ကိုကျော်ဇင်တယောက် ..
စိတ်တွင် အဖြေမရှိဗလာနတ္ထိဖြင့် ခြေဦးတည့်ရာဆိုင်သို့ အရောက် ပိန်လှီဖျော့
တော့ လူပုံပန်း၊ အသွေးသားကရောဂါ
သည် ပမာ မျက်လုံးများက ထိုင်းထိုင်း
မှိုင်းမှိုင်း စိတ်ဓာတ်ကျနေပုံပေါ်လွင်
လျှက် ...
ခါတိုင်းကဲ့သို့  ငှက်မလေးများပလီပလာ
တွတ်ထိုးသံများမကြားရတော့ ..ဆိုင်ရှင်
လုပ်သူ၏သတင်းမေးနှုတ်ဆက်စကားသံမှ အပမည်သည့်စကားသံမှ မကြားရပေ ..
ဆိုင်ရှင်က ကိုကျော်ဇင် နှင့် အတော်ရင်းနှီးသူဖြစ်တာလည်းပါမည်ထင်ပါသည်။
ကိုကျော်ဇင်အားအမြဲတမ်းစီးပွားရေးတခု
လုပ်ရန်တိုက်တွန်းနေသူ။ စီးပွားရေး အကူညီပေးရန် အမြဲတမ်းဖွင့်ဟနေသူ။
သူပြောတိုင်းကိုကျော်ဇင် ငြင်းခဲ့သည်သာ။မည်သည့်အလုပ်ကိုမဆို လုပ်ရန် သူစိတ်မပါခဲ့ ။သောက်စားမူးယစ်နေရသည်ကို
ပျော်မွေ့ နေသူ သူ့ အတွက်အလုပ်သည် မဟာရန်သူပမာ။
ယခုတကြိမ်တွင်တော့ ကိုကျော်ဇင်အတွေးပြောင်းလဲခဲ့လေပြီ ..
ငွေမျက်နှာက လူပေါင်းများစွာရဲ့  စာရိတ္တ နှင့် ဘဝကိုပါပြောင်းလဲစေနိုင်ကြောင်း ဖြစ်သလိုနေခဲ့သူ ကိုကျော်ဇင်တယောက် နားလည်သဘောပေါက်လာခဲ့ပြီးဖြစ်သည်။
ဟုတ်ပါသည် .. ယခင်ပြီးခဲ့သည့်ကာလတလျောက် ငွေကိုတန်ဖိုးမထား အရာရာကို
ပေါ့ပေါ့နေ ပေါ့ပေါ့စား တဒင်္ဂ တခဏစာကိုနိဗ္ဗာန်သဖွယ် ထင်မှတ်မှားခဲ့လေသူ ကိုကျော်ဇင် .. အသိတရားနှင့်လူကပ်ရောက် ချိန် ထင်းခနဲ့ မြင်လိုက်မိသည်က"ငွေကြေးဥစ္စာ" ဆိုသည့် အဆင်တန်ဆာတခု ။ လူ့ ဘဝတွင် မရှိမဖြစ်လိုအပ်သည်ဟူ၍ ။
သို့ သော် ..
