ဝေးခြင်းနီးခြင်းသီအိုရီတွေထဲ
လွမ်းဆွတ်ခြင်းတိမ်တိုက်တွေငွေ့ရည်ဖွဲ့တော့
ရစ်ဝိုင်းနေတဲ့မျက်ရည်ဥလေးတွေကတွဲခို
သံသာချိုတဲ့ဥသြလေးတွေရဲ့တေးသံလဲနားဝင်ပီယံမရှိ
မိုးရေဆွတ်တဲ့ပန်းပွင့်လှလှလေးတွေလဲပသာဒမဖြစ်
နှင်းရေဖြန်းလို့လန်းတဲ့ဆာကူရာလေးတွေလဲရနံ့မဲ့နေ
ချစ်လို့လွမ်းရသတဲ့
မြှားနတ်မောင်ရေ...
မဆုံဆည်းနိုင်တဲ့သူတွေကိုလေ
မင်းဘာလို့များအချစ်မျှားလေးဆူးခဲ့စေရသလဲကွယ်။