သင်ကြားလေ့လာမှုစနစ်နှင့် ဘ၀ပေးအတွေ့အကြုံ

ငယ်ငယ်ကထဲက သင်ခဲ့ရတဲ့စနစ်က ဒါပြီး ဒါလုပ်။ ဒါကျက် ဒါကူးရေး ဒီလိုဖတ် ဒါဖတ် အကုန် ဆရာဘက်က ပဲ ဦးဆောင်သွားတာ။
အဲ့မှာအကျင့် တစ်ခါပျက်တယ်။
အသက် 17 လောက်မှာ ကွန်ပြူတာ စကိုင်တယ်။ သင်တန်းမတက် ဘာမှ စနစ်တကျ မသင်။ ကိုယ့်ဘာသာ ကလိ ဟိုလုပ်ကြည့်ဒီလုပ်ကြည့် ထင်ရာလုပ်။ နည်းနည်းတတ်သူကိုတစ်ခွန်းစ နှစ်ခွန်းစမေး။ အဲ့လိုနဲ့ တစ်နေ့တာရဲ့ ၃ပုံ ၂ပုံကျော်လောက် ကွန်ပြူတာနဲ့။ ဆက်ပြီးလေ့လာတော့လည်း သင်တန်းတွေနဲ့ ဘာကိုမှ စနစ်တကျမသင်ခဲ့ဖူး။ အွန်လိုင်းသုံးတဲ့အချိန်မှာလည်း အွန်လိုင်း သင်ခန်းစဲာ့ စနစ်တကျမသင်ခဲ့ဖူးဘူး။ ဒါပေမဲ့ excel word လိုကအစ Photoshop လိုမျိုးအထိ sofware အတော်များက ကလိရင်းနဲ့ အတိုင်းအတာတစ်ခုအထိတတ်ခဲ့တာပဲ။ ဒါပေမဲ့ တကယ့် စနစ်တကျသင်ထားသူလောက် သုံးမတတ်။ အွန်လိုင်းသုံးတော့လည်း သူငယ်ချင်းက gmail တစ်ခုစဖွင့်ပေးရင်းကနေ ဆက်တိုက်ကိုယ့်ဘာသာပဲ အကုန် ကလိရင်း blog wordpress ဆိုက်တွေကအစ အတိုင်းအတာတစ်ခုထိ တတ်သွားတာပဲ။ ခုနောက်ဆုံး mining တွေအထိ တစ်စွန်းတစ်မေး ကလိရင်း တတ်ခဲ့တာပဲ။
ခု အရွယ်ကျမှ self study ကို အသားပေးတဲ့ သင်ကြားနည်းစနစ် ကိုသုံးတဲ့ သင်တန်းလည်း တက်ရော အဲ့မှာ ဂွမ်းတော့တာပဲ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ သင်တန်းမှာ သင်နေတုန်းက အဟုတ်။ အိမ်မှာပြန်လေ့ကျင့်ပါ။ ဘယ်ဝက်ဘ်တွေကနေ ဆက်လေ့လာပါလည်း ဆိုရော တိုင်ပတ်တော့တာ။ ဘယ်ကနေ ဘာကိုပြန်လေ့ကျင့်၇မယ်မှန်း မသိ။ နဂို ကထဲက အကျင့်မ၇ှိလို့ အဆင်မပြေတာလား အသက်ကြီးလာလို့ သင်ယူနိုင်စွမ်းတွေလျော့သွားတာလားဆိုတာတော့ မခွဲခြားတတ်တော့။ အသက်ကြီးလာတာလည်း ပါကောင်းပါနိုင်တယ်။ ယခင်က ကိစ္စတစ်ခုခု လုပ်တတ်ချင်ပြီဆို မအိပ်မနေ အသည်းအသန်ရှာတော့တာ။ နောက်ဆုံး တတ်ချင်တာက တတ်တာပဲ။ ခုတော့ တတ်ချင်တာကို သူများလိုက်မေးပြီး သင်တာတောင် မတတ်တော့တာတွေရှိလာတယ်။ အရင်က လို ကိုယ့်ဘာသာ ပြဿနာမဖြေရှင်းနိုင်တော့။

