ချစ်သူအတွက် သီချင်းလက်ဆောင်

ချစ်သူကောင်မလေးရေ
လေလှိုင်းကြားကနေ စတွေ့တုန်းက ခံစားချက်လေးတွေကို သီချင်းသံစဉ်လေးတစ်ပုဒ်အနေနဲ့ ပြောင်းလဲပေးလိုက်ပါရစေ...
ဒီသီချင်းလေးက မင်းလေးတစ်ယောက်ထဲကိုပဲ ရည်ရွယ်ရေးသားခဲ့တာပါ...
မင်းလေး နားဆင်ဖို့ တစ်ချိန်ချိန်မှာ ဆိုပြခွင့်ရပါရစေသား....

Key - C
Slow Go Go
C. G
မင်းလေးမချစ်နိုင်တဲ့
Am. Em
ဒီကမ္ဘာကြီးမှာ
F. C
ဘယ်လိုနည်းနဲ့ အသက်ရှင်ရမယ်ဆိုတာ
Dm. G
စဉ်းစားပေးပါကွယ်....
C. G
မျှော်လင့်ချက်မရှိနိုင်တဲ့
Am. Em
ဒီဘဝကြီးကို
F. C
ဘယ်လိုအင်အားနဲ့တွန်းလှန်ရမယ်ဆိုတာ
Dm
မင်းတစ်ယောက်ထဲပဲ
G
သိပါတယ်....
C
မုံရွာမှာကျောင်းတက်နေတဲ့ အဆောင်သူထဲမှာ သရဖူဆောင်းထား
Am
မင်းအလှမှာ စီးဝင်သွားတဲ့ လူငယ်ထဲမှာ ငါပါဝင်ထား
F
စတွေ့တော့ လိုက်ခဲ့ပါတယ် ကျောက္ကာလမ်းရဲ့ ညနေများမှာ
G
ရှုပ်ရှက်ခက် လမ်းမပေါ်မှာ မင်းရဲ့အလှက ထင်ပေါ်ကျော်ကြား
C
မျက်ခြေမပျက်အောင် လိုက်ခဲ့မိတယ် မင်းကပြောတော့နှောက်ယှက်နေလား
Am
ဒီစကားလေးတစ်ခုနဲ့တင် ငရဲပြည်ထိတောင် ဇောက်ထိုးဆင်းမလား
F
မင်းအချစ်ကို ရဖို့ဆိုရင် သေသိတိုင်အောင် စောင့်မျှော်နေမှာ
G
ယူဇနာတွေ ထောင်သောင်းမကတဲ့ မြင့်မိုရ်တောင်တောင် တက်ပြအုံးမလား
C
ညမိုးချုပ်ထွက်လာခဲ့ ဓူဝံကြယ်တောင် ယူပြအုံးမှာ
Am
မင်းလိုအပ်တာဖြည့်စည်းပေးဖို့ ဒီကကောင်ကအဆင်သင့်ပါ
F
ငါပြောတာမယုံဘူးဆိုရင် ဖြေရှင်းချက်တွေ ပေးရအုံးမလား
G
ငါ့အချစ်တွေမယုံဘူးဆိုရင် နှလုံးသားထဲကို မင်းဝင်လာထား

Round
image
တစ်ချိန်ချိန်မှာ ဆိုပြခွင့်ရခဲ့ရင်ပေါ့
အချစ်များစွာဖြင့်
@wailinn
MSU - 010

H2
H3
H4
3 columns
2 columns
1 column
Join the conversation now