မိခင်ဧရာဝတီ (Mother Irrawaddy or Ayeyarwaddy river)

မြန်မာနိုင်ငံသားတိုင်းသိသင့်သော မြန်မာနိုင်ငံရဲ့အကြီးဆုံးမြစ်ဖြစ်သော ဧရာဝတီမြစ် အကြောင်းအရာအချို့လေးပါ....

2016_08_18_9976_1471493686._large.jpg

အင်္ဂလိပ်ဘာသာအားဖြင့် Irrawaddy သို့မဟုတ် Ayeyarwady ဟုခေါ်ဆိုသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးမြစ်ဖြစ်ပြီး မြန်မာပြည်၏ အဓိကသွေးကြောကြီးသဖွယ် မြစ်တစ်ခုလည်း ဖြစ်ပေသည်။

ဧရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ် ဟုအဓိပ္ပါယ်ရပါသည်

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားပြီး ပင်လယ်ထဲသို့ စီးဝင်ပါသည်။

မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။

မြစ်ကြောင်းအလျား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံးကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။

ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ မေခ နှင့် မလိခ(အင်မိုင်ခ) မြစ်များပေါင်းဆုံရာမှနေ၍ စတင်စီးဆင်းသည်။ မြစ်နှစ်စင်းလုံးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့တောင်ပိုင်းဒေသမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။

ဧရာဝတီအဖြစ်စတင်မွေးဖွားရာ မြစ်ဆုံ

21716-Myitsone670.jpg

မိုင်ပေါင်း(၁၃၀၀)ကျော် ရှည်လျားသော ဧရာဝတီမြစ်ကြောင်းသည် ကချင်ပြည်နယ်အစွန်ရှိ နှင်းဖုံးတောင်များမှ မေခနှင့် မေလိခဟူသော မြစ်နှစ်သွယ်ဖြင့် မြစ်ဖျားခံအစပြုကာ တောင်ဖက်သို့ စီးဆင်းလာခဲ့ရာမြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက်တွင် ပေါင်းဆုံမိကြလေသည်။

မြစ်ဆုံသည် ဧရာဝတီမြစ်၏အစပင် ဖြစ်တော့သည်။ မြစ်ဆုံဒေသသည်ကျောက်စလစ်ခဲများ ပေါများပြီး အေးစိမ့်လှ၏။ မြစ်ဆုံရေသည်
လည်း အေးစိမ့်နေပေသည်။ မြစ်ဆုံရေသည် တိမ်လည်းတိမ် ကြည်လည်းကြည်လင်နေရကား ရေထဲသို့ ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ်တို့ သွားလာကူးခတ်နေသည်ကို မြင်ရပေသည်။

ဧရာဝတီမြစ်သည် မြစ်ကြီးနားတစ်ဝိုက် အရောက်တွင် ကိုက်ငါးရာမျှ ကျယ်ပြန့်ပေသည်။ ဤနေရာတွင် ကမ်းပါးသည် မတ်စောက်ပြီး ကမ်းပါးပေါ်တွင် သစ်တော၊ ကိုင်းတောများ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည်။

မြစ်အရှည်

၁၃၅၀ -မိုင်

ဖြတ်သန်းရာစီးဆင်းရာ ဒေသ

ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း

မြစ်လက်တက်များ

အဓိကမြစ်လက်တက်ကြီးများမှာ-

တာပိန်မြစ် ၊ ရွှေလီမြစ် ၊ မြစ်ငယ်မြစ်(ဒုဌ၀တီမြစ်) ၊ မူးမြစ် ၊ ချင်းတွင်းမြစ် တို့ဖြစ်ကြသည်။

ချောင်းလက်တက်များ

ချောင်းမကြီးချောင်း (အနောက်ဘက်)
စလင်းချောင်း (အနောက်ဘက်)
မုန်းချောင်း (အနောက်ဘက်)
မန်းချောင်း (အနောက်ဘက်)
မင်းတုန်းချောင်း (အနောက်ဘက်)
ပင်းချောင်း (အရှေ့ဘက်)
ယင်းချောင်း (အရှေ့ဘက်)
ဒေါင်းသေချောင်း (အရှေ့ဘက်)
ဗွက်ကြီးချောင်း (အရှေ့ဘက်)

မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များ

ပူတာအို
မြစ်ကြီးနား
ဗန်းမော်
ကသာ
တကောင်း
ကျောက်မြောင်း
မန္တလေး
စစ်ကိုင်း
ချောက်
ပုဂံ-ညောင်ဦး
မကွေး
ပြည်
ဟင်္သာတ
ပုသိမ်

ဧရာဝတီမြစ်ကူး တံတားများ

innwa bridge.jpg

3.jpg

ဗြိတိသျှကိုလိုနီအစိုးရက ၁၉၃၄ တွင် အင်းဝတံတား(စစ်ကိုင်းတံတား)ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ခုနှစ်တွင် တံတားကြီးကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။

