Nicon D80 တွေပေါ်ကာစပေါ့ ဘယ်သွားသွားကင်မရာ ကြီးတလွယ်လွယ် စောင့်ကြွားစောင့်ကြွား တစက်မှအပိုးမကျိုးတဲ့ စတိုင်နဲ့ တွေ့ကရာဖမ်းခဲ့ဖူးတဲ့ဓါတ်များ ခုတော့D80ဆို ဘယ်သူမှစိတ်မဝင်စားကြတော့ပိုပိုကောင်းတဲ့အသစ်အသစ်တွေကနေရာယူလာကြတာနဲ့အမျှ တချိန်တုန်းကအသစ်ဖြစ်ခဲ့ဖူးတဲ့D80လေးကိုမော်ဒယ်အောက်နေပါပြီကွာမကိုင်ပါနဲ့တော့လို့ဘယ်လိုပင်ဆိုကြဆိုကြကိုကတော့ငယ်ချစ်လေးကိုမပစ်ရက်အသစ်သစ်တွေကိုမျက်စောင်းလေးလှည့်ကြည့်မိပေမယ့်ငယ်ချစ်D80လေးကိုပဲရင်ထဲမှာထွေးပွေ့ထားနေမိကွယ်။တကယ်ဆိုရင်ကိုယ်ဟာအစွဲအလမ်းကြီးသူတစ်ယောက်ပါ။
D80ရဲ့lens သေးသေးနဲ့ဟိုးကောင်းကင်ကကျီးကန်းကိုဒီလောက်ထွက်အောင်ရိုက်နိုင်တယ်ဆိုတော့အဲ့တုန်းကကိုယ့်လက်ရာမဆိုးဘူးပေါ့နော်
ချောင်းသာရဲ့ဆည်းဆာ
ကန်သုံးဆင့် ကလေးတွေဓါတ်ဖမ်းတဲ့နေရာမှာ
ဒီပုံလေးကိုလိုချင်လွန်းလို့နေရောင်ကိုစောင့်ပြီးရိုက်ခဲ့ရတဲ့ပုံလေးကိုယ့်အကြိုက်ဆုံး
ဒီနှစ်ပုံကတိုက်တိုက်ဆိုင်ဆိုင် RS Vs FA
ကမ်းခြေပုံမှာလဲမှီတွဲထားပြီးပင်လယ်ဆည်းဆာကိုခံစားနေတဲ့RS ကိုကြည့်နေတဲ့ FA တစ်ယောက်
ခေါင်မိုးပေါ်ကငှက်ကလေးတွေမှာလဲမှီတွဲထားတဲ့RS ကတတွဲ ကျန်တာကFAတွေငှက်တောင်အတွဲနဲ့ဆိုတော့ ဟီးဟီး