မေ့မေ့သွေးတိုးရောဂါနှင့်မဟော်ဂနီအစွမ်းအံ့မခန်း

background photo.jpg
မင်းမင်းရေ နင့်အမေလမ်းထိပ်မှာမူးလဲလို့
ဗျာ အန်တီ
အမြန်သွားဟဲ့
ဟုတ် ဟုတ် အန်တီ
စိုးရိမ်ထိတ်လန့်မှု့နှင့်အတူ အင်္ကျံပင်မ၀တ်ဘဲမင်းမင်းပြေးထွက်လာခဲ့သည်။ လမ်းထိပ်ကိုရောက်တော့ အန်တီမာတို့ အကြော်ဆိုင်မှာလူတွေအုံနေသည်။
ဟော ဟိုမှာမင်းမင်းလာပြီဟေ့ ဟေ့ကောင် မင်းအမေမူးလဲလို့ကွ ဒီမှာကျော်ကြီးကားနဲ့ဆေးရုံသွားအမြန်သွား။ ဟေ့ကောင်တေတက်တက်မြန်မြန်
ဟုတ် ဟုတ်
သူမေကြီးကိုစိတ်ပူနေတာနဲ့ဘာလုပ်ရမှန်းမသိ။ ယောင်တောင်ပေါင်တောင်နှင့် ဦးလေးသက် ပြောတဲ့အတိုင်း ကားပေါ်တက်လိုက်သည်။ ကားပေါ်ထိုင်ပြီးမှ ကြည့်လိုက်တော့မေကြီးကိုမတင်ရသေးတာနဲ့ အောက်ပြန်ဆင်း ရသည်။ အားလုံးဝိုင်းပြီးမေကြီးကိုကားပေါ်မတင်ကာ သူလဲဝင်ထိုင်လိုက်သည်။ မေကြီးခေါင်းလေးကို အသာအယာ ပွေ့ထားရင်း မေကြီးဘာမှမဖြစ်ပါစေနဲ့လို့စိတ်ထဲမှကြိတ်၍ဆုတောင်းနေမိသည်။
မင်းမင်း ပင်လုံကိုပဲမောင်းလိုက်မယ်နော်
ဗျာ ဟုတ် ကိုကျော်ကြီး
သိပ်လဲစိတ်မပူပါနဲ့ညီရယ် မင်းအမေပြန်ကောင်းသွားမှာပါကွ သွေးတိုးရှိလားမင်းအမေမှာ
ဟုတ်ရှိတယ် ဆေးအမြဲသောက်နေရတာ
အော် အေးအေး သွေးပေါင်တက်သွားလို့ဖြစ်မယ် မနက်ကဆေးမသောက်ဘူးလားကွ
ကျွန်တော်လဲမသိဘူးကိုကျော်ကြီးရ မေကြီးကသူ့ဟာသူသောက်နေကြဆိုတော့မေးမကြည့်ဖူးဘူး
ပင်လုံးဆေးရုံထဲကိုကားချိုးကွေ့လိုက်တော့ သူစိတ်ပိုလှုပ်ရှားလာသည်။ မေကြီးဘာမှမဖြစ်ပါစေနဲ့ အရှင်ဘုရား။
ဆေးရုံအရေးပေါ်ခန်းတွင်းသို့တွန်းစင်ဖြင့် တင်ခေါ်သွားရင်းဆရာဝန်ကမေးသည်
ဘာဖြစ်တာလဲ
မူးလဲလို့ဆရာ
သွေးတိုး ဆီးချို ရှိလား
သွေးတိုးရှိတယ်
ဆေးနေ့တိုင်းသောက်ရတယ်
ဒီနေ့ရောသောက်ပြီးပြီလား
ကျွန်တော်မသိဘူးဆရာ ဟုဖြေလိုက်ရင်းမင်းမင်းအသံမှာတိမ်ဝင်သွားခဲ့သည်။ မေကြီးဆေးသောက်ပြီးပြီးလား ဟုသူဘယ်တော့မှ မေးမကြည့်ဘူး ။ ကျမလိုဖြစ်လာတဲ့မျက်ရည်ကို ထိန်းရင်းမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ဆရာ BP 190 120
