သူနှင့်ကျွန်တော်

သူနှင့်ကျွန်တော်


စောင့်မျှော်ရခြင်း ဝေါဟာရမှာ အတ္တရဲ့သွေးတစစ်စစ်တိုးရဲ့ ...
နင်က ပန်းတစ်ပွင့်ဆို IOT နဲ့ပဲ ငါဖူးပွင့်စေချင်တယ် ...
ဒီလိုနဲ့ ငါကလိုအပ်လိုက် နင်ကဖူးပွင့်လိုက် ...
.
ငါ့လက်ကနေ ဂျွမ်းပစ်ထွက်သွားလေတဲ့ စီးကရက်တိုလေး ...
နင်မြင်နိုင်ရင်ကြည့်ပေါ့ ...
မတတ်သာလို့ မာန်ချထားရတဲ့ မာနပါးပါးလေးရဲ့အက္ခရာတချို့ .
နီရဲကျွမ်းလောင်ဆဲ ...
.
မတော်တဆ ... အနိစ္စရဲ့ ဧည့်ဝတ်ပျူငှါမှုကို ခံယူခဲ့ရရင် ..
ငါ့မျက်မှန်လေး ... ဘယ်မှသွားမလှူနဲ့နော် ...
နင်လာရာမျှော်တဲ့ ငါ့မျက်ဝန်းကကြိုးကို ...
Recycle ထိတွေ့နိုင်တာပေါ့ ...
နင်သာ နိုင်ငံကြီးသားပီသရင်လေ ။ ။
★ Lay Cho ★

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center