ကိုကျော်ဇင်တယောက်အတွေးများဖြင့်
လုံးလည်ရှာလည်လိုက်ရင်း တနေ့တာကုန်
ဆုံးပြီးလို့  ပြန်လည်နိုးထ အသက်ဝင်ခဲ့လေပြီ ။ ငွေကြေးရှာပုံတော့အတွက် ဆွေမျိုးနီးစပ် တော်သူများထံ အကူညီတောင်းသော်လည်း ဆန္ဒကားမပြည့်ဝခဲ့ 
မည်သူတစ်ဦးတစ်ယောက်ဆီကမှ ယုံကြည်မှု မရခဲ့  ။ ရေနစ်သူဝါးကူထိုးသကဲ့သို့  နစ်နစ်နာနာရင့်ရင့်သီးသီး စကားများရရှိခြင်းသာ မိမိတွင်အဖတ်တင်ခဲ့ လေသည်။
ဆွေမျိုးမဟုတ် တော့
" ရွှေရှိမှ အမျိုးတော်ချင်တဲ့  ရွှေမျိုး" တွေမိဘများရှိစဉ်က မည်သူမှကျေဇူးမကင်းခဲ့
သူများ ယ္ခုတော့ ကြဉ်ဖယ်ကြလေပြီ ။
ဆိုင်ရှင်အကိုကြီးမှ သူတတ်နိုင်သလောက်ပံပိုးမည် မင်း သာလုပ်ငန်းဖြစ်အောင်ရဲရဲတင်းတင်းလုပ်ဟုဆိုလာသဖြင့် ကျန်ရှိနေသေးသည့် လက်ကျန်ငွေလေးနှင့် ဆိုင်တစ်ဆိုင်ဖြစ်အောင် မနည်းကြိုးစားပမ်း စားတည်ဆောက်ခဲ့ရသည်။လိုအပ်ချက်များကို ဆိုင်ရှင်အကိုကြီးမှတကယ့်စေတနာအရင်းခံနှင့် ကူညီပေးခဲ့၍သာတော်တော့သည်။
" အခက်ခဲဖြစ်နေချိန်ကူညီပေးသူသည်
တကယ့်မိတ်ဆွေကောင်းမည်ပါပေသည်။"ဆိုင်ရှင်အကိုကြီးကား မိမိအတွက်တကယ့်
မိတ်ဆွေကောင်းပါတကား။
KTV , Massage စသည့်အတွက်လိုအပ်သည့် ဝန်ဆောင်မှုများအတွက် နှစ်ဆိုင်တစ်ဆိုင် ပုံစံမျိုးဖြင့် အသက်သွင်းပြီး ဆိုင်
စတင်ဖွင့်ဖြစ်ခဲ့သည် ။
ဆိုင်နေရာက အချက်အချာကျသည်က
တကြောင်း အလုပ်သမား လူဦးရေထူထပ်လာသည်ကတကြောင်း ကိုကျော်ဇင့်ဆိုင် စဖွင့်ကတည်းက အလွန်ပင် အဆင် ပြေ ခဲ့သည်။
အဆင်ပြေလာတော့ ထုံးစံအတိုင်း
လက်ကဖွာလာသည်။ မိမိကိုယ်တိုင် ကောင်တာမထိုင်ချင်တော့ ။ လူလိုလာတော့ ဆိုင်ရှင်အကိုကြီးစီမံပေးသည့် ၎င်း မိတ်ဆွေညီမဖြစ်သူအား မန်နေဂျာခန့်အပ်ကာ မိမိမှ အပေါင်းသင်းအတွက်ခြေဆန့်ခွင့်ရခဲ့လေသည် ။ ယ္ခုတကြိမ်တွင်တော့ မြို့ နယ်အတွင်းမှ တကယ့်ဂရိတ် စိတ်ထားဖြောင့်မတ်သူတွေကိုသာရွေးပေါင်းလေတော့သည်။
စီးပွားရေးဂွင်သစ်များကို ရှာဖွေသည်။
ငွေကြေးအရှိန်အဝါကို ကိုကျော်ဇင်
တယောက် ယောက်ကောင်းကောင်း
မြည်းစမ်းပြီး သိရှိခဲ့ပြီမဟုတ်ပါလော ။
ယခင် အနာကလည်းရှိလေတော့ မြှောက် ထိုးပင့်ကော် ကပ်ဖားရပ်ဖားများ အား အခိုင်းစေသဖွယ်သာဆက်ဆံခဲ့လေတော့ သည်။
အရက်ကိုမူးနေအောင်သောက်ခွင့်မရ
မန်နေဂျာ မမ မှ တားဆီးပိတ်ပင်ထား