သူနာပြုဆရာမလေးရဲ့အသံနှင့်အတူ ဆရာဝန်တွေပျာယာခတ်သွားသည်။ ကျွန်တော့်ကိုလဲအပြင်ထွက်ခိုင်း သည်နှင့် ထွက်လာခဲ့ရသည်။ ခန်းစီးလေးဟပြီး အတွင်းသို့ချောင်းကြည့်နေရင်းမျက်ရည်ကကျလာသည်။ နှလုံးစက်မှအသံကိုကြားနေရသည်။ ကိုကျော်ကြီး ပခုံးကိုလာကိုင်ရင်း အအေးတစ်ဘူးပေးသည်။ ခေါင်းခါလိုက်ရင်းကျေးဇူးတင်ကြောင်းပြောလိုက်သည်။ လာပါကွာ မင်းဒီမှာရပ်နေလဲအပိုပဲ လာခုံမှာ ခနသွား ထိုင်ရအောင် ကိုကျော်ကြီးကိုအားနာတာနှင့် ခုံမှာထိုင်စောင့်နေရသည်။ အချိန်တွေကုန်တာကြာနေသလိုပင်။ အခန်းထဲမှ ဆရာဝန်ထွက်လာသည်နှင့် အပြေးထသွားရင်း
ဆရာ
ကျွန်တော့်အမေ သတိရပြီလား
ဟုတ်ကဲ့ သတိရပါပြီ
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာရယ်
ဆရာဝန်ကပြုံးပြရင်း ဟုတ်ကဲ့ပါဗျာ
ကန့်လန့်ကာကာထားတဲ့အခန်းလေးထဲသို့ မင်းမင်းဝင်တော့ မေကြီး ကောင်းကောင်းသတိရနေပြီ ။ သူနာပြုဆရာမလေးမှ
ဆေးရုံတင်ဖို့တော့မလိုပါဘူးရှင့် စိတ်ချရအောင်နောက်တစ်နာရီလောက်နေပြီးမှဆင်းပါနော်။
ဟုတ်ကဲ့ပါခင်ဗျ
ကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ရှင့် အန်တီလေဖြတ်မသွားတာသိပ်ကံကောင်းတယ် ဆေးရုံအရောက်နောက်ကျရင်လေဖြတ်သွားနိုင် တယ်ရှင့် နောက်ကျရင်ဆေးမှန်မှန်သောက်နော်အန်တီ သွေးတိုးစာတွေလဲမစားနဲ့
ဟုတ်ကဲ့ပါဆရာမလေးရယ်
နေ့လည်က ငပိရည်နဲ့တို့စရာ စားမိတာ ဆေးကလဲကုန်နေတော့မသောက်ဖြစ်ဘူး အဲ့ဒါခေါင်းထဲက လေးတေး လေးတေးဖြစ်လာတာနဲ့ ဆေးသွားဝယ်တာ လမ်းထိပ်လဲရောက်ရော ဘယ်လိုဖြစ်သွားတယ်မသိလိုက်ပါ ဘူး။
ဟုတ်ကဲ့ပါအန်တီ နောက်ဆိုသတိထားပေါ့ ကိုယ့်ကိုယ်ကိုမသင်္ကာရင်မပြင်မထွက်နဲ့ အိမ်သားတယောက်ယောက် ကိုဝယ်ခိုင်းပေါ့
ဟုတ်ကဲ့
မေကြီးကလဲသားကိုတော့ဘာမှမပြောဘူး နေမကောင်းရင်လဲ ပြောပေါ့ ခုတော့..
