မေးကြည့်​လိုက်​ပါ

image
ခဏခဏ အ​ပေါ့အ​လေးစွန့်တဲ့
အိမ်သာရဲ့ ထပ်ခိုးဟာ ငါပဲ
မင်းရဲ့ လူမမြင်တဲ့ အလှတရားမှန်သမျှ ငါရွံတယ်
အဆီပြန်​​နေတဲ့မျက်ခွက်က
ဒုတိယကမ္ဘာစစ်တုန်းက မိန်းမအရမ်းလိုချင်နေတဲ့ စစ်ဗိုလ်အတိုင်းပဲ
ခွေးလျားသီးတွေကို ​ချေမွလို့မရခဲ့ဘူး
နှစ်ဦးသဘောတူ​သေဆုံးပြီးရင်တော့
မင်းနဲ့အတူတစ်ကုတင်ထဲ လေယာဉ်​ပျံစီးအုံးမှာပါ

ချိုင့်​ခွက်​​တွေအပြည့်​နဲ့လမ်းကိုလမ်းလို့​ခေါ်ရင်
ခလုတ်တိုက်သူဦးရေ ရေတွက်လို့မရဘူး
ငှက်တွေကို လူအဆီထည့်ပြီး မောင်းကြသောအခါ
မျက်စောင်းထိုးတာတောင် ဒီဂရီထည့်ထိုးရပြီ
မင်းကိုယ်မင်း ကလိကြည့်လိုက်ပါဦး
မင်းလိုအပ်တာ ဘာလဲမင်းသိလာမယ်

လမ်းမ​တွေပေါ်က
နေ့စဉ်​နာတာလူးပွဲတော်တွေကို ဂျာနယ်လို့​ခေါ်တယ်​ စကားနည်းတဲ့ မင်းကိုတော့ အားနာပါတယ်
ဒါမဲ့ ခွေးကမွေးတာ ကျားမဖြစ်ဘူး
နာနာဘာဝတွေဟာ စာသင်ချိန်မှားပြီး
ကြွေခဲ့ကြတယ် မင်းကို​မေးချင်တာတွေ
တကူးတက ပွင့်ပေးနေတဲ့သူက ငါ့ရဲ့ကဗျာပင်ပဲ

သူ့ကို ​နောင်တစ်ခေတ်ရဲ့သင်ရိုးညွှန်းမှာတွေ့ခဲ့ရင်
မင်းမေးကြည့်လိုက်ပါ
ငါတို့ကိုသူဘယ်သူနဲ့မှားပြီး
ဆင်ခြေဖုံးကက လက်သည်နဲ့ မွေးခဲ့တာလဲလို့
မေးကြည့်လိုက်​ပါ

Myanmar_burma_flag_waving_animation.gif

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center