ငယ်စဉ်ထဲကမည်သည့်အလုပ်မှ မယ်မယ်
ရရ မလုပ်ခဲ့ ။ မိဘများရှိစဉ်တွင်လည်း မလုပ်ခဲ့ ကျောင်းသွား ကျောင်းပြန် ။ ကျောင်းပြီးခဲ့တော့လည်း ဟိုယောင်ယောင်
ဒီယောင်ယောင် အချိန်ဖြုန်းခဲ့သည်သာ ။
မိဘတွေ ဆုံးပါးသွားတော့ ပိုဆိုးသည်က
သောက်လိုက် စားလိုက် နှင့် အချိန်ကုန်
ခဲ့ သည်သာချည်း ။ ယ္ခု အအိပ်ပျက် အစားပျက် သောက်စားခဲ့သည့် ဒဏ်ကြောင့် ကျန်းမာရေး ညံဖျင်း၍ ဆေးရုံ တက်ခဲ့သည်။ ထုံစံအတိုင်း ငွေကုန်ကြေးကျများစေခဲ့သည်ပေါ့ ။ ဆက်လက်၍ ဤကဲ့သို့ သာ လျှောက်လှမ်းနေမည်ဆိုပါက မိမိအနေအထားသည် လူတော မတိုး နိုင်ဖြစ်ရပေတော့မည်။
မိဘများရှိစဉ်က မြို့ မျက်နှာဖုံး ဘဝနှင့်
အစစ အရာရာ လိုလေသေးမရှိ ။ ယခု မိမိ
လက်ထက်တွင်မှ မျိုးဆက်လည်းမရှိ ၊ ငွေ
ကြေးလည်းမရှိ ၊ဂုဏ်သိက္ခာဆိုသည်ကား
ခပ်တည်းတည်းသာကျန်လေတော့သည်။
ထို့အတူ ဆုံးပါးသွားပြီဖြစ်သော မိဘများ ကို သိက္ခာချရာရောက် ပေတော့ မည်။
ထင်ဟပ်လာသည့် အသိတရားတခုနှင့်
အတူ ကိုကျော်ဇင့် စိတ်ကူးတွေက အလုပ်
တခုဆီသို့  ..
မိမိ သောက်စားယစ်မူး ကျင်လည်ခဲ့ရာဆိုင်ပေါင်းစုံ၏ အားသာချက်၊ အားနည်းချက်
များကို သူရင်းနှီးကျွမ်းဝင်ပြီးသား တခြား
မည်သည့်အလုပ်မှလည်း မလုပ်ဖူးသည့်အတူတူ အနီးစပ်ဆုံး ယနေ့ ခေတ်စားနေသည့် ကေတီဗွီ ၊မာဆတ်နှင့် စားသောက် ဆိုင် စသည်အတွေးနဲ့ အတူ ကိုကျော်ဇင်အကြည့်က ဆိုင်ရှင် ဖြစ်သူထံသို့  ..........
သူ့ကို ဆိုင်ဖွင့်ရန် အခါခါတိုက်တွန်းခဲ့ဖူးသူ
အလုပ်အကူညီပေးရန်အမြဲတမ်းကမ်းလှမ်းခဲ့သူ ။ ယခုတော့ သူမငြင်းပယ်တော့ပြီ ။
ဆိုင်ရှင်ကလည်း ကိုကျော်ဇင် အတွေးကို ကြိုတင်သိနှင့်နေသည့်အလားပြုံးပြလျှက်။" ငါမပြောဘူးလားကျော်ဇင် အစတည်းကစီးပွားရေးတခုလုပ်ထားပါလို့ " ပြောနေသည့်နှယ်။
ထိုအချိန်က ကိုကျော်ဇင်တို့ဒေသနယ်တွင်
နိုင်ငံတော် အစိုးရမှ ကမ်းခြေ စီမံကိန်း စတင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များစတင်
ဝင်ရောက်နေသည့် အချိန်လည်းဖြစ်သည်။
ကမ်းခြေစီမံကိန်းအတွက် လမ်းပန်းဆက်သွယ်ရေးကို အဓိကကောင်းမွန်လာသည်နှင်အမျှ ဒေသတွင်မြေဈေးတွေလည်း ထင်မှတ်မထားလောက်အောင်မြင့်တက်နေချိန် လည်းဖြစ်သည်။ယခင် ရွာသား နယ်သားတွေအပြင် အလုပ်သမားလူတန်းစားတို့ ခေတ္တပြောင်းရွေ့ အခြေစိုက်ရာနေရာတခု အဖြစ် တဖြည်းဖြည်းနှင့် ဒေသတွင်လူဦးရေလည်း တိုးပွားလာခဲ့သည်။
