ဘယ်သူ ပေးသလဲ?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Who Give copy 1.png


ခုတစ်လော ရယ်စရာလေးတွေ ရေးတင်ချင်စိတ်ပေါက်နေပေမယ့်လည်း ရေးမတင်ဖြစ်ခဲ့ပါဘူး။ တစ်နည်းဆိုရ ရင် ရယ်စရာတစ်ခုကို စဉ်းစားဖို့အချိန်မပေးနိုင်တာကြောင့်လည်းဖြစ်ပါတယ်။ မြန်မာ့လျှပ်စစ်ဓာတ်အားကလည်း သိတဲ့အတိုင်း ခုလပိုင်းတွေမှာ မီးပျက်ချိန်က များနေလေတော့ စာရေးဖို့လည်း အချိန်မရနိုင်ဖြစ်နေတာလည်း ပါတာပေါ့။ နောင်များမီးမှန်လာတဲ့အချိန်ကျမှပဲ ရယ်စရာလေးတွေကို ရေးတင်တော့မယ်ဗျာ။ ခုတော့ ထုံးစံအတိုင်း စိတ်ခွန်အားနည်းနည်းလောက်ဖြစ်စေမယ့် စာတွေပဲရေးတင်လိုက်ပါအုံးမယ်။ အခု ရေးချင်တာက ရိုးသားမှု၊ ဖြောင့်မတ်မှု၊ တည်ကြည်မှု စတာတွေကို ဘယ်သူတွေကသတ်မှတ်ပြီး ဘယ်သူတွေကပေးတာလည်း ဆိုတာကို ရေးတင်ချင်စိတ်ပေါက်လာလို့ ဘယ်သူက ပေးတာလဲ ဆိုတဲ့ ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကလည်း လူအများစုက နားလည်ပြီး သိပြီးသားတွေဖြစ်ပေမယ့် အမှတ်တမဲ့နဲ့ နေလာကြတာမို့ ပြန်လည် သတိရပေးတဲ့အနေနဲ့ ရေးခြင်းသာဖြစ်ပါတယ်။ လက်ခံတယ်၊ လက်မခံဘူးဆိုတာကတော့ စာဖတ်သူအပေါ်မှာ ပဲ မူတည်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က အတွေ့အကြုံတွေ မတူညီကြတော့ အတွေးအမြင်တွေလည်း မတူညီနိုင်တာကို လက်ခံထားပြီးဖြစ်လို့ ကျွန်တော့်အတွက်တော့ ပြဿနာမရှိပါဘူး။ အငြင်းအခုံလုပ်တယ် ဆိုတာ မကောင်းဘူးလို့ ခံယူထားတဲ့အတွက် အငြင်းအခုံလုပ်ဖို့လည်း စိတ်မကူးပါဘူး။ တိုက်ဆိုင်လို့ ကြိုက်ရင် ယူ မကြိုက်ရင်လည်း မယူရုံပဲရှိပါတယ်။ ငြင်းခုံတာ နဲ့ ဆွေးနွေးညှိနှိုင်းတာကိုတော့ မရောထွေးစေနဲ့ပေါ့။ အဲဒီ အကြောင်းတွေကိုလည်း ရေးတင်ဖို့ ကြိုးစားပါအုံးမယ်။ ခုတော့ ရေးလက်စစာကို ရေးခွင့်ပြုပါ။ ရေးခွင့်မပြုလဲ ရေးရမှာပဲဗျို့။ Post တင်တာ အလျင်မီဖို့ အချိန်လုရေးနေရတာ ပြန်ဖျက်ဖို့ အချိန်မရှိလို့ပါ။


