်ရက်တဲ့ မေမေတို့ဖေဖေတို့ရယ် လုပ်ရပ်ကြတယ်နော် ကျွန်မတို့တွေ ငိုတောင်ငိုမိကြပါတယ် ကလေးလေးတွေကို ထားခဲ့ပြီးပြန်ဖို့တောင် ကျွန်မရဲ့ခြေလှမ်းတွေ တွန့်ဆုတ်နေမိပါတယ်
ဒီလိုအရွယ်ဆိုတာ မိခင်ရဲ့ ရင်ငွေ့လှုံပြီး မိခင်နို့ချိုကို စို့ပြီး အေးချမ်းစွာ အိပ်စက်ချင်ကြတာလေ
image
‌မိခင်ရင်းတွေ ဘယ်လိုစိတ်နဲ့ ပစ်ထားနိုင်ကြတာလဲ ကျွန်မအိမ်ပြန်ရောက်တယ်ဆိုပဲ သမီးလေးကိုဖက်ရင်း ငိုမိပါသေးတယ် ကျွန်မသမီးလေးလို ကလေးတိုင်းမိခင်မေတ္တာ ရနိုင်ပါစေ လို့ဆုတောင်းနေမိတုန်းပါ နောက်တခါသွားလှူရင် သူတို့လေးတွေနဲ့ အချိန်ကြာကြာနေပေးဖို့ ကျွန်မ တွေးထားတယ်
Photo credit to Facebook

H2
H3
H4
3 columns
2 columns
1 column
Join the conversation now