ကျန်းမာရေး ကျန်းမာရေး

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


t7ft2xparv.png



ခရီးသွားလာကြတဲ့အခါမှာ ကျန်းမာရေး ကျန်းမာရေး လို့ အော်ပြီး ကားရပ်ခိုင်းတတ်ကြတယ်မဟုတ်လား။ အပေါ့အပါး စွန့်ရန်အတွက်ဖြစ်တာကိုလည်း လူတိုင်း နားလည်နေကြပါတယ်။ ဒါက ခရီးသွားလာစဉ်မှာ အပေါ့အပါးစွန့်ဖို့ အရေးကြီးတယ်ဆိုတာကို သိနေကြပေမယ့် နေ့စဉ် နေ့တိုင်းမှာ ကျန်းမာရေး ကျန်းမာရေး လို့အော်ပြီး ဂရုစိုက်ဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်တဲ့ စာတွေကို ရေးချင်ပေမယ့် ဆေးပညာရှင်လည်းမဟုတ် ကျန်းမာရေးဝန်ထမ်းလည်း မဟုတ်ရာ ရေးရမှာ လက်တွန့်နေခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကိုယ်သိတာလေးတွေကို မျှဝေပြီး တိုင်းရင်းဆေးနည်းလေးတွေ၊ ဆေးနည်းတိုလေးတွေကို မျှဝေပေးတတ်ကြပါတယ်။ ခုခေတ်လူအများစုက ကျန်းမာရေးကို လိုက်စားမှုနည်းပါလာကြပါတယ်။ ဒါ့အပြင် အစားအသောက်များကလည်း ကျန်းမာရေးနဲ့ ညီညွတ်ခြင်း ရှိ မရှိ ဘယ်သူမှမပြောနိုင်ပါ။ ငွေကြေးနောက်ကိုလိုက်ကာ ကျန်းမာရေးနဲ့ညီညွတ်တာပဲဖြစ်ဖြစ် မညီညွတ်တာပဲဖြစ်ဖြစ် ထုတ်လုပ်သူကလည်းတာဝန်မခံကြသလို ရောင်းချသူတွေကလည်း ကိုယ့်ဆီမှာရှိတဲ့ ပစ္စည်း မြန်မြန်ကုန်သွားရေးသာ အဓိကအနေနဲ့လုပ်ကြတာမြင်ရပါတယ်။ နောင်မျိုးဆက်သစ်များအတွက် စိတ်မကောင်းစရာပါ။ အခုတစ်လောမှာ ဟိုနား ဒီနားက ကျောက်ကပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပဲ ကြားနေရပါတယ်။ ကျောက်ကပ်ရောဂါဖြစ်နေလို့ ဆိုတဲ့အသံတွေပါပဲ။ ကျောက်ကပ်ရောဂါဆိုတာကို အရင်က ကြားရခဲတာလား ရောဂါပဲ အဖြစ်နည်းကြတာလားတော့မသိပါ။ ခုခေတ်ကာလမှာ ကျောက်ကပ်လူနာတွေ အများအပြားမြင်တွေ့နေရတဲ့အထဲမှာ လူငယ် လူရွယ်လေးတွေက အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။


xg97osv5ni.png


ကျောက်ကပ်နှစ်လုံးက တစ်လုံးမကောင်းရင် တစ်လုံးနဲ့ အသက်ရှင်နိုင်ကြကြောင်း သိရပါတယ်။ ကျောက်ကပ် နှစ်လုံးစလုံးမကောင်းတော့ဘူးဆိုရင်တော့ ပိုင်ဆိုင်သမျှ ပိုက်ဆံတွေပေးပြီး သေဖို့ထိုင်စောင့်နေရတော့တာပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းဆေးကို အလေးမထားကြတဲ့သူတွေအများအပြားရှိနေပါတယ်။ အလေးမထား ကြရခြင်းရဲ့ အကြောင်းတွေလည်း ရှိပါလိမ့်မယ်။ အချို့အရာတွေက တိုင်းရင်းဆေးနည်းတိုလေးတွေနဲ့ ပျောက် ကင်းကြတာကို မျက်မြင်ကိုယ်တွေ့တွေ ရှိပါတယ်။ အလေးမထားကြခြင်းမှာ အလေးချိန် အခြင်အတွယ် မတိမကျဖြစ်ခြင်းကလည်း တစ်ခုအပါအ၀င်ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ မန်ကျီးစေ့ခန့်တို့ ကွမ်းသီးလုံးခန့် တို့ဆိုတဲ့ အသုံးအနှုံးတွေကို ကြည့်ရင် မတိကျမှုတွေဆိုတာ သိနိုင်ပါတယ်။ တစ်လောက သူငယ်ချင်း တစ်ယောက်ရဲ့ မိန်းမဖြစ်သူ ကျောက်ကပ်ရောဂါကြောင့်သေဆုံးကြောင်း သိလိုက်ရပါတယ်။ အပတ်စဉ် ကျောက်ကပ်ဆေးနေရတယ်လို့လည်း ဆိုပါတယ်။ တစ်ပတ် တစ်ပတ် ငွေတွေကလည်း သိန်းချီထွက်နေပါ တယ်။ သေသွားတော့မှပဲ ငွေကုန်တာ ရပ်သွားတဲ့ ရောဂါဖြစ်ပါတယ်။ ကုန်စရာမရှိတဲ့သူတွေအဖို့တော့ သေမယ့်အချိန်ကို ရောဂါဝေဒနာခံစားရင်းနဲ့ ထိုင်စောင့်နေကြရုံသာရှိပါတယ်။ ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ် အတွက် မလိုအပ်တော့တဲ့ အညစ်အကြေးတွေကို စွန့်ထုတ် စစ်ထုတ်ပေးရတဲ့အရာဖြစ်တယ်လို့လည်း သိရပါ တယ်။ ကျောက်ကပ်ရဲ့ လုပ်ငန်းစဉ်တွေကိုတော့ ပြန်လည်ရှာဖွေပြီးတော့ နောက်များမှ ရေးတော့မယ်။ ခုတော့ ကျန်းမာရေး ကျန်းမာရေး ဆိုတာ နေ့စဉ် ကိုယ်တိုင် စားသောက်နေထိုင်ပြုမူချက်တွေအပေါ်မှာ မူတည်နေလို့ ကိုယ်တိုင် ဂရုစိုက်ကြပါလို့ နှိုးဆော်ရင်း ရပ်နားလိုက်ပါတယ်။


လူတိုင်း ကျန်းမာကြပါစေ...


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

27-7-2019 စနေနေ့(Saturday)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now