Who Give copy 3.png


လူ့လောကကြီးထဲမှာ ကျွန်တော်တို့တစ်တွေ အသက်ရှင်သန်နေထိုင်သမျှကာလပတ်လုံး အခြားလူတွေနဲ့ အဆက်အဆံ မလုပ်ချင်ဘူး။ အရောမ၀င်ချင်ပါဘူးဆိုသူတွေ တွေ့ခဲ့ဘူးပါတယ်။ အဲဒီလို အယူအဆနဲ့ ခရီးသွား နေသူတွေကတော့ ဘ၀မှာလူတွေနဲ့ဆက်ဆံပြီးလုပ်ကိုင်ရတဲ့ ဘယ်လုပ်ငန်းမှာမှ အဆင်ပြေမယ်မဟုတ်ပါဘူး။ ဘာကြောင့်ဆိုတော့ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် လူတွေနဲ့ပြောဆို ဆက်ဆံ ပေါင်းသင်းပြီး လုပ်ကိုင်ဆောင်ရွက်နေ ကြရတာပဲမဟုတ်လား။ လူတွေနဲ့ အရောတ၀င်မနေချင်ရင် တောထွက် တရားကျင့်ချင်ကျင့်၊ မကျင့်ချင်လဲ တောထဲတစ်ယောက်တည်း သွားနေတာ အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။ ဒီလိုလူမျိုးတွေကို ပတ်ဝန်းကျင်က လူတွေက ဘယ်လိုအမည်နာမ ပေးမလဲဆိုတာ စဉ်းစားမိတော့ လူ့ဂွစာ၊ လူ့ဂလန့် ဆိုတဲ့ အမည်နာကိုပဲ ပေးကြ လိမ့်မယ်ထင်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေပြေ ဆက်ဆံတတ်တဲ့သူတွေကိုလည်း ဒီလူကအဆင်ပြေတယ်၊ ဒီလူနဲ့ဆက်ဆံရတာ ကောင်းတယ်ဆိုတဲ့ အမြင်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့သူ တစ်ယောက်အဖြစ် အမည်နာမတပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုပဲ အခြားသောအရာတွေမှာလည်း အမည်နာမတပ်ပေးထားတတ်ကြပါတယ်။ ဒါက ကိုယ့်ကု အခြားသူတွေဖြစ်တဲ့ ပတ်ဝန်းကျင်ကလူတွေက ကိုယ့်ကို တံဆိပ်တစ်ခု အပ်နှင်းလိုက်တယ်လို့လည်း ထင်ပါတယ်။ အဲဒီလို ပတ်ဝန်းကျင်က နာမည်တံဆိပ် တစ်ခု ကပ်လိုက်ပြီဆိုရင်တော့ အဲဒီနာမည်တံဆိပ်က ကွာကျဖို့ အလွန်အင်မတန် ခဲယဉ်းသွားပါပြီ။ အဲဒီလို နာမည် တံဆိပ်ကပ်လိုက်တဲ့နေရာမှာ လူတစ်ယောက်ရဲ့ မျိုးရိုးဂုဏ်တွေ ငွေကြေးစည်းစိမ်တွေကို မကြည့်ပါဘူး။ ငွေကြေးချမ်းသာလို့ နာမည်ပျက်တံဆိပ် အကပ်မခံရဘူးလို့တော့ မထင်လိုက်ပါနဲ့။ မျိုးရိုးကောင်းလို့ နာမည်ဆိုး တံဆိပ်အကပ်မခံရဘူးလို့ မယူဆလိုက်ပါနဲ့။ ပတ်ဝန်းကျင်ကပေးလိုက်တဲ့ အမည်နာမတံဆိပ်က မျိုးရိုးစဉ်ဆက် ကိုတောင် အကျိုးသက်ရောက်စေတတ်ပါတယ်။


Who Give copy 2.png


ဒီတော့ ကိုယ့်ရဲ့ လုပ်ငန်း၊ ဆိုင်၊ ကုမ္ပဏီ၊ ကုန်ပစ္စည်း စတာတွေကိုသာ ကိုယ်တိုင်က နာမည်တံဆိပ်ကပ်နှိပ်နိုင် ပေမယ့် ကိုယ့်ရဲ့အမည်နာမတံဆိပ်ကိုတော့ ပတ်ဝန်းကျင်က ပေးအပ်လိုက်ခြင်းသာဖြစ်ပါတယ်။ ကိုယ်တိုင်က ဘယ်လိုပဲ ငါရိုးသားတယ်၊ ငါဖြောင့်မတ်တယ် အော်နေရုံနဲ့တော့ ပတ်ဝန်းကျင်က အဲဒီ ရိုးသားတယ်ဆိုတယ် အမည်နာမတံဆိပ်၊ ဖြောင့်မတ်တယ်ဆိုတဲ့ အမည်နာမ တံဆိပ်ကို ပေးအပ်လိမ့်မယ်မဟုတ်ပါဘူး။ အဲဒီလို ကိုယ်ပိုင် အမည်နာတံဆိပ်တွေကို ပတ်ဝန်းကျင်က ဘယ်လိုအရာတွေကို ကြည့်ပြီး ဆုံးဖြတ်ပေးအပ်သလဲ ဆိုတာ လူတိုင်းသိပြီးဖြစ်ပါတယ်။ ရိုးသားတယ်ဆိုတဲ့ အမည်နာမတံဆိပ်ကို အလိုရှိရင် ရိုးသားချင်ယောင် ဆောင်နေလို့မရနိုင်သလို ဖြောင့်မတ်တယ်ဆိုတဲ့ အမည်နာမတံဆိပ် ရရှိဖို့အတွက်ဆိုရင်လည်း ဖြောင့်မတ်ချင် ယောင်ဆောင်လို့ မရနိုင်ပါဘူး။ ရိုးသားတယ်ဆိုတဲ့ အမည်နာမကိုလိုချင်ရင် တကယ်ရိုးသားမှ ဖြောင့်မတ်တယ် ဆိုတဲ့ အမည်နာမကို လိုချင်တယ်ဆိုရင်လည်း တကယ်ဖြောင့်မတ်မှ ပတ်ဝန်းကျင်က အဲဒီလူနဲ့ လိုက်ဖက်တဲ့ အမည်နာမကို ပေးအပ်သွားကြမှာ ဖြစ်ပါတယ်။ အမည်နာမဆိုတာ မွေးပြီးစတည်းက မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းက ကြိုက်တဲ့နာမည်၊ လှတပတနာမည်လေးတွေ ရိုးသားတဲ့ဂုဏ်၊ ဖြောင့်မတ်တဲ့ဂုဏ်၊ တည်ကြည်တဲ့ဂုဏ် ဆိုတဲ့ အမည်နာမတံဆိပ်တွေကိုတော့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ပေးအပ်လိုက်မှာပဲ ဖြစ်ပါတယ်။ မကောင်းတဲ့ အမည်နာမ တံဆိပ်အကပ်မခံလိုရင်တော့ မကောင်းဘူးလို့သတ်မှတ်တဲ့အရာတွေကို ရှောင်ရှားရမှာပါပဲ။ အခြားလုပ်ထုံးလုပ်နည်းမရှိပါဘူး။ ဗေဒင်ဆရာ၊ နတ်ကတော် ဘယ်သူမှ အဲဒိလို အမည်နာမ တံဆိပ်တွေကို ကပ်နှိပ်ပေးနိုင်လိမ့်မှာမဟုတ်ပါ။


