ပြောင်းလဲချိန်တန်ပီလား?

လက်တွေ့ လုပ်ဆောင်ခြင်းနဲ့ ယုံကြည်မှုကိုပေါင်းစပ်လိုက်တဲ့အခါ ပြောင်းလဲမှုဖြစ်ပေါ်လာပါတယ်။သင့်ကိုယ်သင် အဆိုးတွေကနေရုန်းထွက်ချင်နေပြီလား? သင့်ကိုယ်သင်ပြောင်းလဲနေချင်ပြီလား? လက်တွေ့ ပြောင်းလဲချင်ရင် လက်တွေ့ လုပ်ဆောင်ရမယ်။ နည်းလမ်းတွေကိုလိုက်နာရမယ်။လူ့ အဖွဲ့ အစည်းထဲမှာနေတယ်ဆိုရင် ပြောင်းလဲရမှာဘဲ။ဒါဟာသဘာဝပါ။သင်အမြဲတမ်းသီချင်းတစ်ပုဒ်ထဲကိုနားထောင်နေလို့ မရသလို ရုပ်ရှင်တကားထဲကိုဘဲကြည့်နေလို့ မရပါဘူး။ဥပမာ ကနေ့ ခေတ်မှာနာမည်ကြီးတဲ့အဆိုတော်တယောက်ဟာ နောက်၃နှစ်ကြာရင် နာမည်ကျချင် ကျသွားမှာပါဘဲ။လူတယောက်ရင့်ကျက်ဖို့ ဆိုရင် ပြောင်းလဲဖို့ လိုပါတယ်။သင်အရာတခုထဲကိုဘဲအမြဲလုပ်နေနိုင်မလား? ဒီအလုပ်မှာ ဒီလူတွေနဲ့ ဘဲ အမြဲလုပ်နေတော့မှာလား? ဒီနေရာလေးမှာဘဲနေတော့မှာလား?နေရာသစ်ကိုမပြောင်းတော့ဘူးလား?စွန့် စားမှုတွေမလုပ်တော့ဘူးလား?

သင်ယုံကြည်ချက်တဲ့အရာတွေပေါ်မှာအခြေခံပြီးလုပ်ဆောင်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ ကို့ကိုယ်ကိုယုံကြည်မှုမရှိရင် ဘာဖြစ်မလဲ? ကျွန်တော်တို့ စတင်တဲ့နေရာမှာဘဲ ကျွန်တော်တို့ ရှိနေကြမယ်။ရှေ့ ဆက်တိုးတတ်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ကျွန်တော်တို့ ရည်မှန်းချက်တွေနဲ့ အလှမ်းကွာနေမှာဖြစ်သလို ကျွန်တော်တို့ အမြဲစိတ်ဓတ်တွေကျနေမယ်။ဘာလို့ လဲဆိုတော့ အကြီးမားဆုံးသောကျရှုံးမှုဆိုတာ ကြိုးစားမှုနဲ့ ရှုံးနိမ့်မှုကနေ ဆင်းသက်လာတာမဟုတ်ပါဘူး။ဘယ်ကဆင်းသက်လာသလဲ? မကြိုးစားရဲ မစွန့် စားရဲ ပြီး အကြီးမားဆုံးသောဆုံးရှုံးမှုကိုရရှိတာဖြစ်ပါတယ်။

     ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ ရှုထောင့်နှခုကနေ မကြာခဏကြည့်ကြပါတယ်။ ကျွန်တော်တို့ လက်ရှိဘယ်နေရာမှာလဲ? ကျွန်တော်အနာဂတ်မှာဘယ်နေရာကိုရောက်နေချင်တာလဲ?ဒီအချက်နှချက်ကြားမှာလဲကွာခြားချက်ကြီးကြီးမားမားရှိပါတယ်။ဥပမာ သင့်ရည်မှန်းချက်က မီလီယျံနာသူဌေးတယောက်ဖြစ်ဖို့ ဆိုပါစို့ ။ဒါပေမယ့် လက်ရှိမှာသင်ဟာအကြွေးတွေနဲ့ ရုန်းကန်နေရတယ်။သင့်လက်ရှိအခြေအနေနဲ့ သင်ဖြစ်ချင်တဲ့ဘဝပုံစံကြားက ကွာခြားချက်ကပိုပြီးသိသာလာတယ်မဟုတ်လား? သင့်ကိုယ်သင်မေးရမယ့်မေးခွန်းတစ်ခုရှိတယ်။" ခုလက်ရှိအခြေအနေကနေ စိတ်ကူးထားတဲ့ဘဝမျိုးရဖို့ ဘယ်လောက်ကြာမှာလဲ?" ဆိုတာပါဘဲ။ ဒီမေးခွန်းကိုဖြေဖို့ အတွက် သင့်ရဲ့စိတ် သင့်ရဲ့အတွေး သင့်ရဲ့ခံစားချက်တွေကို မြင့်မြင့်မားမားထားရမယ်။မြင့်မြင့်မားမားကိုရောက်ဖို့ အတွက် မြင့်မြင့်မားမားတွေးရမယ်။

 လုံလောက်တဲ့စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုမရှိဘဲ အောင်မြင်ဖို့ ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။သင့်ရဲ့ပြိုင်ဘက်တွေ  ခက်ခဲလာမယ့်အခြေအနေတွေကိုသိရမယ်။အမြဲတတ်ကြွနေရမယ်။သတိရှိရမယ်။သင်စိတ်ဓတ်ကြံ့ခိုင်ဖို့ ပြင်ဆင်ထားတယ် လေ့ကျင့်ထားတယ် ဆိုရင် မိမိကိုယ်ကိုယုံကြည်မှုတိုးတတ်လာမယ်။ခက်ခဲတဲ့အခြေအနေတွေကိုလည်းအကောင်းဆုံးကျော်ဖြတ်နိုင်လာမှာဖြစ်ပါတယ်။သည့်အပြင်  အရာရာတိုင်းကို သင့်စိတ်နဲ့ အေးအေးဆေးဆေး စဉ်းစားနိုင်လာမယ်။အရင်က မမျှော်လင့်ထားခဲ့တာတွေကိုသတိပြုမိလာစေတယ်။ စိတ်ဓတ်ပိုင်းဆိုင်ရာအကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေ ပူပန်စိတ်တွေကိုလျှော့ချနိုင်မယ်။

image

#Spellsuccessinyourlife
#Toptenteam
H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center