Job

imageလုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုနဲ့ ကြုံတွေ့ရတဲ့အခါ

လူသားတွေဟာ နေ့စဉ်အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ၀င်ငွေကို အလုပ်လုပ်ကိုင်ပြီး ရှာဖွေကြရပါတယ်။

ငွေအင်အားတတ်နိုင်သူတွေကတော့ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လုပ်ကိုင်ကြသလို အရင်းအနှီးမတတ်နိုင်သူတွေကတော့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေမှာ ၀န်ထမ်းအဖြစ် ၀င်ရောက်အလုပ်လုပ်ကိုင်ရလေ့ရှိပါတယ်။ အဲဒီလို ၀င်ရောက်လုပ်ကိုင်ရာမှာ အဆင်ပြေစိတ်ချမ်းသာတဲ့လုပ်ငန်းခွင်တွေရှိသလို ဖိနှိပ်မှုတွေရှိတဲ့လုပ်ငန်းခွင်တွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုနဲ့ ကြုံတွေ့ပြီဆိုရင် ဘယ်လို နေထိုင်ပြုမူရမလဲဆိုတာကို တင်ပြပေးပါမယ်။

၁။ ခံစားချက်ကိုထုတ်မပြပါနဲ့။

ကိုယ့်အထက်လူကြီးကဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ကဖြစ်စေ ကိုယ့်အပေါ်နိုင်ထက်စီးနင်းပြုလုပ်တာ၊ ဖိနှိပ်တာမျိုးနဲ့ ကြုံတွေ့ခဲ့ရင် ကိုယ့်ရဲ့ ခံစားချက်ကိုချက်ချင်းအပြင်ကို ထုတ်မပြပါနဲ့။ တည်ငြိမ်စွာမှန်မှန်ကန်ကန်နေထိုင်ပါ။ လူကြီးလူကောင်းဆန်စွာဆက်ဆံလိုက်ပါ။ တစ်ခါတစ်ရံမှာ အဲဒီလို ပြုမူလိုက်တဲ့အတွက် ကိုယ့်အပေါ်ဖိနှိပ်သူက သူတို့ရဲ့ လုပ်ရပ်ကို ရှက်ရွံသွားပြီး ပြင်ဆင်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။

၂။ ကို်ယ့်ကိုကိုယ်လည်း အပြစ်မတင်ပါနဲ့။

တစ်ခါတစ်လေ ဒီလိုလုပ်ငန်းခွင်ကို ၀င်လာမိတဲ့အတွက်လည်း ကိုယ့်ဘာသာအပြစ်တင်နေတာမျိုးဖြစ်တတ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း အပြစ်မတင်ပါနဲ့။ ဒီလုပ်ငန်းခွင်မှာ အဆင်မပြေရင် တခြားလုပ်ငန်းခွင်ကို ပြောင်းဖို့ အခွင့်အရေးရှိပါတယ်။ အဲဒီအခွင့်အရေးကိုသာ ဆုပ်ကိုင်ပြီး အားထုတ်ကြိုးပမ်းနေပါ။

၃။ အလုပ်ကိုကောင်းစွာလုပ်ပေးပါ။

ကိုယ့်ရဲ့ စွမ်းရည်ကို အကောင်းဆုံးထုတ်ပြီးလုပ်ကိုင်ပေးပါ။ တစ်ခါတစ်ရံမှာ ကိုယ်က အရမ်းတော်နေတဲ့အတွက် မနာလိုဖြစ်ပြီး ဖိနှိပ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုအခြေအနေမှာ အလုပ်ကိုပြီးစလွယ်လုပ်မိရင် ကိုယ့်အပေါ်ကောင်းနေတဲ့သူတွေမှာပါ အမြင်တစ်မျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အလုပ်ကိုကောင်းစွာနဲ့ မှန်ကန်စွာလုပ်ကိုင်ပေးပါ။ ဒါက ဒီအခက်အခဲကို ကျော်ဖြတ်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်လာမှာပါ။

၎။ ကွန်ရက်ကောင်းမွန်စွာတည်ဆောက်ပါ။

လုပ်ငန်းခွင်တစ်ခုမှာ ကောင်းတဲ့သူရော၊ ဆိုးတဲ့သူရော ရှိတတ်တဲ့အတွက် ကိုယ့်အပေါ်အကောင်းမြင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။ မကောင်းမြင်သူတွေနဲ့လည်း မျှတတဲ့ဆက်ဆံရေးတစ်ခုထားပါ။ သင့်ရဲ့ ဆက်ဆံရေးကွန်ရက်ကျယ်လေလေ သင့်ဘက်က ရပ်တည်ပေးမယ့်သူတွေ များလေလေဖြစ်ပါတယ်။

၅။ ဖြစ်ရပ်တွေကိုမှတ်တမ်းတင်ရေးသားပါ။

နိုင်ထက်စီးနင်းလုပ်ခံရမှု၊ ဖိနှိပ်ခံရမှုအကြောင်းအရာတွေကို တတ်နိုင်သမျှ ရေးမှတ်ထားပါ။ အကြောင်းတစ်ခုခုဆိုရင် တင်ပြတိုင်တန်းလို့ ရအောင်လို့ ဖြစ်ပါတယ်။ တချို့သောဖိနှိပ်မှုတွေက ပျော့ပျောင်းတတ်ပေမယ့် တချို့သောဖိနှိပ်မှုတွေက ပြင်းထန်တာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ထိလက်ရောက်ပြုမူတာ၊ ပြင်းထန်တဲ့ဖိနှိပ်မှုတွေ ရှိလာပြီဆိုရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်း၊ အာဏာပိုင်အဖွဲ့အစည်းတွေထံကို မှတ်တမ်းသက်သေနဲ့တကွ တိုင်တန်းနိုင်ဖို့ ဖြစ်ပါတယ်။

MSU..033
Written..@yehtetaung
Photo..google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now