မြန်မာ့ ပန်းပု အနုပညာလက်ရာများ (myamnar Sculpture Art)

image
ဒီတပတ်တော့ ရန်ကုန်ပြန်ဖို့ ပဲခူးမြို့က ထွက်ခွာ လာခဲ့ပါတယ်။ ဒီလိုနဲ့ ကား မောင်းလာရင်အင်းတကော်က ရွှေပြည်အပန်းဖြေဥယာဉ်နား ရောက်လာပါတော့တယ်။ဗိုက်ကလဲ မနက်စော စောထလာတော့ဆာနေတာနဲ့ အ တော်ပဲပေါ့။
"မိန်းမရေ ငါတို့ ရွှေပြည် ဝင်မလား"
"အာ ---- ဈေးကြီးတယ်ပြောတယ်"
"နီးပြီးမရောက်ဖူးသေးဘူးလေဟာ"
ကျွန်တော်လဲ ရောက်ဖူးချင်နေတာနဲ့ မိန်းမကိုထပ်မမေး တော့ပဲ ကားကိုဆိုင်ထဲ ကွေ့ချလိုက်ကာ ပါကင်အပ်လိုက် တယ် ပြီးရောပေါ့ဗျာ။မိန်းမကတော့ ဘာမှမပြော ဟိုကြည့် ဒီကြည့်ပေါ့။ဒါနဲ့ကျွန်တော်လဲ ကား lockချကာ
"လာလေဟာ"
"အေးပါ သွား သွား"
"ညီလေး စားသောက်ဆိုင်က ဘယ်နားမှာလဲ"
"ဟိုဟာအကို"
အော် အေး အေး ကျေူဇူးပဲ"
image
ကျွန်တော်လဲ စားသောက်ဆိုင် ရှိရာတက်လာခဲ့သည်။ဟိုကြည့်ဒီကြည့်နဲ့ လျှောက်လာခဲ့သည်။ ခြံကတော့ အ တော်လေးကျယ်သည်ဆိုင်ရှေ့တွင်လဲကန်ရေပြင်ကျယ်ကြီးရှိသည်။ကန်၏တဖက်ခြမ်းကို သစ်သား တံတာူများနင့် ဆက်သွယ်ထားသည်။ဆိုင်ပုံစံ ရှေးက ဆင်ဝင်အိမ်နှစ် ထပ်အိမ်ပုံစံဖြစ်သည်။ကျွန်တော်လဲ ဘေးဘယ်ကြည့်ရင်း
ဆိုင်ထဲ ဝင်မည်အလုပ် မှာမိန်းမက
"ယောကျာ်းလေ ယာဉ်ပေါ်မှာ ဆိုင်ရှိတယ်ပြောတယ်"
"ဟုတ်လား ဒါဆိုလဲအဲ့သွားမယ်"
image
လေယာဉ်သည် ဆိုင်နှင့်ကပ်လျှက် တွင်ရှိနေသည်။လေ ယာဉ်ပေါ် ဆိုင်ရှိတယ် ဆိုတော့လဲ လေယာဉ်ဆီပဲ ဦး တည်သွားလိုက်သည်။ထိုနောက်လေယာဉ်ပေါ် တက်ကာ ကော်ဖီနဲ့မုန်မှာကာ ဗိုက်ဖြည့်ပေးလိုက်သည်။ဈေးကတော့ သူ့နေရာနှင့်သူ တန်ပါသည်။
ကွန်တော်ပြောပြချင်တာက ပန်းပုလက်ရာ တွေပါ လိုရင်းမရောက် ဖြစ်သွားလားမသိဘူးနော် ဟဲဟဲ ဟဲ။ ဒီလိုပါ ကျွန်တော်က ပန်းချီ ပန်းပု ဝါသနာတော့ တင် ပြချင်တာပါ။ပြောလုပြောတာမဟုတ် ပန်းပု လက်ယာများ ဟာ အလွန်များပြား လက်ရာမြောက်လှပါသည်။ဝင်လာ ခဲ့စဉ်က ဤသို့မထင်ခဲ့ပါ။
image