သည်။
ကေတီဗွီမာဆတ်တွင် ဘော်ဒါများနှင့်
ထင်တိုင်းကြဲမရ မန်နေဂျာမမမှ ပိတ်ပင်ထားသည်။
(အဆိုးထဲကအကောင်း)
မန်နေဂျာကောင်းတစ်ယောက်
ရထားသောကိုကျော်ဇင်အထိန်းအကွပ်နှင့်ဖြစ်လာခဲ့သည်။ တကယ်ပင်တော်သောအမျိုးသမီးပါပေ။ လစာမှလွဲ၍မည်သည့်အကျိုးအမြတ်မှ ယူသည်မဟုတ်။သို့သော် သူတို့နှစ်ဦးကား မိတ်ဆွေသူငယ်ချင်း အဆင့် တွင်သာ ကြာလာတော့ပတ်ဝန်းကျင် မှ ကိုကျော်ဇင်အားထိုအမျိုးသမီးနှင့်သဘောတူကာစပ်ဟပ်ပေးခြင်းဖြင် သူတို့ နှစ်ဦး အိမ်ထောင်ကျခဲ့လေတော့သည်။
သားသမီးမထွန်းကားသည်မှ အပ
အိမ်ထောင်ရေးကားအထစ်အငေါ့မရှိခဲ့။
အလွန်ပင်အဆင်ပြေခဲ့သည်။ အထိန်း အကွပ်မရှိသူနှင့် အထိန်းအကွပ်ကောင်း
သူ။
စီးပွားရေးအကြောင်းလည်းကျွမ်းကျင်လာသလို အပေါင်းသင်းများမှ တဆင့်အဆက်သွယ်ကောင်းများရပြီးစီးပွား
လည်းဖြစ်လာသည်။ မြေကွက်များဈေး
ပိုတက်လာသည်။ အပေါင်းသင်းများမှ
တဆင့် မြေကွက်ဝယ်ယူသူများကိုကျော်ဇင်ဆိုင်တွင် အမြဲအပန်းဖြေလေ့ရှိသည်။
ကံကောင်းချင်တော့ကိုကျော်ဇင်မြေကွက် ဟိုတယ်ဆောက်ရန် အတွက်လျာထားချက်တွင် ပါဝင်လာလေတော့သည်။ ပုဂ္ဂလိကမှတန်ရာတန်ကြေးဝယ်ယူသည် ဖြစ်သည့်အတွက် အလွန်ပင်အဆင်ပြေခဲ့လေသည်။
တခြားနေရာတွင် အစိုးရမှ သိမ်းယူကာ
တန်ရာတန်ကြေးမရအိမ်တလုံးအပြင် နစ်နာကြေးပင်ဟုတ်တိပတ်တိမရခဲ့ ။ ကိုကျော်ဇင်ကား ကံကောင်းလေပြီ ။ မိမိပိုင်ဆိုင်သည့်အထဲက မြေကွက်အနည်းငယ်ကို ထိုးရောင်းကာ ကျန်သည့်အပိုင်းကို ပေါက်ရောက်သည့်အပေါင်း အသင်းများမှတဆင့် ဂရမ်ဆောင် တည်း ခိုခန်းဖွင့်ကာတည်း ခိုခန်းပိုင်ရှင် အဖြစ်ရပ်တည်ပြီး ကျန်ရှိနေသော မြေကွက်လပ်ကို ဟိုတယ်အားအငှါးချထားလိုက်လေတော့သည်။ အဆက်သွယ်ကောင်း များလည်း ရရှိခဲ့လေပြီ။အထိန်းသိမ်းကောင်းသည့်မိန်းမနှင့်အကွက်မြင်တတ်သည့် ကိုကျော်ဇင် တို့ကား ပဏာသင့်ခဲ့လေပြီ ။
ထိုဒေသအတွင်းရှိ မြေရှင်များ ကိုကျော်ဇင်အားဦးတိုက်ရတော့သည်။ ယခင်စိတ်မျိုး
နှင့်ဆိုလျှင် ဘီယာတစ်ဝိုင်းနှင့်လာဘ်ထိုး
၍ရမည်ဖြစ်သော်လည်း "ရေမြင့်၍ကြာတင့်ခဲ့လေပြီ " ယခုမူကားမရတော့။ (ကိုကျော်ဇင် ပျဉ်ဖိုးနားလည်ခဲ့လေပြီ။)
ဇတ်သိမ်းပိုင်းဆက်လက်ဖော်ပြပါမည်။
...
Author @ahkhayar (MSC-048)
(ကိုယ်ပိုင်အတွေးဖြင့် ရေးသားသည်။)
Photo by google