ကျန်​ရစ်​ခဲ့ပါ​တော့

image
မ​ကြေ​စေချင်​တဲ့ဝဋ်​​ကြွေးကမင်း
အမြဲတုတ်​ကျရတဲ့အနာ​လေးကမင်း
ကိုယ့်​ဘဝမီး​တောက်​​လေးကမင်း
စိတ်​ချမ်းသာ​စေချင်​တာကမင်း
မင်းဆီကတခုတည်း​သော 
အ​မျှော်​လင့်​ဆုံးအချက်​က​ပျော်​ရွှင်​မှု

ကိုယ်​လိုလူမရှိမှသာယာမဲ့
မင်းဘဝအတွက်​ရင်​နာနာနဲ့
မင်းနာမည်​အစဆုံးကို
ကိုယ်​၊စိတ်၊​နှလုံးသုံးပါးစလုံးနဲ့
ကျောခိုင်းလှည့်​ထွက်​ခဲ့ရတာဟာ
ကိုယ့်​အတွက်​​တော့ရှင်​ခန်းပြတ်​ငရဲပါ

ရှင်​ခန်းပြတ်​ငရဲမှာ
ကိုယ်​သာငရဲသားဖြစ်​ပြီး
မင်းက​တော့​ပေါ့ပါးလွတ်​လပ်​စွာ
ပျော်​ရွှင်​​နေ​သောဘဝအဖြစ်​နဲ့
ရပ်​တန့်​ကျန်​ရစ်​ခဲ့​ပေးပါ​တော့
ချစ်​လှစွာ​သောAngle​လေး​ရေ....

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center