ထပ်မံအသစ်တည်ဆောက်သောတံတားကြီးများမှာ -

sagain1.jpg

ဧရာဝတီတံတား (ရတနာပုံ) (ယခင်အင်းဝတံတားကြီး၏ အထက်ဘက်နား)
ဗလမင်းထင်တံတား (အင်န်မိုင်ခမြစ်ကူး၊ မြစ်ကြီးနားမြို့အနီး၊ ၁၉၉၈၊နိုဝင်ဘာလ)
အနော်ရထာတံတား (ချောက်၊ ၂၀၀၁ခုနှစ်၊ ဧပြီလ)
မကွေးတံတား
ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း၊ ၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ)
နဝဒေးတံတား (ပြည်မြို့၊ ၁၉၉၇၊စက်တင်ဘာ)
မအူပင်တံတား (မအူပင်၊ ၁၉၉၈၊ဖေဖော်ဝါရီ)
ဧရာဝတီတံတား (ဒေးဒရဲ)

နာမည်တူမြစ်

လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့ပါသည်။
တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။ ယင်းမြစ်သည် ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို ရှေးယခင်က ဧရာဝတီဟု ခေါ်ကြပါသည်။

ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင် သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။

ပထမမြစ်ကျဉ်း

ဆင်ဘိုရွာအလွန်တွင် ပထမမြစ်ကျဉ်းစတင်ပါသည်။

ဒုတိယမြစ်ကျဉ်း

ဗန်းမော်မှအစုန် ၁၈-မိုင်ခန့်ဝေးသော စင်းကန်းရွာ အလွန်တွင် ဒုတိယမြစ်ကျဉ်း စတင်ပါသည်။

တတိမြစ်ကျဉ်း

သကျသာကီဝင်မင်းများ လာရောက် နန်းစိုက်ခဲ့ဖူးသည် ဆိုသော တကောင်းမြို့ဟောင်း၊ တကောင်းမှသည် မိုင်လေးဆယ် ခန့်ဝေးသော မလည်ရွာအလွန်တွင် တတိယမြစ်ကျဉ်းစတင်ပါသည်။

သမိုင်းထဲက ဧရာဝတီ

မြန်မာ့ သမိုင်းတစ်လျှောက်တွင် ဧရာဝတီမြစ်သည် အရေးပါသည့် အခန်းမှ ပါဝင်ခဲ့သည်။ ပုဂံခေတ်မှစကာ နောက်ဆုံး ကုန်းဘောင်ခေတ်တိုင် ခေတ်အဆက်ဆက်တွင် အရေးပါသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တို့တွင် အသုံးချခဲ့ကြသည်။ မွန်- မြန်မာစစ်ပွဲများဟု ထင်ရှားသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကာလများအတွင်းတွင် ဧရာဝတီမြစ်သည် အဓိက စစ်ချီတက်ရာလမ်းကြောင်းကြီးဖြစ်ခဲ့သည်။

ရန်သူတို့ကို ခုခံရာတွင် မြစ်ရိုးတစ်လျှောက် ခံတပ်များ တည်ဆောက်ခဲ့ကြရာ မင်းလှခံတပ်နှင့် အင်းဝခံတပ်တို့မှာ နာမည်ကျော်သည်။

ဧရာဝတီလင်းပိုင်များ

irrawaddy dolphins traveller.jpg

irrawaddy dol.jpg

ဧရာဝတီမြစ်အတွင်းတွင် နေထိုင်ကျက်စားသော လင်းပိုင်များရှိပါသည်... ဧရာဝတီလင်းပိုင် ဟုခေါ်ဆိုကြပါသည်။ လူများကိုကူညီတတ်သောလင်းပိုင်များကို စည်းကမ်းမဲ့ဖမ်းယူသတ်ဖြတ်ခြင်းကြောင့် ယခုအခါ လင်းပိုင်များရှားပါးလာနေပြီဖြစ်သဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာမှ လိုက်လံထိမ်းသိမ်းနေကြပါသည်။

Myawady Daily Newspaper 24-12-2015 04.jpg

အထက်ပါအကြောင်းအရာများသည် ဧရာဝတီမြစ်၏ သိသင့်သိထိုက်သောအချက်အလက်အချို့ဖြစ်ပါသည်။

မြန်မာတို့ရဲ့ မိခင် ၊ ရာဇ၀င်ထဲကသတို့သမီး ဟုခေါ်ဆိုကြပါသော ကျွန်တော်မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်သည် စိတ်ဝင်စားစရာကောင်းသလို လှပသောရှုခင်းများ ကိုလည်းမြင်တွေ့နိုင်ကြပါသည်။

ကိုးကား

  1. ၀င်းသိမ်း(ကျောင်းအုပ်ကြီး၊ ရေကြောင်းပညာသိပ္ပံ)၏ ဧရာနဒီသိပါသည် ဆောင်းပါးမှ ကောက်နုတ်တင်ပြသည်။
  2. ဧရာဝတီမြစ်ကို ပိတ်ဆို့၍ ဆည်တည်ဆောက်နေခြင်း (Damming the Irrawaddy) မှ
  3. ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း

@ansoe

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center