အေးပါသားရယ် မေကြီးဘာမှမဖြစ်ပါဘူး
အန်တီရေ ဖြစ်လို့လဲမဖြစ်ဘူးဗျ ခုတောင်ဒီကောင်မျက်နှာဇီးရွက်လောက်ဖြစ်နေတာ ဟုကိုကျော်ကြီးမှဝင်ပြောရင်းရီလေသည်
သူရှက်ရယ်ရယ်ရင်း ကိုကျော်ကြီး ခနထပ်စောင့်ပေးနော် တစ်နာရီလောက်နေရင်ဆင်းလို့ရပြီတဲ့
အေးပါကွာ ရတယ် အေးဆေး
ဟုတ် ကျေးဇူး
ဒီလိုနှင့် နောက်တစ်နာရီလောက်ထပ်နေပြီး ကိုကျော်ကြီးကားနဲ့ပဲပြန်လာခဲ့သည်။ အိမ်ပြန်ရောက်ပြီးတော့ လမ်းထဲမှ လူတွေသတင်းလာမေးကြသည်ကိုမေကြီးမှပြန်ပြောပြနေရင်းအန်တီမာတို့ဦးသက်တို့နှင့်မေကြီး ကိုဆေးရုံပို့ဖို့ဝိုင်းလုပ်ပေးကြတဲ့သူတွေရောက်လာကာ မေကြီးကိုသက်သာလားဘာလားမေးပြီး ညနေက ကျွန်တော့် ပုံစံကိုတစ်ယောက်တမျိုးဝိုင်းပြောကြကာ ရယ်ပွဲဖွဲ့နေကြလေသည်။ ကျွန်တော်လဲဘာမှပြန် မပြောနိုင်ဘဲ ရောသာရီနေရလေသည်။
ဒီလိုနှင့် တလလောက်နေတော့ ကျွန်တော်တို့သားအမိ ပုသိမ်မှ အဖွားစီသို့ အလည်ခရီးထွက်လာကြသည်။ မေကြီးဆေးဘူကိုတော့ကျွန်တော်မမေ့အောင်ဆက်ဆက်ယူခဲ့သည်။ မရောက်တာတနှစ်ကြာပြီ ပုသိမ်က အများကြီးပြောင်းလဲသွားသည်။ မြို့စ၀င်သည်နှင့်ကတ္တရာလမ်းတွေကဖြူးနေသည်။ကျယ်လဲကျယ်သွားသည်။ မနှစ်ကလာတုန်းကတောင် ချိုင့်ခွက်တွေနှင့် လမ်းကမကောင်းရတဲ့ထဲကျဉ်းကလဲကျဉ်းသေးသည်။ ခုတော့တခြားစီ။နတ်သမီး ရုပ်တုအ၀ိုင်းကြီးကတော့ယခင်ကအတိုင်းမပြောင်းမလဲ ခန့်ငြားနေဆဲပင်။ ဓါတ်တိုင်ဒီဇိုင်းတွေကတော့လန်းလှသည်။ ကန်သုံးဆင့်ရှေ့ရောက်တော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်ကိုသတိရမိ တော့ ဘာကိုမှန်းမသိလွမ်းမောမိသေးသည်။ အဖွားတို့က ရေကြည်ဦးဘုရားနားမှာဆိုတော့မြို့တဆုံးဝင်ရသည်မို့တခါထဲမြိ့ပတ်ပြီးသား။
အိမ်ရှေ့သို့ကားဆိုက်သည်နှင့်ညီတွေညီမတွေ တပျော်ကြီး ပြေးထွက်လာကြသည်။