image
ထိုမှတဆင့်သစ်သားတံတားလေးကိုဖြတ် ကာ ဟိုဘက် ကမ်းသို့ ဆက်၍လျှောက်လာခဲ့သည်။ သဘာဝ တောလမ်း
လေးနှင့် နားနေဆောင်များမှာ အပင်ရိပ်များအောက်တွင် ဓနိမိုးကာ ဝါးခင်းထားသော 10 ပေပတ်လည်တဲလေးများ များစွာရှိသည်။အဖက်မှာကကန်ရေပြင်ကျယ် အလွန်ပင် အေးချမ်းသာယာလှသည်။မနက်ခင်းပိုင်းဆိုတော့ ပိုလို့ပင် အေးချမ်းသာယာနေသည်။ဒီလိုနဲ့ လမ်းလျှောက်လာ ရင်း ပန်းပု ကျေးရွာသို့ ရောက်ရှိခဲ့သည်။လွန်ပင် အံအားသင့်ရ ပါသည်။
image
ကြည့်ပါဦးဗျာ သန္နာကျောက်တန်းနဲ့ ငါးလေးတွေ
20180310_112603.jpg
image ![image]
ခွေးအမျိုးအစားတွေမှအစုံ
()
![image]
သစ်မြစ်ဆုံကိုထွင်းထုထားတဲ့ သုဝနသာမ
() ![image]
20180310_113153.jpg
ဒါကတော့ မျောက်ကမ္ဘာ
() image ![image]
ကျားရဲ ပေါတဲ့တော

() ![image]
20180310_114956.jpg
ဒီကြားထဲမှာသမင် ဒရယ် အစုံ
() ![image]
ဒီထဲမှာ ခြင်းဝိုင်းကလဲရှိသေး
() ![image]
ကြံ့တွေကလဲသားတွေပေါင်နေတယ်
() ![image]
20180310_114315.jpg
မြွေနဲ့ကင်းကလဲဖိုက်လို့
() ![image]
ဂဏာန်းတွေကလဲ ကားကားနဲ့
() ![image]
လှည်းယာဉ်တွေကလဲ စုံလို့
() ![image]
သစ်ခေါင်းထဲမှာ ကိုယ်လုံးပြည့်လို့ အမှီးတောင်ထွက်နေသေးတဲ့ ဖွတ်
() ![image]
ခြင်္သေ့တွေကလဲ မိသားစုလိုက်
() image ![image]
မိချောင်းကလဲ အုပ်လိုက်
()
ဝက်မျိုးစုံခြံ
လက်ယာမြောက်လှ ပန်းပုရုပ်များကို လိုက်ပြီးကြည့်ရှုရ တာ တကယ်ကိုမဝနိုင်ပါ။ကြီးမားလှတဲ့ သစ်လုံးကြီးများကို ထွင်းထုနေတာတွေလဲကိုယ်တိုင်မြင်တွေ့ရတော့ အလွန် ကိုလေးစား မိပါတယ်။ကျွန်တော် တွေ့ဘူးမြင်ဘူးတာ ဘု ရားဈေးတွေမှာ တချို့တချို့ နေရာတွေမှာလူတရပ်ထက်ကြီး မားတဲ့ အရုပ်တွေ တခုနှစ်ခုလောက်သာ ရှားပါးစွာ တွေ့ မြင်ဖူးပါတယ်။အခုတော့ဗျာ ထောင်ပေါင်းများစွာသော ပန်း ပု ရုပ်တို့သည် ရုပ်လုံးကြွ သက်ဝင်လှပေသည်။သစ်ပင်လုံး ရဲ့အရှိအတိုင်းကို ထွင်းထုသွားတာများဗျာတကယ်ကို အံ့ သြစရာပါ။
ကျွန်တော်တို့ myanmar steemit မိသားစု
ဝင်အားလုံးလဲ ပဲခူးမှာရှိတဲ့ သမိုင်းဝင် ဆုတောင်းပြည့် ဘုရားများဖူးမျှော်ရင်း လာရောက်လေ့လာ အပန်းဖြေဖို့ ပိတ်ခေါ်လိုက်ရပါသည်ချစ်မိတ်ဆွေတို့။

20180310_110851.jpg
မောမှန်သိလို့လင်းပိုင်လေးက အလိုက်သိစွာပေါ့

ရေးသားသူ - msc - 042
@mgmgaung

H2
H3
H4
3 columns
2 columns
1 column
Join the conversation now