လူဦးရေတိုးပွားလာသည်နှင်အမျှစာသောက်ဆိုင် ဈေးဆိုင်တို့ ရောင်းအား
မြင့်တက်လာနေသည်။ ဆိုင်ရှင်တို့အတွက် ရောင်းအားမတရားကောင်းနေသည့်အချိန် စီမံကိန်း ကာလအတွင်း ရောင်းနေရမည်သာ။ ကမ်းခြေဟုခေါ်တွင်နိုင်သည့်အချိန်တွင်လည်း ရောင်းနေရဦးမည်သာ။
ယခု ကိုကျော်ဇင်တယောက် ဆိုင်ဖွင့်ရန်
စိတ်ကူးအားရှေ့ ဆက်ရန် ဆိုင်ရှင်ဖြစ်သူနှင့် တိုင်ပင်ပြီး မိမိအိမ်သို့  ပြန်လာခဲ့လေတော့သည်။
ငွေကြေးကုန်ခမ်းသွားသော်လည်း မိမိတွင်ဥစ္စာပစ္စည်း ကျန်နေသည်မဟုတ်ပါလော။မြေကွက်ဆိုသည်မှာ တမျှော်တခေါ် ထိုအတွက်ဆိုင်နေရာမပူပန်ရသော်လည်းဆိုင်အပြင်ဆင် အတွက်ကုန်ကျစရိတ် မည်ကဲ့သို့ စီမံရမည်နည်း ??? သူတပါးအကူညီယူတိုင်းကောင်းပါမည်လား ???
တကယ်ဆို အလုပ် လုပ်ရသည်မှာမလွယ်ပါလား။ ငါ့ဖခင် ဤကဲ့သို့ ကြွယ်ဝခဲ့လေအောင် မည်ကဲ့သို့ ရှာဖွေစုဆောင်း ခဲ့ပါသနည်း ။ အတွေးနဲ့အတူ မိမိသုံးချင်တိုင်းသုံး ဖြုန်းချင်တိုင်းဖြုန်း ခဲ့လေသည် မှာရှက်ဖွယ်လိလိ (ဒါတောင်မိမိအလုပ်ကို
လက်တွေ့ အကောင်အထည်မဖော်ရသေးပေ။)
မည်မျှပင် ခက်ခဲပါစေ မိမိအောင်မြင်အောင်လုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီး
ဖြစ်သည်။
(တိုးတိုးတိုင်ပင်ဖော် တော့ စိတ်ထဲ ကျိတ်တမ်းတမိသည်ပေါ့ ။ တကိုယ်တည်းဘဝ
အထီးကျန်လှသည်။ သို့ သော် မိမိဖြစ်ပျက်
ခဲ့သည့်အခြေနေတွေအရ မဖြစ်နိုင်။)
မိမိအကြောင်းသိသော မည်သူမျှ မိမိအား လက်ခံမည်မဟုတ်ပေ။ မိမိကံပင်မဟုတ်ပါလား !! လက်ရှိ အရေးကြီးနေသည်က
စီးပွားရေးတစ်ခု လုပ်ဆောင်ရန်သာမိမိ
အတွေးတွင်စိုးမိုးလျှက် ....
...
ဆက်လက်၍ ကိုကျော်ဇင်တယောက်အသိဉာဏ်ပြည့်ဝစွာ ဘဝကို ဖြတ်သန်း မည်လား!! စီးပွားရေးကိုရော မည်သို့ 
ဆောင်ရွက်သွားမည်နည်း!! သူလိုချင်သော
တိုးတိုးဖော် တယောက် နှင့်ဆုံဆည်း နိုင်မည်လား!! ကြမ္မာအပြောင်းအလဲ အတွက် မည်ကဲ့ သို့ ဖြစ်ပျက်မည်နည်း ....
အပိုင်း (၂)ဆက်ရန် ။
Author @ahkhayar
(ကိုယ်တိုင်စိတ်ကူးဖြင့်ခံစားရေးဖွဲ့ သည်။)
Photo .. google
....