ဖွားရေကိုကြီးမင်းမင်းတို့ရောက်ပြီ ဟုဆိုကာ အော်လဲအော်ကားဆီလဲပြေးလာကြနှင့် ဗြောင်းဆန်သွားကြသည်။ အိတ်တွေကိုဝိုင်းဆွဲကြပြီမို့ ကျွန်တော်ကတော့ခြေလွတ်လက်လွတ်နှင့်ပင် ညီတွေညီမတွေ၏ဆွဲခေါ်မှု့နောက် ကောက်ကောက်ပါလေတော့သည်။ အဖွားကို အရင်ဝင်နှုတ်ဆက်ရသည်။ အဖွားကအသက်၉၀ ကျော်ပြီမို့ မျက်လုံးတစ်ဖက်မှာမမြင်ရတော့။ အဖွားရှေ့နားထိတိုးသွားရင်း
အဖွား သားတို့ရောက်ပြီ
IMG_20180513_182347.jpg
မှန်းစမ်း ငါ့မြေး ဟုဆိုကာကျွန်တော့်မျက်နှာကိုလက်ဖြင့်ပွတ်သပ်စမ်းရင်း ရောက်လာကြပြီဟုတ်လား ဟင် ခုတော့ဒီအဖွားကမမြင်တော့ဘူးမြေးရဲ့ ဒီဘက်မျက်လုံးတစ်ဖက်က လုံးဝမမြင်ရတော့ဘူး။ ဒီဘက်ကတော့ နဲနဲမြင်ရသေးတယ် မကောင်းပါဘူး ဟုပြောကာ ငိုလေတော့သည်။ အမေကြီးနှင့် အဒေါ်များမှဝင်၍
အမကတော့လုပ်ပြီ သူ့မြေးကိုတွေ့တာနဲ့ ကလေးခုပဲရောက်တာကိုနားပါစေဦးလား အမရယ် အမမြေးက ဒီတခါ အကြာကြီးနေမှာတဲ့
အေးပါ နင်တို့ကလဲဟဲ့ ငါ့မြေးက ငါချက်ကျွေးတဲ့ဟင်းကိုအရမ်းကြိုက်တာ ခုတော့ခမျာကို ငါချက်မကျွေးနိုင်တော့ဘူး
အဒါပဲ မင်းမင်းရေ နင့်အဖွားက နင်တို့လာမယ်ဆိုလို့ မနက်က နင်ကြိုက်တဲ့ ငါးခူကြော်နှပ် နှပ်ခိုင်းနေတာ နောက်အာလူးလဲသုပ်ခိုင်းတယ် အမလေးသူဝင်မချက်တာဘဲရှိတာ တချိန်လုံးဘယ်လိုလုပ် ဘာလုပ်ဆိုပြီး သူကြီး ပြောနေတာ ငါမှာတမနက်လုံးမီးဖိုချောင်ထဲကမထွက်ရဘူး ဟုအဒေါ်ငယ်မှ ၀င်ပြောကာရယ်လေသည်။
တယောက်တပေါက်နှင့် အဖွားအားဝိုင်းနောက် ကြပြီးနောက်
ကဲ ထမင်းစားချိန်အတော်ပဲဆိုတော့ ထမင်းပွဲပြင်လိုက်တော့မယ် နင်တို့တွေဒီမှာပဲ နင်တို့အစ်ကိုနဲ့စုစားကြမှာ မဟုတ်လား သွားဟင်းတွေထမင်းတွေပြန်ယူကြ တီလေးပြောသည်ကိုစားမှာပေါ့ တီလေးရဲ့ ဟု တညီတညွတ်ထဲထောက်ခံကြပြီး ကိုကြီး ခနစောင့်နော် ထမင်းသွားခူးလိုက်ဦးမယ် ဆိုကာ အလျိုလျို ထွက်သွားကြလေသည်။ ပုသိမ်ကိုမင်းမင်းချစ်တာ အဲ့ဒါလေးတွေပါသည်။ ခြံကြီးတွေက ဘိုးဘွားပိုင်ခြံတွေမို့ အကျယ်ကြီးတွေ မိသားစုတွေအားလုံးကိုယ့်အစုနဲ့ကိုယ် ခြံတခြံထဲမှာ အိမ်တွေဆောက်နေကြတာမို့ ဥမကွဲ သိုက်မပျက် ပျော်စရာကောင်းလှသည်။ အမေကြီးတို့ မောင်နှမတွေထဲမှာ တရပ်တကျေး ကွဲနေတာဆိုလို့ မေကြီးတစ်ယောက်သာရှိသည်။ ဖေကြီးနှင့်အိမ်ထောင်ကြပြီး ရန်ကုန်မှာလိုက်နေခဲ့တဲ့မေကြီးက ကျွန်တော်ခပ်ငယ်ငယ် ဖေကြီးဆုံးသွားသော်လည်း ရန်ကုန်မှာပင်ဆက်နေခဲ့တာဆိုတော့ တစ်နှစ်နေမှ တစ်ခါတွေ့ရသည်မို့ ကျွန်တော်တို့လာပြီဆိုလျှင်အားလုံးက ပျော်ကြသည်။ လိုလေးသေးမရှိ ဖူးဖူးမှုတ်ဂရုစိုက်ကြသည်။
ပုသိမ်ရန်ကုန်လမ်းကို တစ်ယောက်ထဲမနားတမ်းမောင်းလသည်မို့ ခါးညောင်းနေသည်နှင့် သူတို့ထမင်းဝိုင်းပြင်တာကို ခါးဆန့်ရင်းစောင့်နေလိုက်သည်။တအောင့်ကြာမှ မမလေးနဲ့သားမင်းရေ ထမင်းစား ကြမယ် လာကြတော့ဟေ့ဆိုသည့် တီလေး၏ အသံစူးစူး ထွက်ပေါ်လာသည်နှင့်
ဟုတ်ကဲ့တီလေး လာပြီ ဟုဆိုကာ လှဲနေရာမှထပြီး ထမင်းစားခန်းသို့ ဦးတည်ခဲ့သည်။ မေကြီးကိုကြည့်တော့ မရှိ။
တီလေးကသာအော်နေတာ တီလေးအမက အိမ်ရှေ့မှမရှိဘူး
ကျွန်တော်ပြောသည်ကိုတီလေးမှ ရယ်၍
ဟင်း ဟင်း ဘယ်ရှိမလဲ သားမင်းရဲ့ ဟိုးမှာ ခြံနောက်ကသရက်ပင် နားကိုကြည့်လိုက် တွေ့လားသား
ဘယ်မှာလဲတီလေးရဲ့
ဟိုးမှာလေ ဟိုဘက်နဲနဲတိုးကြည့် အုန်းငုတ်တိုဘက်အခြမ်းမှာ
ဟုတ် တီလေး တွေ့ပြီ မေကြီးကတော့ ရိုးရာမစွန့်ဘူး
စွန့်စရာလားသားရဲ့ ဒီမှာ တီလေးက သားအမေအကြိုက်ကို ရှယ်လုပ်ထားတာ
ဘာတွေလဲတီလေးရ
ကိုကြီးရေ လာဝိုင်းသယ်ပါဦး
နောက်ဖေးပေါက်မှ ညီမတသိုက်၏အော်သံကြောင့် အေးအေး ဟုဆိုကာ သွားကူသယ်သည်နှင့်တီလေးနှင့်စကားစပြတ်သွားရလေသည်။
နာနာမတွေ ငါ့မြေးကို ဘာတွေခိုင်းနေကြတာတုန်း ထမင်းဝိုင်းကို အိမ်ရှေ့က မသယ်ဘဲ နောက်ဖေးက သယ်နေတာလား ဟမ် ဟိုကြီးကောင်ကြီးမားတွေကရော ဘာမှမပြောကြဘူး ဟုတ်လား အရှေ့ဘက်ကလာခဲ့ကြ
အေးပါ အမရယ် ကဲ နာနာမတွေ ကြားကြတယ်နော် သွးကြရှေ့ထိ
