ဆိုပါစို့

ကမ္ဘာကြီးဟာ ရွာကြီးတစ်​ရွာဖြစ်​တယ်​ ဆိုပါစို့
ရွာကြီးတစ်​ရွာထဲမှာ ကဗျာဆရာတစ်​​ယောက်​ရှိတယ်​ ဆိုပါစို့
ကဗျာဆရာတစ်​​ယောက်​ထဲမှာ သီချင်းတစ်​ပုဒ်​ရှိတယ်​ ဆိုပါစို့
သီချင်းတစ်​ပုဒ်​ထဲမှာ ​နေကြာပန်းတစ်​ပွင့်​ရှိတယ်​ ဆိုပါစို့
နေကြာပန်းတစ်​ပွင့်​ထဲမှာ ဘုရားသခင်​ရှိတယ်​ ဆိုပါစို့
ဘုရားသခင်​ထဲမှာ အဆိပ်​ခွက်​တစ်​ခွက်​ရှိတယ်​ ဆိုပါစို့
အဆိပ်​ခွက်​တစ်​ခွက်​ထဲမှာ ​ငွေ​ကြေးစရှိတယ်​ ဆိုပါစို့
ငွေ​ကြေးစထဲမှာ ဝံပု​လွေတစ်​အုပ်​ရှိတယ်​ ဆိုပါစို့
ဝံပု​လွေတစ်​အုပ်​ထဲမှာ အဏုမြူဗုံးတစ်​လုံးရှိတယ်​ ဆိုပါစို့
အဏုမြူဗုံးတစ်​လုံးထဲမှာ ​နွေဦးရှိတယ်​ ဆိုပါစို့
နွေဦးထဲမှာ ဂစ်​တာတစ်​လက်​ရှိတယ်​ ဆိုပါစို့
ဂစ်​တာတစ်​လက်​ထဲမှာ သံလွင်​ခက်​တစ်​ခက်​ရှိတယ်​ ဆိုပါစို့
သံလွင်​ခက်​တစ်​ခက်​ထဲမှာ ​သေနတ်​တစ်​လက်​ရှိတယ်​ ဆိုပါစို့
သေနတ်​တစ်​လက်​ထဲမှာ အကြမ်းဖက်​ဝါဒရှိတယ်​ ဆိုပါစို့
အကြမ်းဖက်​ဝါဒထဲမှာ ​နောင်​တတရားရှိတယ်​ ဆိုပါစို့
နောင်​တတရားထဲမှာ အတ္တဝါဒရှိတယ်​ ဆိုပါစို့
အတ္တဝါဒထဲမှာ အနုပညာရှိတယ်​ ဆိုပါစို့
အနုပညာထဲမှာ ​သေခြင်းတရားရှိတယ်​ ဆိုပါစို့
သေခြင်းတရားထဲမှာ ဘာမှမရှိခြင်းရှိတယ်​ ဆိုပါစို့
ဘာမှမရှိခြင်းထဲမှာမှ ကျွန်​​တော်​တို့ ကမ္ဘာကြီးဟာ
ချမ်းသာချင်​​ယောင်​​ဆောင်​ခဲ့တယ်​ ဆိုပါစို့....

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center