who Give 1 copy.png


လူအများစု အထူးသဖြင့် အမျိုးသမီးအများစုမှာ ကိုရီးယားဇာတ်ကားတွေကို မကြည့်ဘူးတဲ့သူ မရှိလောက်ဘူး တင်ပါတယ်။ အဲဒီ ကိုရီးယားဇာတ်ကားတွေထဲမှာ ဇာတ်ကားအတော်များများကြည့်မိရင် လူတစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းက ဘယ်လောက်အရေးပါတယ်၊ လူတစ်ယောက်ရဲ့ မျိုးရိုးဆိုတာ ဘယ်လောက်အရေးကြီး တယ်ဆိုတာ တွေ့မြင်ကြလိမ့်လို့ ထင်ပါတယ်။ လူတစ်ချို့ကပြောတတ်ကြပါတယ်။ ငါလုပ်တာ မင်းတို့နဲ့ မဆိုင် ဘူးလို့ ပြောတယ်။ အဲဒါကို ကျွန်တော့်အနေနဲ့တော့ မှန်တယ်လို့ မယူဆပါဘူး။ မိဘ လုပ်သူတစ်ယောက်ရဲ့ လုပ်ရပ်ဟာ သားသမီးမြေးမြစ်ထိ ကောင်းကျိုးဆိုးကျိုးသက်ရောက်စေနိုင်တယ်လို့ ယူဆမိပါတယ်။ အရက်စွဲနေတဲ့ အရက်သမား တစ်ယောက်ရဲ့ သားသမီးတွေက ခေါင်းမော့ရင်ကော့နေနိုင်မယ်မထင်ပါ။ ဘိန်းစားမိဘတွေရဲ့ သားသမီးတွေကရော လူကြားထဲမှာ ငါ့အဖေ ငါ့အမေကတော့ ဘိန်းစားတွေလို့ ကြွေးကြော် ပြီး နေနိုင်ပါ့လမလား။ အဲဒီလိုပဲ သားသမီးတွေရဲ့ အရက်စွဲမှု၊ ဘိန်းစွဲမှု၊ မိန်းမလိုက်စားမှု စတဲ့ မကောင်းမှုတွေ က မိဘတွေသာမကပါဘူး။ မောင်နှမသားချင်း၊ ဆွေးမျိုးအသိုင်းအ၀ိုင်းတွေအထိပါ သက်ရောက်မှုရှိတယ်လို့ ယူဆပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းဆိုတာတွေလည်း ဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။ ဟိုးအရင်းတုံးက နာမည်ဒဏ်ရာမရပါစေနဲ့ (Don't Hurt The Brand) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့ဘူးပါတယ်။ ကောင်းတာ ဆိုးတာ မိုက်တာဆိုတာတွေကို ကိုယ်တိုင်က ကြိုက်နှစ်သက်လို့ လုပ်ကိုင်လာခဲ့မိတဲ့အတွက် ကောင်းတဲ့ နာမည်၊ ဆိုးတဲ့ နာမည် ဆိုတာတွေကိ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက တံဆိပ်ကပ်လိုက်ခြင်းဖြစ်တဲ့အတွက် ကောင်းတဲ့လူ မကောင်းတဲ့လူ ဆိုတာ ပတ်ဝန်းကျင်က ပေးလိုက်တာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဆိုတာကို ထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ်။ ကဲ ကိုယ့်ကို ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ဘယ်လို အမည်နာမတံဆိပ် ကပ်နှိပ်ပေးထားသလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်ကြပါအုံးလို့ ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

18-6-2019 အင်္ဂါနေ့(Tuesday)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center