ဟွန်း….တီလေးကလဲ အိမ်ရှေ့ထိအဝေးကြီးပတ်သွားရအုန်းမှာ ဒီမှာရောက်နေပြီဟာ
ဟုတ်တယ်နောက်ဖေးပေါက်ကနေမတင်ကောင်းဘူး သွားလိုက်ပါ ဘယ်လောက်မှမဝေးဘူး ဒီမှနင်တို့ကိုကြီး ကူသယ်ပေးလိမ့်မယ်
အေးပါဟ လာပါအရှေ့ကပဲသွားရအောင်ငါပါလိုက်ခဲ့မယ် နာနာမတွေ ဟုရယ်ကျဲကျဲစတော့
ဟာ ကိုကြီးနော် ဘာနာနာမတွေလဲ
ဟားဟား
အိမ်ရှေ့မှတကွေ့တပတ်ကြီး ပြန်ပတ်ပြီးနောက်ထမင်းဝိုင်းမှာလူစုံတော့မှ တီလေးမှ ထူးရှယ် ဟင်းဟုဆိုကာ ငါးငပိချက်တဇလုံကြီးကို တို့စရာအစုံနှင့် ချလာသည်။ ထိုဇလုံကြီးကို ကြည့်ကာ ကျွန်တော်မျက်လုံးပြူးသွားသည်။ တီလေးမှ ၀ိုင်းအလယ်သို့ရောက်အောင် ငပိချက်ဇလုံကိုေ၇ွှ့ရင်း
မမလေးအကြိုက် ငါးနိုင်းချင်းနဲ့ ဘဲဥပြုတ် ပါစိပ်ထည့်ပြီး နံနံပင် များများအုပ်ထားတာ
နင့်ဟင်းကမြင်ရတာနဲ့တင်သရေကျလာပြီ။ အနံ့လေးကလဲ မွှေးနေတာပဲ ငါ့ဒါမျိုးမစားရတာကြာပြီ
စား စားမမလေး
ဟုတ်ပါ့တီလေးရယ် တီလေးငပိချက်ကရှယ်ပဲ
အော်ရှယ်ပါဆို
သူတို့တွေဝိုင်းရှယ်နေကြပေမယ့် ကျွန်တော့်မှာတော့မရှယ်နိုင် လွန်ခဲ့တဲ့တလကျော်က အဖြစ်ကိုမမေ့နိုင်သေး
မေကြီး မစားရဘူးနော်
ဘာမှမဖြစ်ဘူး တခါတလေစားတာ
ဘာမှမဖြစ်ဘူးမလုပ်နဲ့ ဟိုတခါလဲကံကောင်းလို့ဆေးရုံအရာက်မြန်လို့ မစားနဲ့ မေကြီး တီလေးလဲသား မေကြီးကိုချစ်ရင် အဲ့ငပိချက်မကျွေးနဲ့
ဆူဆူညံညံနှင့်ပျော်ရွှင်စရာအချိန်က ရုတ်တရတ် ချုပ်ငြိမ်းသွားပြီး အားလုံးငြိမ်ကုန်ကြသည်။
နေပါဦး ဘာဖြစ်လို့လဲသားမင်းရဲ့ တီလေးတို့ကိုပြောပြပါဦး သားကမကျွေးနဲ့ဆိုရင်လဲ တီလေးမကျွေးပါဘူး တီလေးကမမလေးကြိုက်တက်တဲ့ဟာမို့ တကူးတကချက်ထားတာ လွန်ခဲ့တဲ့တလက ဘာဖြစ်လို့လဲသား
ဟုတ်ကဲ့ပါတီလေးတီလေးစေတနာကိုနားလည်ပါတယ်
