နေရာ

ရာသီဥတုကတစ်နေ့တခြားပူလာတာက ကြောက်စရာပါပဲ။ ရာသီဥတုကပူလေ အပြင်ကိုမထွက်ချင်လေ။အိမ်ထဲမှာပဲအအေးလေးသောက်လိုက် အရိပ်ရတဲ့သစ်ပင်အောက်မှာ ထိုင်ခုံလေးခင်း ဖတ်ချင်တဲ့စာအုပ်လေးကိုယူ သောက်ချင်တဲ့အအေးခွက်လေးနဲ့ဆို ဘယ်လောက်ကောင်းလိုက်တဲ့ စည်းစိမ်လဲရှင်။သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် အပြင်ကိုထွက်ဖို့ ကံကဖန်လာပြန်တော့လည်း ဘယ်တတ်နိုင်မလဲပေါ့နော်။

ဒါကြောင့်မို့အပြင်သွားဖို့ အဝတ်အစားလဲ ပိုက်ဆံအိတ်လေးနဲ့ဖုန်းကိုကိုင်ပြီးထွက်မလို့မှာပဲ "အမလေးလေးလေး... အရေးကြီးတာမေ့တာမလို့" အခုခေတ်မှာအပြင်ထွက်ရင် မပါမဖြစ်က နားကြပ်ရှင့် နားကြပ်။သိတယ်မလား ရာသီဥတုကပူတော့ ybs airconလေးစီးတာ အင်မတန်အရသာရှိပေသကိုး။ထိုင်ခုံလေးပေါ်မှာ နားကြပ်လေးတပ် သီချင်းလေးဖွင့် airconကားလေးကို ငြိမ့်ငြိမ့်ညောင်းညောင်းလေးစီးသွားရတာ ဘယ်စည်းစိမ်နဲ့များ နှိုင်းရမလဲ မသိတော့ပါဘူး။

မှတ်တိုင်ရောက်တော့ ကားကိုတောင်သိပ်မစောင့်လိုက်ရပါဘူး။ကားပေါ်အတတ် ဘေးဘီမျက်လုံးဝေ့ကြည့်တော့ ထိုင်ခုံနဲ့လူကအပြည့်။သွားပါပြီ စိတ်ကူးနဲ့လက်တွေ့ တစ်ခြားစီပါပဲ။ဒါပေမယ့် ကိစ္စတော့သိပ်မရှိလှပါဘူး။စီးရမယ့်ခရီးကလည်းဝေးတော့ ထိုင်ခုံတော့ရလောက်မှာပါဆိုပြီး ကားနောက်ဘက်ထိသွားရပ်နေလိုက်တယ်။သိပ်ကြာကြာမရပ်လိုက်ရပါဘူး။ထိုင်ခုံကတစ်ယောက်ဆင်းသွားပြီ။အဲ့အချိန်ကဆို ဘယ်လိုဝမ်းသာမှုမျိုးနဲ့ ဝမ်းသာလဲကိုမသိတော့ပါဘူး။
ကိုယ်မျှော်မှန်းထားတဲ့ ထိုင်ခုံရပြီလေ။ဒီတော့ အခွင့်အရေးကို ကောင်းကောင်းအသုံးချပြီလေ။နားကြပ်တပ် သီချင်းနားထောင်လို့မှ တစ်ပုဒ်ပင်မပြီးသေးဘူး။ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ကားပေါ်တတ်လာပါတယ်။ဦးစားပေးထိုင်ခုံဆိုပြီးစာတန်းထိုးထားတဲ့ လူတွေကလည်း တစ်ချက်ကလေးမှမကြည့်ဘူး။နေရာဖယ်ပေးဖို့ဆို ဝေးလာဝေး။နားကြပ်ကြီးတပ်ပြီး သူတို့နဲ့မဆိုင်သလိုပါပဲ။တစ်ဖြည်းဖြည်း ကားနောက်ပိုင်းကိုလျှောက်လာပါတယ်။နောက်ဆုံးတော့ ကျွန်မလည်း မနေတတ်တာနဲ့ နေရာကဖယ်ပေးလိုက်ပါတယ်။ကိုယ့်ရတဲ့ထိုင်ခုံလေးကို မဖယ်ပေးချင်တာမှန်ပေမယ့်လည်း ကိုယ့်ထက်အရေးကြီးသူကိုတော့ ဖယ်ပေးရမယ်ဆိုတဲ့ စိတ်လေးကိုနှလုံးသွင်းလိုက်ပါတယ်။တစ်ဆက်တည်းမှာပဲ ကျွန်မအတွေးတစ်ခုဝင်လာမိတယ်။ သြော် ဘာမှတန်ဖိုးမရှိ ဘာမှလုပ်လို့မရတဲ့ ဒီထိုင်ခုံလေးကိုတောင် ကျွန်မနှမြောနေတာ ဟိုလူတွေထိုင်ခုံဖယ်မပေးချင်တာ မဆန်းပါလားလို့။
(ဦးစားပေးခုံက ထိုင်နေသူတွေကို ပြောပါတယ်😂 😂)

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center