နောက် ငယ်ငယ်ကထဲက ဘ၀ကို ဖြတ်သန်းတော့လည်း ဘယ်ကိစ္စကို ဘယ်လို ကြုံရင်ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ ရှေ့ကြိုတင် တားဂက်တွေပလန်တွေချမထားတတ်တဲ့အကျင့်နဲ့ ဘ၀ ကကြီးပြင်းလာခဲ့တယ်။ ဒီကွေ့ရောက်ဒီတက်နဲ့လှော် ဟိုကွေ့ရောက်ဟိုတက်နဲ့လှော်တဲ့အကျင့် ကြီးနဲ့ ဖြတ်သန်းခဲ့တာ။ ဒီအရွယ် ကျမှ ဟို wordshop ဒီ workshop ဆိုတာတွေမှာ စကားပြောတော့ ပြဿနာတစ်ခုကို နမူနာဖြေရှင်းရင်း Brainstorming လည်းလုပ်ရော အဲ့မှာ ဂွမ်းတော့တာပဲ။ ဘယ်လိုမှကို ဦးနှောက်ကမလုပ်နိုင်တာ။ တစ်နာရီမကြာခင်မှာကို ခေါင်းက ပူထူလာတော့တာ။ ခုချိန်ထိ စီးပွားရေးမှာပါ ဦးတည် တားဂက်နဲ့လုပ်တာထက် လုပ်ချင်တာကို စိတ်ကူးပေါက်ရာထလုပ်တဲ့နစ်စနဲ့ပဲသွားနေတာ။ ကံပဲကောင်းနေတာလားမသိ။ ခုချိန်ထိတော့ ဘ၀ ကွှနှုတ်လက္ခဏာ ပြမသွားဘဲ တစ်နေ့ထက်တစ်နေ့ အပေါင်း လက္ခဏာတော့ပြလာနေတာပဲ။

အဓိက ပြောချင်တာကတော့
ငယ်စဉ်ကထဲက သင်ကြားမှုစနစ်ကောင်းနဲ့ သင်ကြားခဲ့ရဖို့ အရမ်းလိုအပ်တယ်။ ဘယ်ပညာရပ်မဆို စနစ်တကျ သင်ကြားထားဖို့ အရမ်း အရမ်းကိုလိုအပ်ပါတယ်။ နောက်မှ ထပ်တိုးလေ့လာတာမျိုး ဘယ်လောက်လုပ်လုပ် စနစ်တကျအခြေခံမပိုင်ခဲ့ရင် ရှေ့ဆက်ဖိုကအတော့်ကိုခက်ခဲတာပါ။ အထူးသဖြင့် ဒီဘက်ခေတ်နည်းပညာတွေ့ သိပ်၇ှုပ်ထွေးခက်ခဲတယ်။ တော်ယုံအခြေခံမပိုင်တဲ့အခါ ကြာလေ လိုက်မမှိလေဖြစ်သွားနိုင်ပါတယ်။
ဘယ်အရာမဆို ဦးတည်ချက် ထားပါ။ အချိန်အကန့်အသပ် ထားပါ.။ ကိုယ်ဘာဖြစ်ချင်တယ် ဘာလုပ်မယ် ဘာမဖြစ်ခဲ့ရင်ဘယ်လိုလုပ်မယ်ဆိုတဲ့အနာဂတ် ပလန်တွေ သေချာ ချမှတ်ပါ။ ပစ္စုပ္ပါန်တည့်တည့်ရှုရင်း အနာဂတ်ကိုပါပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ နောက် Brainstorming ကို အမြဲတမ်းလုပ်နေဖိုကလိုပါမယ်။ Brainstorming လုပ်ပါဆိုလု့ အရေမရအဖတ်မရ လက်တွေကမကျ အကျိုးမရှိတာတွေ လိုက်တွေးပြီး ငြင်းခုန်နေတာမျိုးထက် စနစ်တကျ လုပ်သင့်ကြပါကြောင်း မိမိကိုယ်မိမိ သတိပေးစာ ချရေးတာကိုအများဖတ်လို့ရစေရန် publish လိုက်ရပါတယ်။

Kyaw Thu Ra
Khit Online General Service
Khit Marketplace
MSU N0 056

Photo credit - https://www.benzcommunications.com

blog_brainstorming_r02_vA-1b.png

H2
H3
H4
3 columns
2 columns
1 column
Join the conversation now