ဒီကိုမလာခင်တလလောက်က မေကြီးသွေးပေါင်တွေတက်ပြီး လမ်းထိပ်မှာမူးလဲတာ ကံကောင်းလို့ဆေးရုံ အရောက်မြန်လို့ ဆရာဝန်က ပြောထားတယ် လုံးဝမစားရဘူးတဲ့ ဦးနှောက်သွေးကြောပြတ်သွားတာတို့ လေဖြတ်တာတို့ ဖြစ်သွားနိုင်တယ်တဲ့ အဲ့ဒါကြောင့် သားခုလိုမကျွေးခိုင်းတာပါ သားမှာဒီအမေတစ်ယောက်ပဲ ရှိတာ သားမေကြီး တခုခုဖြစ်မှာကို သားလက်မခံနိုင်ဘူး ခုလဲဆေးအမြဲသောက်နေရတာ
အိုး ဟယ် အဲ့လောက်ထိဖြစ်သွားတာကို ငါတို့ကိုတချက်မပြောဘူး နင်တို့တွေက နေစိမ့်တယ် တကယ်ပဲဟဲ့
မမလေးကသွေးပေါင်တက်တာများ အင်္ဂလိပ်ဆေးစားနေစရာမလိုဘူး ခနစောင့် ကျွန်မ ပြမယ် ဟုဆိုကာထွက်သွားလေသည်။ တအောင့်ကြာတော့မှဘူးသီးအသေးအနေအသီးတစ်ခုကိုကိုင်ပြီး ပြန်ရောက်လာကာ IMG_20180513_184028-1.jpgကဲ ဒီမှာသွေးတိုးရှိလို့ကတော့ငါလာနင်သွားပဲ
ဘာတွေလဲတီလေးရဲ့
ဒါမဟော်ဂနီ အစေ့လေ သားမင်းရဲ့
သွေးပေါင်အတွက်အရမ်းကောင်းတာ
စိတ်ချ ငပိရည်ကြိုက်သလောက်သာစား နင့်အမေဘာမှမဖြစ်စေရဘူး ငါ့အသက်နဲ့အာမခံတယ်
တီလေးကလဲ ဒါအလောင်းအစားလုပ်ရမယ့်ဟာမဟုတ်ဘူး
စကားအဖြစ်ပြောတာပါဟယ် နင့်ကိုစိတ်သာချလို့ပြောတာ တီလေးပြောတာမယုံရင် သားမင်း အဖွားကို သွားမေးကြည့်ပါလား တီလေးလဲ အရင်ကသွေးပေါင်အရမ်းတက်တာ တော်ကြာနေရင်း ခေါင်းကြီးအုံနေလို့ ဇက်ကြောထိုးလို့ မူးလို့ ခနခနဖြစ်တာ ဆေးခန်းသွားတိုင်းသွေးပေါင်က 150ကမဆင်းဘူး အဲ့ဒါ တရက် သားမင်းအဖွားက သွားးခူးခိုင်းပြီးတိုက်တာနဲ့သောက်လိုက်တာ ခုဆိုဘာပဲစားစား အရင်လိုသွေးမတိုးတော့ဘူး။ တခုခုစားပြီးရင် ဒါလေးသောက်လိုက်ရုံပဲ သားမင်းအမေကလဲ တီလေးအမအရင်းပါတော်
ဟုတ်ကဲ့ပါတီလေးရယ် တီလေးစေတနာကိုစော်ကားတာမဟုတ်ပါဘူး
သားစိုးရိမ်လို့ပါ
အော် သားရယ် သားစိုးရိမ်တယ်ဆိုတာတီလေးနာလည်ပါတယ် ဒါပေမယ့် ဘာမှမစိုးရိမ်နဲ့ တီလေးကိုယုံ စိတ်သာချ
ဟုတ်ကဲ့ပါ
မမလေးစိတ်ကြိုက်သာစား
အားပေးတဲ့သူကလဲအားပေးသည်. စားတဲ့သူကလဲစားသည်. ကျွန်တော်မှာရင်တထိတ်ထိတ်နဲ့သာ ကြည့်နေရသည်။ တခုခုဆိုဆေးရုံအမြန်ဆုံးသွားလို့ရအောင်သာ စိတ်ထဲမှာလမ်းကြောင်းရှာထားနေသည်။ အားလုံးစားသောက်ပြီးစီးကြ၍ သိမ်းဆည်းပြီး အိမ်ရှေ့ရောက်တော့ တီလေးမှ ရေတစ်ခွက်နှင့် ဖြူဖြူအပြားလေးတပြား ယူလာပြီး
မမလေး ဒါလေးသောက်လိုက် ဟုဆိုကာလာတိုက်သည်။ ခါးတယ်နော် လျှာမထိအာမထိသာမျိုချ
အေးအေး
မေကြီးသောက်တာကိုအမှတ်တမဲ့ကြည့်နေရင်းသူစိတ်ထဲမှစိုးရိမ်မှု့ဒီရေကလဲတရိပ်ရိပ်တက်နေဆဲပင်။ သက်ပြင်းခါခါချရင်း မေကြီးကိုသတိထားစောင့်ကြည့်နေမိသည်။ တစ်နာရီ နှစ်နာရီ သုံးနာရီ အချိန်တွေသာ တဖြည်းဖြည်း ကုန်သွားသည်။ မေကြီးကတော့ သူ့အမတွေညီမတွေနှင့် ရယ်ရယ်မောမော ပြောလို့ဆိုလို့ ပြုံးလို့ ရွှင်လို့ ။ နဲနဲတော့စိတ်ထဲအေးလာသည်။ ဒုံးဒုံးတော့မချနိုင်သေးသည်မို့ မေကြီးနားမှမခွာရဲသေးပေ။မေကြီးက သတိထားမိဟန်တူသည်။
အငယ်မ နင်ငါ့ကိုတိုက်တာ ဘာဆေးလဲဟဲ့ နင့်ဆေးကတော်တော်ကောင်းတယ်သိလား ငါခုထိအေးဆေးပဲ ဒီနေ့စားပုံမျိုးနဲ့ အရင်လိုသာဆိုရင် ခုချိန်လောက်ဆိုရင် ခေါင်းမထူနိုင်တော့ဘူး ဆေးသောက်တာတောင်မရဘူး
အဲ့ဒါ မဟော်ဂနီ အစေ့လေမမလေးရဲ့ ကျမလဲအစကမသိဘူး အမတိုက်လို့သောက်ရင်းနဲ့မှ သိသွားတာ ခုတော့ဘာဆေးမှဆောင်မနေတော့ဘူး စားချင်တာလဲစားတာပဲ ပြီးရင်ဒါလေးတစ်စေ့လောက်သောက်လိုက်တယ် သွေးပေါင်တော့တကယ်ကောင်းတာနော်
အေးဟဲ့ ငါတို့ပြန်ရင်နဲနဲလောက်ခူးထည့်ပေးလိုက်စမ်းပါ
စိတ်ချနဲနဲမဟုတ်ဘူး အများကြီးကိုခူးပေးလိုက်မှာ
မေကြီးတို့ အပြန်အလှန်ပြောနေကြသည်ကိုနားထောင်နေရင်း သွက်လက်ပေါ့ပါးနေသည့် မေကြီးကိုမြင်နေရ သောကြောင့် မင်းမင်းတစ်ယောက်ခုမှပင် ရင်ထဲမှ အလုံးကြီးကျ၍ စိတ်လက်ချမ်းသာစွာဖြင့် တရေးမော စိတ်ချလက်ချ အိပ်ပစ်လိုက်သည်။ မဟော်ဂနီစွမ်းဖြင့် ထင်တိုင်းကြဲတော့မည့် အမေကြီးကိုမြင်ယောင် ရင်း ပြုံးပြုံးကြီးအိပ်ပျော်သွားလေတော့သည်။
IMG_20180513_184041.jpg
IMG_20180513_184142.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center